Healthy Life Ad
Life Style

မျက်မှန်တပ်ရသူများအတွက် မျက်မှန်ကြည်လင်အောင် ဂရုစိုက်နည်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အနီးမှုန်ခြင်းနဲ့ အဝေးမှုန်ခြင်းကြောင့် မျက်မှန်တပ်ရသူတွေအနေနဲ့ မျက်မှန်ကို ထိန်းသိမ်းဂရုစိုက်နေဖို့ လိုပါတယ်။ မှန်သားတွေကတစ်ဆင့် ပြင်ပပတ်ဝန်းကျင်ကို ကြည့်ရှုရတာကြောင့် မှန်သားတွေ ကြည်လင်နေအောင်၊ မကွဲအက်အောင် အထူးဂရုစိုက်သင့်ပါတယ်။

နည်းလမ်း (၁)

သင့်မျက်မှန်ကို နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်ပါ။ မျက်မှန်တွေက အလွယ်တကူ ညစ်ပတ်တတ်ပြီး သေချာသန့်စင်ထိန်းသိမ်းမှု မလုပ်ရင် ပြင်ပပတ်ဝန်းကျင်ကို ကြည်ကြည်လင်လင်မြင်ရဖို့ ခက်ပါတယ်။

နည်းလမ်း (၂)

မျက်မှန်ကိုမတပ်ဆင်ဘဲ ချွတ်ထားတဲ့အခါတိုင်း မျက်မှန်ဘူးထဲကို ထည့်ထားပါ။ မျက်မှန်ထည့်တဲ့ဘူး မရှိတော့တဲ့အခါ အသစ်ဝယ်ပါ။ မာကြောတဲ့မျက်မှန်ဘူးတွေဟာ မျက်မှန်တွေကို အကောင်းဆုံးကာကွယ်နိုင်ပြီး ပိုက်ဆံအိတ်ထဲ ဒါမှမဟုတ် လက်ကိုင်အိတ်ထဲထည့်ကာ သွားလေရာကို သယ်ယူသွားနိုင်ပါတယ်။

နည်းလမ်း (၃)

မျက်မှန်တွေကို ကိုင်တွယ်အသုံးပြုတဲ့အခါ မျက်မှန်ကိုင်းကိုသာ ကိုင်ပါ။ မျက်မှန်အလယ်က မှန်သားကို ကိုင်တွယ်ပြီး တပ်ဆင်ရင် လက်ချောင်းရာနဲ့ လက်ဗွေရာတွေ ထင်နေနိုင်ပါတယ်။

နည်းလမ်း (၄)

မျက်မှန်တပ်ပြီး ခေါင်းကိုက်လာရင် မတပ်ဆင်တော့ဘဲ မျက်စိအထူးကုဆရာဝန်နဲ့ သွားရောက်တွေ့ဆုံကာ စစ်ဆေးမှုပြုလုပ်ပါ။ မျက်မှန်ပါဝါနဲ့ လက်ရှိတပ်ဆင်နေရတဲ့ မျက်မှန်အဆင်မပြေတော့ရင် ပြောင်းလဲလိုက်ပါ။

နည်းလမ်း (၅)

ရေချိုးတဲ့အခါနဲ့ အိပ်စက်အနားယူတဲ့အခါတွေမှာ မျက်မှန်ကို ချွတ်ထားပါ။ မချွတ်ဘဲ အိပ်မိပါက မျက်မှန်ကွဲကြေတာမျိုး၊ မျက်မှန်ကိုင်းကျိုးတာမျိုး ဖြစ်တတ်ပါတယ်။

နည်းလမ်း (၆)

မျက်မှန်ကို မှန်ဆေးသန့်စင်ရည်နဲ့ ဆေးကြောပြီး သေချာသုတ်ပေးပါ။ မျက်မှန်ဘူးဟာ မျက်မှန်ကို မထိခိုက်နိုင်ဘဲ လုံလုံခြုံခြုံ ထည့်ထားနိုင်တဲ့ဘူးမျိုး ဖြစ်ရပါမယ်။

နည်းလမ်း (၇)

မျက်မှန်ကိုဝတ်ထားတဲ့ အင်္ကျီအနားစွန်းနဲ့ ပွတ်တိုက်သန့်စင်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ မျက်မှန်ကို စွန်းပေစေပြီး ကြည့်ရတာ ဝေ၀ါးစေနိုင်ပါတယ်။ မျက်မှန်ဘူးထဲထည့်ပေးလိုက်တဲ့ ပိုးပိတ်စနဲ့ သုတ်ပေးပါ။ မျက်မှန်ကို နေရာလွဲမှားထားတာမျိုး မလုပ်ဘဲ ထားနေကြနေရာမှာဘဲ ထားပါ။

Most Popular

Healthy Life Ad
To Top