Healthy Life Ad
Q & A

စားသောက်ကုန်ကြာရှည်ခံစေမယ့် ဆေး

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. တချို ့စားသောက်ကုန်တွေမှာ ကြာရှည်ခံအောင် formalin ဆေး အသုံးပြုကြတယ်လို့ ကြားဖူးပါတယ်။ အဲဒီဆေးဟာ ဘေးထွက်ဆိုးကျိုး အလွန်များတယ်လို့ သိရပါတယ်။ ကျွန်တော်သိချင်တာက ဘေးထွက်ဆိုးကျိုးနည်းပြီး တခြားအသုံးပြုလို့ရမယ့် ကြာရှည်ခံဆေး ဥပမာ ကြက်ပေါင်းရည်၊ ထိုင်းကလာတဲ့ ငှက်သိုက်ပေါင်းရည်တို့ကို ကြာရှည်ခံထားလို့ရအောင် ဘာဆေးတွေ အသုံးပြုထားသလဲဆိုတာ သိချင်ပါတယ်။

A. အစားအသောက်တွေမှာ ကြာရှည်ခံအောင် သုံးလို့ရတဲ့ တရားဝင်ခွင့်ပြုထားဆေး (Food Preservatives) တွေရှိပါတယ်။ ဥပမာပြောရရင် ပိုတက်ဆီယမ် အိုင်အိုဒိုက်လိုဆေးပါ၊ ဓာတုပစ္စည်းဖြစ်ပေမယ့် ဒါက အစားအသောက်တွေမှာ ကြာရှည်ခံအောင် သုံးလို့ရတဲ့ ဆေးအမျိုးအစားပါ။ အစားအသောက်တွေ ကြာရှည်ခံအောင် ထုပ်ပိုးတဲ့အခါ တရားဝင်ခွင့်ပြုထားတဲ့ ဆိုးဆေးတွေကို သတ်မှတ်ထားတဲ့ ပမာဏအလိုက် ထည့်ရပါတယ်။ အဲဒီလို တရားဝင်ခွင့်ပြုထားတဲ့ ဆိုးဆေးတွေက ဈေးကြီးတဲ့အတွက် ဈေးသက်သာအောင် အလွယ်လိုက်ရင်းနဲ့ စားသောက်ကုန်တွေမှာ မသုံးသင့်တဲ့ ဖော်မလင်လိုဆေးတွေကို သုံးစွဲလာကြတာပဲဖြစ်တယ်။

Most Popular

Healthy Life Ad
To Top