Healthy Life Ad
Health Tips

မစားသင့်တဲ့အချိန်မှာစားမိရင် ဆိုးကျိုးပေးနိုင်တဲ့ အစားအသောက် ၁၂ မျို

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဒီနေ့ခေတ်မှာ အမေရိကန်ရှိ ပျမ်းမျှလူတစ်ဦးက ဟိုးအရင်ဆယ်စုနှစ်တွေနဲ့ယှဉ်ရင် ကယ်လိုရီ ၂၀ ရာခိုင်နှုန်း ပိုစားသုံးလာတယ်လို့ လေ့လာမှုအရ သိရပါတယ်။ သူတို့အစားအသောက်ကို သိပ်သတိထားပါတယ်ဆိုတဲ့ လူတွေတောင် ကျန်းမာရေးနဲ့အညီ စားသောက်နည်းစည်းမျဉ်းကို အလွယ်တကူ မလိုက်နာဖြစ်ပါဘူးတဲ့။ အခုဖော်ပြမယ့်အကြောင်းတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေကပဲ စားသင့်တဲ့အချိန်မဟုတ်ဘဲ မစားသင့်တဲ့အချိန်မှာ စားမိတဲ့အတွက် ဆိုးကျိုးပေးနိုင်တယ်ဆိုတာကို ဖော်ပြထားတာပါ။

alignnone size-medium wp-image-61241
(၁) ငှက်ပျောသီး

ငှက်ပျောသီးကို မနက်ခင်းမှာ စတင်စားသင့်တယ်လို့ ဆိုကြပေမယ့် ဗိုက်ထဲအစာမရှိချိန်မှာ ငှက်ပျောသီးစားလိုက်ရင် စွမ်းအင်အဆင့် လျော့ကျစေပါတယ်။ ငှက်ပျောသီးစားပြီးပြီးချင်းမှာတော့ သကြားဓာတ်ပါဝင်မှုများတဲ့အတွက် စွမ်းအင်တိုးသလို ခံစားရပေမယ့် အချိန် ၂ နာရီကြာပြီးချိန်မှာ မောပန်းတာနဲ့ ဗိုက်ဆာတာတို့ ဖြစ်တတ်ပါတယ်။ ငှက်ပျောသီးစားတာက ဝမ်းပျက်လိုက်/ ဝမ်းချုပ်လိုက် တလှည့်စီဖြစ်တတ်တဲ့ ဝေဒနာရှင်တွေမှာ ဝမ်းလျှောစေနိုင်ပါတယ်။ မနက်စာအနေနဲ့ ငှက်ပျောသီးစားချင်ရင် တခြားအစာတမျိုးနဲ့ တွဲစားပါ၊ အထူးသဖြင့် မြေပဲထောပတ်လို အဆီကောင်းနဲ့တွဲစားပါ။ ဒါမှမဟုတ် မနက် ၁၀ နာရီမှာ စားပေးပါ။

alignnone size-medium wp-image-61242
(၂) ကော်ဖီ

လူအများစုက မနက်အိပ်ရာနိုးနိုးချင်း ကော်ဖီတစ်ခွက်သောက်တာ သဘာဝပါ။ ဒါပေမဲ့ ဒါက တကယ်တမ်းမှာ အကျိုးမရှိပါဘူး။ အစာမစားခင် ကော်ဖီသောက်တာက ကဖင်းဓာတ်ကို ခံနိုင်ရည်တိုးစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အိပ်ရာနိုးပြီး တစ်နာရီအတွင်း ခန္ဓာကိုယ်က ကော်တီစောဟော်မုန်းထွက်ရှိပြီး အဲဒီဓာတ်က ခန္ဓာကိုယ်ရဲ ့ သဘာဝဇီဝနရီကို ဟန့်တားစေပါတယ်။ ဒါကြောင့် ကော်ဖီကို အိပ်ရာနိုးနိုးချင်းမသောက်ဘဲ မနက်စာစားရင်း သောက်သင့်ပါတယ်။

alignnone size-medium wp-image-61243
(၃) ထမင်း

အလုပ်တွေအကြာကြီးလုပ်ပြီးချိန်မှာ ဆူရှီစားတာ၊ အိန္ဒိယအစားအစာစားတာတို့ လုပ်တာက အကောင်းဆုံးရွေးချယ်မှု မဟုတ်ပါဘူး။ ထမင်းမှာ ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တာကြောင့် အစာကြေဖို့ ခက်ပါတယ်။ ညဘက်မှာ ထမင်းများများစားတာက ကိုယ်အလေးချိန်မြင့်တက်မှုကို ဖြစ်စေနိုင်ပါတယ်။ နေ့လယ်စာစားချိန်မှာ ညစာစားချိန်ထက် ထမင်းကိုပိုထည့်စားပေးပါ။ ဒီအချိန်အတွင်း ခန္ဓာကိုယ်ရဲ ့ ဇီဝကမ္မဖြစ်ပျက်မှုက အကောင်းဆုံးဖြစ်ပြီး အစာကြေလွယ်ပါတယ်။ စွမ်းအင်အဆင့်တိုးပြီး အလုပ်တွင်စေပါလိမ့်မယ်။

alignnone size-medium wp-image-61244
(၄) သကြား

ပြုပြင်ထားတဲ့သကြားတွေကို မစားဘဲနေသင့်ပါတယ်။ လူတွေလုပ်နေကျအမှားက သကြားပါဝင်မှုများတဲ့ အချိုစာတွေကို သရေစာအဖြစ် စားတာပဲဖြစ်ပါတယ်။ အဲဒီနည်းက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး မောပန်းတာနဲ့ နုံးတာကို ဖြစ်စေနိုင်ပါတယ်။ သကြားပါတဲ့မုန့်တွေကို စားချင်စိတ်ဖြစ်လာရင် နံနက်စာ၊ နေ့လယ်စာ၊ ညစာစားပြီးချိန်မှာ သရေစာနည်းနည်းစားပေးသင့်ပါတယ်။

alignnone size-medium wp-image-61245
(၅) နို့

တချို ့လူတွေက နေ့တစ်နေ့ကို နို့တစ်ဖန်ခွက်နဲ့ စတင်လေ့ရှိပါတယ်။ အဲဒီအကျင့်က အရွယ်ရောက်ပြီးချိန်မှာ သိပ်မသင့်တော်တော့ပါဘူး။ နွားနို့က ချေဖျက်ဖို့ခက်ခဲတဲ့အတွက် မနက်ခင်းမှာ သောက်တာနဲ့ အစာတွေနဲ့ ရောသောက်တာကြောင့် ရင်ပူတာ၊ ဗိုက်အောင့်တာတို့ ဖြစ်တတ်ပါတယ်။ ညနေခင်းအချိန်က နွားနို့ပူပူတစ်ဖန်ခွက်သောက်သင့်တဲ့ အကောင်းဆုံးအချိန်ပါ။ ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး ညကိုကောင်းကောင်း အိပ်မောကျစေပါတယ်။

alignnone size-medium wp-image-61246
(၆) အသား

အသားမှာ ပရိုတင်းဓာတ်နဲ့ ဗီတာမင်ဘီဓာတ်များများ ပါဝင်ပါတယ်။ ဒါက အစာခြေစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အတွက် ညအိပ်ရာဝင်ခါနီးမှာ အသားကင်တွေစားတာကို ရှောင်သင့်ပါတယ်။ အဆီနည်းအသားကို ညအိပ်ရာဝင်ချိန်မတိုင်ခင် အနည်းဆုံး ၃ နာရီအလိုမှာ စားပေးတာက အကောင်းဆုံးပါ။ တစ်နေ့တာအတွင်း ပရိုတင်းဓာတ်အလုံအလောက်ရရှိအောင် အသားစားသင့်ပါတယ်။

alignnone size-medium wp-image-61247
(၇) အခွံမာအစေ့အဆန်

အခွံမာစေ့တွေက ကောင်းတဲ့အဆီနဲ့ ကယ်လိုရီပါဝင်မှုများတာကြောင့် ညဘက်သရေစာအဖြစ် မစားသင့်ပါဘူး။ များများစားရင် အစာခြေဖျက်ဖို့ အချိန်ယူရတဲ့အတွက် အိပ်ရေးပျက်စေပါတယ်။ အခွံမာစေ့တွေကို နံနက်စာ ဒါမှမဟုတ် ထမင်းစားချိန်တစ်ချိန်နဲ့တစ်ချိန်ကြား သရေစာအဖြစ် စားပေးပါ၊ နှလုံးကျန်းမာရေးကောင်းစေပြီး သွေးတွင်းကိုလက်စထရောအဆင့်ကို ပုံမှန်ဖြစ်စေပါတယ်၊ ကိုယ်အလေးချိန်ကျစေပြီး အသားအရေနဲ့ ဆံကေသာအလှအပကို အားပေးပါတယ်။

alignnone size-medium wp-image-61249
(၈) အဆီများသည့် ဒိန်ခဲ

အိပ်ရာမဝင်ခင် အဆီများတဲ့ဒိန်ခဲကို မစားသင့်ပါဘူး။ အဆီများတဲ့ဒိန်ခဲက အစာကြေဖို့ ခက်ခဲတဲ့အတွက် ညနေခင်းအချိန်၊ အိပ်ခါနီးမှာ စားလိုက်ရင် အစာမကြေဖြစ်ပြီး အိပ်ရေးပျက်စေနိုင်ပါတယ်။ နံနက်စာအဖြစ် ဒိန်ခဲတချို ့စားလိုက်ရင် ကယ်လ်ဆီယမ်ရရှိကာ ကြွက်သားနဲ့ အရိုးကျန်းမာရေးကို အားကောင်းစေပါတယ်။

alignnone size-medium wp-image-61250
(၉) အချဉ်အရသာရှိသည့် သစ်သီးများ

တစ်နေ့တာကို အချဉ်အရသာရှိတဲ့ သစ်သီးဖျော်ရည်တစ်ဖန်ခွက်နဲ့ စတင်တာက ကျန်းမာရေးနဲ့ ညီညွတ်သယောင်ရှိပါတယ်။ ဒါပေမဲ့ အက်စစ်ဓာတ်များလွန်းတဲ့ သစ်သီးဖျော်ရည်သောက်တာက ရင်ပူတာနဲ့ အာဟာရဓာတ်စုပ်ယူမှု နှေးကွေးတာတို့လို ဆိုးကျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် နံနက်စာစားပြီးမှ သစ်သီးဖျော်ရည်သောက်ပေးပါ။

(၁၀) ပဲစေ့

ပဲစေ့တွေမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ညဘက်မှာ ပဲစေ့များများစားရင် လေပွတာနဲ့ အိပ်ရေးပျက်တာတို့ ဖြစ်တတ်ပါတယ်။ ပဲစေ့ကို နေ့လယ်စာမှာပဲ ထည့်စားသင့်ပါတယ်။

(၁၁) ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုများပြီး သဘာဝအက်စစ်ဓာတ် ပါဝင်တာကြောင့် အစာချေဖျက်မှုကောင်းစေပြီး အူမကြီးလုပ်ငန်းဆောင်တာ တိုးတက်စေပါတယ်။ ညနေခင်းမှာ ပန်းသီးစားရင် အစာအိမ်မှာ မသက်မသာဖြစ်စေနိုင်ပါတယ်၊ လေထလေပွတာ ဖြစ်စေနိုင်ပါတယ်။ ပန်းသီးစားသင့်တဲ့ အကောင်းဆုံးအချိန်က မနက်ခင်းဖြစ်ပါတယ်။

(၁၂) ဒိန်ချဉ်

ဗိုက်ထဲအစာမရှိချိန် ဒါမှမဟုတ် ထမင်းမစားခင် ဒိန်ချဉ်သောက်တာကို ရှောင်ပါ။ ဒိန်ချဉ်မှာ လက်တစ်အက်စစ်ပါတာကြောင့် အစာချေဖျက်မှုကို နှေးစေပါတယ်။ ဒိန်ချဉ်ကို ထမင်းစားပြီး အချိန် ၁-၂ နာရီ အတွင်း စားပေးတာက အကောင်းဆုံးအာနိသင်ကို ရရှိစေပါတယ်။ အိပ်ရာမဝင်ခင် ဒိန်ချဉ်နည်းနည်းသောက်ပေးတာကလည်း ခန္ဓာကိုယ်ကို ပရိုတင်းဓာတ်ရရှိစေပြီး ကြွက်သားဖွံ့ဖြိုးစေပါတယ်။

Most Popular

Healthy Life Ad
To Top