Healthy Life Ad
Health Tips

အိမ်နီးချင်းကောင်းရှိတာက နှလုံးကျန်းမာစေနိုင်

အိမ်နီးချင်းကောင်းရှိတဲ့သူတွေဟာ နှလုံးရောဂါ အမောဖောက်ခြင်း (Heart Attack)ဖြစ်နှုန်း ၂၂ ရာခိုင်နှုန်း လျော့နည်းမှုရှိတယ်လို့ ၂၀၁၄ မီချီဂန်တက္ကသိုလ်ရဲ ့ လူငါးထောင်ကို လေးနှစ်ကျော်ကြာ လေ့လာမှုအရ သိရပါတယ်။ အိမ်နီးချင်းတွေရဲ ့ မကောင်းတဲ့ တုံ့ပြန်မှုကြောင့် သွေးဖိအားမြင့်တက်စေပြီး စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့်တိုးမြင့်ကာ ကျန်းမာရေးအပေါ်မကောင်းတဲ့ သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ အိမ်နီးချင်းကောင်းတွေရှိရင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုရှိတဲ့အတွက် စိတ်ဖိစီးမှုလျော့ပါးကာ ကျန်းမာရေးကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top