Healthy Life Ad
Life Style

ဆံပင်သန်စွမ်းစေမည့် အိန္ဒိယနိုင်ငံ၏ လျှို ့ဝှက်ချက် ၇ ရပ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဆံပင်ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ အိန္ဒိယနိုင်ငံမှ စုရှိမိတာအမည်ရှိ ဘလော်ကာတစ်ဦးက သူ့ဆံပင်တွေ သန်စွမ်းရတာဟာ အိန္ဒိယနိုင်ငံရဲ ့ ဆံပင်ထိန်းသိမ်းနည်း လျှို ့ဝှက်ချက် ၇ ရပ်ကို အသုံးပြုတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဆံပင်ရှည်ပြီး သန်စွမ်းတဲ့ အလှတရားရရှိစေမယ့် လျှို ့ဝှက်ချက်တွေကို မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-61333
လျှို ့ဝှက်ချက် (၁) ရှားစောင်းလက်ပပ် အနှစ်ရည်သုံးခြင်း

ရှားစောင်းလက်ပပ်အနှစ်က ဆံပင်သားသန်စွမ်းစေပြီး ဦးရေပြားကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။

အဆင့် (၁) ရှားစောင်းလက်ပပ် အရွက်အနည်းငယ်ကို ဖြတ်လိုက်ပါ။

အဆင့် (၂) ထက်ပိုင်းချိုးပြီး အရည်ထွက်အောင် ညှစ်ပေးပါ။

အဆင့် (၃) ရှားစောင်းလက်ပပ်အရည်ကို ဆံပင်အရင်းမှာ သုတ်လိမ်းပြီး နှိပ်ပေးပါ။ နှိပ်နယ်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းစေပြီး ဦးရေပြားထဲ စိမ့်ဝင်ရောက်ရှိမှု အားကောင်းစေပါတယ်။

အဆင့် (၄) အနည်းဆုံး အချိန်နှစ်နာရီခန့်ထားပြီးမှ ရေနဲ့ဆေးပေးပါ။ တကယ်လို့ သင်လုပ်နိုင်ရင် တစ်ညတာထားပြီး ခေါင်းလျှော်ပေးပါ။

alignnone size-medium wp-image-61335
လျှို ့ဝှက်ချက် (၂) ဆံပင်ပေါင်းတင်ဆေး လိမ်းပါ

D-pahthenol ဆိုတာ လူလုပ်ဗီတာမင်ဘီ-၅ ဖြစ်ပြီး အရေပြားထဲကို ရောက်တဲ့အခါ ပန်တိုသီးနစ်အက်စစ်အဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီဓာတ်က ဦးရေပြားအလွှာအခြေအနေကို ပုံမှန်ဖြစ်စေပြီး ဆံချည်မျှင်အိတ်တွေကို အားကောင်းစေပါတယ်၊ ဆံပင်မကျွတ်အောင် ကာကွယ်ပေးပါတယ်။

အဆင့် (၁) ခါတိုင်းလို ခေါင်းလျှော်ပါ။

အဆင့် (၂) ပန်သီနောပါတဲ့ ခေါင်းလျှော်ရည်ကို ဆံပင်သားမှာလိမ်းပြီး ဆံပင်အရင်းတွေကို အလေးထားလိမ်းပေးပါ။

အဆင့် (၃) ဆံပင်အရှည်ရှိသလောက် ပန်သီနောကို လိမ်းပေးရင်ဆံပင် သားချောမွေ့စေပါတယ်။

alignnone size-medium wp-image-61336
လျှို ့ဝှက်ချက် (၃) ခေါင်းလျှော်ပြီး ဦးရေပြားကို ရေအေးလောင်းချပါ

ဒါကို အကျင့်တစ်ခုလို လုပ်ပေးပါ။ ခေါင်းလျှော်ပြီး နောက်ဆုံးအချိန်မှာ ရေအေးလောင်းချလိုက်တာက ဆံချည်မျှင်အိတ်တွေကို ပိတ်သွားစေပြီး သွေးလှည့်ပတ်မှုကောင်းစေကာ ဆံပင်သန်စွမ်းမှုကို မြန်စေပါတယ်။ ပြီးရင် ဆံပင်က သိသိသာသာ တောက်ပလာမှာပါ။

အဆင့် (၁) ဆံပင်ကို ခါတိုင်းလို လျှော်ပါ။

အဆင့် (၂) ကွန်ဒီရှင်နာလိမ်းပြီးချိန်မှာ ဆံပင်ကို ရေအေးနဲ့ လျှော်လိုက်ပါ။

alignnone size-medium wp-image-61338
လျှို ့ဝှက်ချက် (၄) ဆံပင်သားအနှံ့ ရှလကာရည်လိမ်းပါ

တစ်လမှာ နှစ်ကြိမ်လောက် လုပ်ပေးရင် လုံလောက်ပါတယ်။ ရှလကာရည်က ဆံချည်မျှင်အိတ်တွေကို လှုံ့ဆော်ပေးပြီး ဆံပင်သန်စွမ်းစေပါတယ်။

အဆင့် (၁) ခေါင်းလျှော်ပေးပါ။

အဆင့် (၂) ဆံပင်ကွန်ဒီရှင်နာအစား ပန်းသီးရှလကာရည် လိမ်းပါ။

အဆင့် (၃) ရေဆေးမချရပါဘူး။ ဆံပင်မှာ အနံ့ပြင်းပြင်းစွဲစေမယ့် ဝိုင်ရှာကာရည်ကို မသုံးပါနဲ့။

alignnone size-medium wp-image-61339
လျှို ့ဝှက်ချက် (၅) ပရိုတင်းပါတဲ့ ပေါင်းတင်ဆေးနဲ့ ပေါင်းတင်ပါ

ဆံပင်ကို ပရိုတင်းနဲ့ အားဖြည့်ပေးဖို့ လိုပါတယ်။

အဆင့် (၁) ကြက်ဥနှစ်လုံးကို ယူပါ။ (ကြက်ဥတွေကို အခန်းအပူချိန်မှာ ထားထားရပါမယ်)

အဆင့် (၂) ကြက်ဥအကာချည်းခွဲယူပါ။ အမြှုပ်ထအောင်မွှေပြီး ဆံပင်အရင်းမှာ သုတ်လိမ်းပေးပါ။

အဆင့် (၁) ပိုကောင်းတဲ့အာနိသင်ရအောင် ခေါင်းစွပ်နဲ့အုပ်ထားပါ။

alignnone size-medium wp-image-61340
လျှို ့ဝှက်ချက် (၆) ကြက်ဥပေါင်းတင်နည်း သုံးပါ

ကြက်ဥတွေမှာ ပရိုတင်းဓာတ် အပြည့်ပါတဲ့အပြင် တန်နင်ဓာတ်ပါတာကြောင့် ဆံပင်ထူစေ၊ ဆံပင်သန်စွမ်းစေပါတယ်။

အဆင့် (၁) ကြက်ဥနှစ်လုံးယူပြီး ခေါက်ပါ။

အဆင့် (၂) သံလွင်ဆီနည်းနည်းထည့်ပါ။

အဆင့် (၃) ခက်ရင်းတစ်ချောင်းနဲ့ သမအောင်မွှေပြီး ဆံပင်အရင်းနေရာကနေ အဖျားအထိ လိမ်းပေးပါ။ ဆံပင်သန်စွမ်း နူးညံ့စေပါတယ်။

alignnone size-medium wp-image-61341
လျှို ့ဝှက်ချက် (၇) မရှိမဖြစ်ဆီလိမ်းပါ

ဂျိုဂျိုးဘားဆီ၊ လာဗန်ဒါဆီ၊ ရို့စ်မေရီဆီ၊ စမုံစပါးဆီတွေက ဆံချည်မျှင်အိတ်တွေကို ဗီတာမင်မဲ့ ဆေးဖက်ဝင်ဒြပ်ပေါင်းတွေ ရရှိစေပါတယ်။

အဆင့် (၁) အထက်မှာဖော်ပြထားတဲ့ မရှိမဖြစ်ဆီတွေကို အနည်းငယ်စီရောပါ။

အဆင့် (၂) ဆံပင်အရင်းမှာ လိမ်းပြီး အချိန် ၂-၃ နာရီကြာ စောင့်ပါ။

အဆင့် (၃) ပုံမှန်ခေါင်းလျှော်ရည်နဲ့ နှစ်ကြိမ်ခေါင်းလျှော်ပါ။

Most Popular

Healthy Life Ad
To Top