Healthy Life Ad
Q & A

အမြင့်ပျံနားများ (Aerotitus)

———၊ ဒေါက်တာတင့်ဆွေ ၊———

Q. ဆရာရှင့် လေယာဉ်စီးတိုင်း နားကိုက်တတ်ပါတယ်။ အရင်ကဆို ပိုဆိုးပါတယ်။ စစီးပြီး သိပ်မကြာခင် နားအတွင်းထဲက ကိုက်ပါတယ်။ နားထဲ နားကြပ်ထည့်ထားပြီး သီချင်းနားထောင်ရင် နည်းနည်းသက်သာသလို ခံစားရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ လေယာဉ်ဆင်းတဲ့အချိန်ဆို အရမ်းကိုက်ပါတယ်။ ကျန်တဲ့အချိန် နားနဲ့ပတ်သက်ပြီး ဘာမှမဖြစ်ပါဘူး။ လေယာဉ်ဆင်းရင် အရမ်းနာလာပြီး ပေါက်များထွက်မလား ထင်ရပါတယ်။ အသက်က ၂၀ ပါ။ သွေးအားတော့နည်းပါတယ်. ၉၀-၆၀ လောက်ပုံမှန်ပါ။

A. သဲထိတ်ရင်ဖို ရုပ်ရှင်ကြည့်ရင် ဒါမှမဟုတ် ဝတ္ထုဖတ်ရင် “ရေထဲမငုပ်ခင် ငါ့နားအသားကျအောင် စောင့်ရအုံးမယ်” ဆိုတာမျိုး ကြားဖူး-ဖတ်ဖူးကြမယ် ထင်တယ်။ လေယာဉ်စီးလို့ဖြစ်တာက ပိုများပါတယ်။ တောင်ပေါ်ခရီး ကားစီး- ကားမောင်းသူတိုင်းလည်း ဖြစ်ကြတယ်။ အထက်ရောက်လေလေ နားထဲမှာ ကလိကလိ-တကျိကျိဖြစ်လာလေ။ အမြင့်တက်ရင် Pop ဖြစ်တာ လူတိုင်းပါ။ ဆင်းတော့လဲ တခါဖြစ်တာပဲ။ အထက်ရောက်ပြီးရင် ပြန်မဆင်းချင်သူတွေမှာ ဒီရောဂါရှိကြပုံ မရဘူးထင်တယ်။

“ခရီးသည်ရော၊ လေယာဉ်မယ်ရော (ပိုင်းလော့) တွေပါ ခံစားကြတာက ‘အမြင့်ပျံ-အနာများ’ ဖြစ်ပါတယ်။ နာတာက နားနဲ့သွားတွေပါ။ လေယာဉ် Cabin ထဲက ဖိအားပြောင်းလာနေလို့ ဖြစ်ပါတယ်။ နားမှာဖြစ်သူ နာရုံမက နားမကြားတော့ဘူး။ အမြင့်ပျံရင်း သွားနာတာကို” . . .

နားထဲမှာ လေဖိအားပြောင်းလာလို့ ဖြစ်ပါတယ်။ နား (၃) ခန်းရှိတာမှာ အလယ်ခန်းက နှာခေါင်းရဲ ့နောက်ဖက်နဲ့ ဆက်နေတယ်။ Eustachian Tube ဆိုတဲ့ ပြွန်လေးနဲ့ပါ။ သူကနေ လေဖိအားကို သမမျှတနေအောင် လုပ်ပေးတဲ့အခါ နားပွင့်သွားတဲ့အသံလေး ကြားရ-သိရတာ ဖြစ်တယ်။ နားအူလာရင် တခုခုကို မျိုချတာနဲ့ click or popping sound ကြားလာတယ်။ လေယာဉ်မယ်တွေဝေတဲ့ ချိုချဉ်-သကြားလုံးကို ဆေးလုံးလို့ မှတ်ယူပါလေ။

ခရီးသည်ရော၊ လေယာဉ်မယ်ရော (ပိုင်းလော့) တွေပါ ခံစားကြတာက “အမြင့်ပျံ-အနာများ” ဖြစ်ပါတယ်။ နာတာက နားနဲ့သွားတွေပါ။ လေယာဉ် Cabin ထဲက ဖိအားပြောင်းလာနေလို့ ဖြစ်ပါတယ်။ နားမှာဖြစ်သူ နာရုံမက နားမကြားတော့ဘူး။ အမြင့်ပျံရင်း သွားနာတာကို Barodontalgia လို့ခေါ်ပါတယ်။ ခရီးသည်တွေထက် (ပိုင်းလော့)တွေမှာ ပိုဖြစ်တယ်။

တချို ့ကအတက်၊ တချို ့အဆင်းမှာ နားနာကြတာကို Aerotitus လို့ခေါ်တယ်။ ၃ ယောက်မှာ ၁ ယောက် ဖြစ်တတ်တယ်။ Eustachian Tube မှာ တခုခုဖြစ်နေသူတွေ ပိုဆိုးမယ်။ ငယ်ကတုံးက နားရောဂါ ရှိခဲ့ဖူးသူတွေမှာ ပိုဖြစ်တတ်တယ်။ Ear infection, Sinus infection ပြောတာပါ။ လေက နားထဲကနေ ပြွန်ကတဆင့် ထွက်လမ်း ကျဉ်း-ပိတ် နေတော့ ဖိအားတွေများလေလေ၊ နာလေလေ ခံစားရတယ်။ အတက်ကြ အပြင်ဘက်၊ အဆင်းမှာ အတွင်းဘက်ကို တွန်းဖိနေတယ်။
ဘာလုပ်ရမလဲ။

နားမကောင်း၊ အလာဂျီရ၊ ဆိုင်းနပ်စ်ဖြစ်နေရင် လေယာဉ်မစီးသေးပါနဲ့။

မဖြစ်မနေ သွားရမယ်ဆိုရင် –

• Decongestant ဆေးသုံးပါ။ ခရီးမထွက်ခင် ၆ နာရီခြား၊ တရက်အနည်းဆုံး ကြိုသောက်ထားပါ။

• လေယာဉ်ပေါ်ရောက်တာနဲ့ Nasal decongestant spray ကို နားထဲပန်းထည့်နိုင်ပါ။ အဲ. . ဆေးဆိုတာကို Security တွေ သဘောပေါက်အောင်တော့ ရှင်းပြရလိမ့်မယ်။ 9/11 နဲ့ 911 က အမျိုးတော်တာကိုး။

• နောက်ပြီး(ပရီမီယာ-လိခ်)ဘောလုံးပွဲက ဆရာကြီးတွေလို Chewing gum အဆက်မပြတ် ဝါးနေပါလေ။

• လေယာဉ်မဆင်းခင် နာရီဝက်မှာ တခါ Na-sal spray ကို ၄ မိနစ်တကြိမ် ပန်းပါအုံး။

• လေယာဉ်ပျံနေတုံး မအိပ်ဘဲနေတာ ပိုကောင်းတယ်။ စာအုပ်ကောင်းကောင်းယူသွား။

• Paracetamol ဆေးကိုလည်း အားကိုးပါ။

• အသုံးများ Decongestants တွေကတော့ Ephedrine, Levo-methamphetamine, Naphazoline, Oxymetazoline, Phenylephrine, Phenylpropanolamine, Propythexadrine, Psedoephedrine, Synephrine, Tetrahydrozoline တွေဖြစ်တယ်။ ဆိုင်တိုင်းမှာ ဝယ်လို့ရတယ်။

• Ear plugs နားကြပ်ထည့်ထားတာ အကျိုးများတယ်။ Pop သီချင်းလဲ နားထောင်လို့ရတယ်။

Most Popular

Healthy Life Ad
To Top