Healthy Life Ad
Life Style

ရလဒ်ပြောင်းပြန်ထွက်နိုင်သည့် စိတ်ဖိစီးမှုလျော့ကျရေး နည်းလမ်းများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ ပြန်လည်သက်သာရာရစေဖို့ လူအများလုပ်လေ့ရှိတဲ့ နည်းတွေက စိတ်ဖိစီးမှုကို ပိုတိုးစေကာ ရလဒ်မှားတွေကိုပဲ ရစေတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-61218
ဖေ့စ်ဘွတ်ခ်အသုံးများခြင်း

လုပ်ငန်းခွင်ပရော့ဂျက် လုပ်ဆောင်တာ ဒါမှမဟုတ် အိမ်အလုပ်လုပ်တာတို့ကို ခဏရပ်ပြီး ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်ကို အချိန် ၁၀ မိနစ်လောက်သုံးတာက စိတ်အပန်းပြေစေပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်အသုံးများပြီး အဆိုးမြင်တဲ့ Post တွေနဲ့ မင်္ဂလာမရှိတဲ့သတင်းတွေကို ဖတ်ရှုလွန်းရင်တော့ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ပိုဆိုးစေနိုင်ပါတယ်။ လေ့လာသူတွေက ဖေ့စ်ဘွတ်ခ်အသုံးပြုသူ သန်း ၁၀ဝ ကျော်ရဲ ့ သတင်းတွေကို သုံးနှစ်ကျော်ကြာ လေ့လာခဲ့တဲ့အခါ ဖေ့စ်ဘွတ်ခ်မှာတင်တဲ့ အကြောင်းအရာတွေက ကူးစက်မြန်စေတာကို တွေ ့ရပါတယ်။ ဆိုလိုတာက အဆိုးမြင်တဲ့ အကြောင်းအရာကို တင်လေ့ရှိသူတွေမှာ အဆိုးမြင်တဲ့ သူငယ်ချင်းတွေ များစွာရှိနေတာကို တွေ့ရပါတယ်။ သင့်ဖေ့စ်ဘွခ်သူငယ်ချင်းတွေက ပျော်စရာ၊ တက်ကြွစရာ သတင်းအချက်အလက်တွေကို မျှဝေပေးတယ်ဆိုရင် သင့်စိတ်ခံစားမှုကလည်း ကောင်းမွန်နေပါလိမ့်မယ်။

alignnone size-medium wp-image-61219
တီဗီအကြည့်များခြင်း

တစ်နေ့လုံး စိတ်ဖိစီးမှု များခဲ့ပြီးတဲ့နောက် တီဗီ ဒါမှမဟုတ် ဗီဒီယိုဂိမ်းတွေကို အကြာကြီးကြည့်တာကြောင့် စိတ်ခံစားမှု ပိုကောင်းလာမယ်ထင်ပါသလား။ အလုပ်ပြီးချိန်မှာ ပင်ပန်းနွမ်းနယ်နေတဲ့ သူတွေဟာ တီဗီအကြည့်များတာနဲ့ ဂိမ်းတွေကစားတာကြောင့် ပိုပြီး စွမ်းအင်ကုန်ဆုံးစေတယ်လို့ ဂျာမန်နဲ့ ဒတ်ချ်လေ့လာသူတွေက လတ်တလောမှာ တွေ့ရှိထားပါတယ်။

alignnone size-medium wp-image-61220
အလွန်အမင်း တွေးလွန်းခြင်း

အလုပ်ကိစ္စ အဆင်မပြေတာကိုပဲဖြစ်ဖြစ် အလွန်အမင်း တွေးလွန်းတာကြောင့် အဖြေမထွက်ဘဲ စိတ်ဖိစီးမှု ပိုများလာတတ်ပါတယ်။ အလွန်အမင်း တွေးခေါ်တာက ပြဿနာ ဖြေရှင်းနည်းလို့ လူတွေထင်ပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ စိတ်ဖိစီးမှု လွတ်မြောက်ချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ပါ ဒါမှမဟုတ် တေးဂီတနားဆင်ပါ။

alignnone size-medium wp-image-61221
မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံစကားပြောခြင်း

အမျိုးသမီးတွေအချင်းချင်း ကိုယ့်အခက်အခဲ ပြဿနာတွေ ပြောဆိုကြတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းအဆင့် မြင့်တက်မှုရှိတယ်လို့ အော်ပရာလေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ လူတွေဟာ ပြဿနာပေါင်းစုံ၊ အခက်အခဲမျိုးစုံကြား မပြေလည်မှုတွေ ကြုံရလို့ပဲ ဖြစ်ပါတယ်။

alignnone size-medium wp-image-61222
အိပ်စက်လွန်းခြင်း

စိတ်ဖိစီးမှုများတဲ့အခါ လူအများစုဟာ အိပ်ချိန်ပိုပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အိပ်ရာထဲမှာ အချိန်များများ ကုန်ဆုံးစေတာကြောင့် ပင်ပန်းနွမ်းနယ်မှုကိုသာ ပိုဖြစ်စေနိုင်ပါတယ်။ အိပ်စက်လွန်းတာကြောင့် အာရုံစူးစိုက်နိုင်ဖို့ ပိုမိုခက်ခဲပြီး စိတ်ညစ်ညူးနေတတ်ပါတယ်။

alignnone size-medium wp-image-61223
စိတ်အလိုရှိတိုင်း အစာစားခြင်း

စိတ်ညစ်တဲ့အခါ လက်လှမ်းမီရာ အဆင်သင့်အစာတွေကို စားတာက စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ အစာတွေကို များများစားလေလေ၊ စိတ်ဖိစီးမှုဟော်မုန်းတွေ မြင့်တက်လာလေလေဖြစ်ပြီး အစာကြေညက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ မလိုအပ်ဘဲ စားသုံးတဲ့ ကယ်လိုရီတွေက စွမ်းအင်အဖြစ် အသုံးမပြုဘဲ အဆီအဖြစ် သိုလှောင်နိုင်ခြေ ပိုများသွားပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top