Healthy Life Ad
Health Tips

မှတ်ဉာဏ်ဆုံးရှုံးမှု လျော့ကျစေမည့် နည်းလမ်းကောင်းများ

———၊ ဇွန် ၊———

မှတ်ဉာဏ်ဆုံးရှုံးမှုက လူအများစု ကြောက်ရွံ ့တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ လူနာမည်၊ စကားလုံးတွေ၊ အချက်အလက်တွေနဲ့ မျက်နှာတွေကို လူတွေမေ့လျော့တဲ့အခါ ဘဝမှာ အလွဲလွဲအမှားမှားတွေ ဖြစ်တတ်ပါတယ်။ ဦးနှောက်မှာရှိတဲ့ ဟစ်ပိုကမ်းပက်စ်နေရာဟာ မှတ်ဉာဏ်နဲ့ သင်ယူလေ့လာမှုတို့နဲ့ဆိုင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ နှစ်စဉ် ဦးနှောက်ထုထည် ဝ ဒသမ ၅ ရာခိုင်နှုန်းလောက် ဆုံးရှုံးလာနေပြီး မှတ်ဉာဏ်လျော့နည်းမှုတွေ ဖြစ်လာတတ်ပါတယ်။

ဦးနှောက်ကို စိန်ခေါ်ပါ

ဘာသာစကားအသစ် သင်ယူလေ့လာတာ၊ တေးဂီတတူရိယာတစ်မျိုးကို လေ့လာတာတို့လို ရိုးရာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တာကြောင့် အနည်းဆုံး ရေတိုမှတ်ဉာဏ်ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနှင့်အညီ စားသောက်ပါ

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာနဲ့ ကျန်း မာရေးနဲ့အညီ စားသောက်တာတို့ဟာ သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ လူမှုဘဝမှာ တက်တက်ကြွကြွ နေထိုင်ပြီး အပေါင်းအသင်းဝင်ဆန့်တာကြောင့် ဦးနှောက်နျူရွန်တွေကို ကျန်းမာစေပြီး မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

အိပ်ရေးဝ၀ အိပ်စက်ပါ

ညစဉ် အိပ်ရေးဝ၀ အိပ်စက်တာကြောင့် မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

(Ref;BBC)

Most Popular

Healthy Life Ad
To Top