Healthy Life Ad
Health Tips

သီးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

———၊ လရိပ်မေ ၊———

သီးသီးက လုံးဝိုင်းပြီး သစ်သားရောင်သမ်းနေပါတယ်။ သီးသီးက မာကျောပြီး အပြင်အရောင်မှိုင်းကာ အတွင်းမှာ ညိုရောင်သမ်းတဲ့ အနှစ်ရှိပါတယ်။ သီးသီးမှာ ကျန်းမာရေးအကျိုးကျေးဇူး အများအပြား ရှိတာကြောင့် တန်ဖိုးအရှိဆုံး ဆေးဖက်ဝင်အပင် အမျိုးအစားတစ်မျိုးအဖြစ် အိန္ဒိယမှာ အသုံးများကြပါတယ်။

ဗီတာမင်ပါဝင်မှု

သီးသီးမှာ အောက်ဇဲလ်လစ်၊ မဲလ်လစ်၊ ဆစ်ထရစ်နဲ့ တန်းနစ်အက်စစ်တို့ များစွာပါဝင်ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ကာရိုတင်း၊ သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်နဲ့ နိုင်ယာစင် စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။ သီးသီးမှာပါဝင်တဲ့ ဗီတာမင်ပမာဏဟာ ဆေးဖက်ဝင်အစာအဖြစ် အိန္ဒိယမှာ အသုံးများရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

အစာအိမ်အနာ

သီးသီးအပင်ရဲ ့ အရွက်ဟာ အစာအိမ်အနာ (Peptic Ulcer) ကို သက်သာစေနိုင်ပါတယ်။ သီးသီးအရွက်ကို တစ်ညလုံး ရေထဲစိမ်ထားပြီး နံနက်ခင်းမှာ ရေကိုစစ်ကာ အရွက်ကို စားပေးရမှာ ဖြစ်ပါတယ်။ သီးသီးအနှစ်သားကို စားတာကြောင့် အစာအိမ်အနာကို အနာကျက်စေပြီး နာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

အပူဒဏ်ခံရခြင်း

သီးသီးဟာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ဝေဒနာကိုလည်း သက်သာစေတယ်လို့ အိန္ဒိယမှာ နာမည်ကြီးပါတယ်။ သီးသီးဖျော်ရည်ထဲကို သံပရာရည်လေးစက်ခန့်ထည့်ကာ အပူဒဏ်ခံရသူလူနာအား သုံးရက်ဆက်တိုက် တိုက်ကျွေးလေ့ရှိပါတယ်။

အသက်ရှူလမ်းကြောင်း ဝေဒနာများ

သီးသီးအရွက်ဟာ အအေးမိဝေဒနာနဲ့ တခြားအသက်ရှူလမ်းကြောင်း ဝေဒနာကို ရှောင်လွှဲနိုင်စေရုံသာမက မကြာခဏ ပြန်ဖြစ်တတ်တဲ့ အအေးမိဝေဒနာကိုလည်း သက်သာစေပါတယ်။ သီးသီးကို စားပေးတာက လည်ချောင်းနာတာနဲ့ နာတာရှည်ချောင်းဆိုးဝေဒနာကို သက်သာစေပါတယ်။

ကျောက်ကပ်ကျန်းမာရေး

သီးသီးကို ပုံမှန်စားပေးတာကြောင့် ကျောက်ကပ်ဝေဒနာတွေကို သက်သာစေပါတယ်။ ပုံမှန်စားပေးရင် ဆီးကျောက်တည်တာကို သက်သာစေပါတယ်။ တစ်နေ့ သီးသီးအနှစ်သား ၁၀ဝ ဂရမ်နဲ့ အထက်စားရင် ကျောက်ကပ်ဝေဒနာရှိသူတွေကို သက်သာစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top