Healthy Life Ad
Health Tips

တစ်နေ့လုံး အားပြည့်နေစေဖို့ နံနက်ခင်းမှာ လုပ်ဆောင်သင့်တဲ့ လှည့်ကွက် (၆) မျိုး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အိပ်ရာနိုးထကာစ နံနက်ခင်းအချိန်မှာ အားအင်အပြည့်နဲ့ လန်းလန်းဆန်းဆန်း အလုပ်လုပ်နိုင်ပေမယ့် ညနေခင်းအချိန်ရောက်တဲ့အခါ ပင်ပန်းနွမ်းနယ်နေသလို ဖြစ်တတ်ပါသလား။ နံနက်ကနေ ညနေအထိ တစ်နေ့လုံး စွမ်းအင်အပြည့်ရှိပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေစေဖို့ အောက်ပါနည်းတွေကို လိုက်နာကြည့်ပါ။

alignnone size-medium wp-image-60727
(၁) ဦးနှောက်နှင့် အစာအိမ် အားပြည့်စေရန် ပရိုတင်းဓာတ်မှီဝဲပါ

ပရိုတင်းဓာတ်က သင့်ဦးနှောက်နဲ့ အစာအိမ်ကို စိတ်ကျေနပ်မှုကောင်းကောင်း ရှိစေပြီး အာဟာရပြည့်ဝစေပါတယ်။ နံနက်စာမှာ ပရိုတင်းဓာတ်မှီဝဲထားရင် အာလူးချောင်းကြော်လို သရေစာကို စားချင်စိတ် လျော့နည်းနေတတ်ပါတယ်။ လတ်တလောလေ့လာမှုအရ နေ့စဉ် ပရိုတင်းကောင်းကောင်း မှီဝဲထားသူတွေဟာ ပရိုတင်းဓာတ်လုံလောက်အောင် မမှီဝဲထားသူတွေထက် တစ်နေ့တာ ကယ်လိုရီရရှိမှု ၁၅ ရာခိုင်နှုန်းအောက် လျော့နည်းတယ်လို့ သိရပါတယ်။ ကယ်လိုရီရရှိမှု ၁၅ ရာခိုင်နှုန်းပိုတာက တစ်လကြာရင် ကိုယ်အလေးချိန်နှစ်ပေါင်ကျော် တက်စေပါတယ်။ ဒါကြောင့် နံနက်စာအဖြစ် ကြက်ဥ၊ ဘဲဥပြုတ်နဲ့ ဒိန်ချဉ်တို့လို ပရိုတင်းပါဝင်မှုများတဲ့အစာကို စားပေးသင့်တာပါ။

alignnone size-medium wp-image-60728
(၂) စိတ်ခံစားချက် ကောင်းမွန်စေရန် ချောကလက်အနည်းငယ် စားပါ

အနက်ရောင်ချောကလက် လေးထောင့်တစ်ကွက်စာမှာ တစ်နေ့တာလုံး သင့်ကို နိုးကြားတက်ကြွစေနိုင်တဲ့ သီအိုဘရိုမင်းပမာဏ ပါဝင်နေပါတယ်။ အင်တီအောက်ဆီးဒင့်လည်း အပြည့်အဝပါဝင်တာကြောင့် နှလုံးရောဂါထနိုင်ခြေကို လျော့ကျစေပြီး စိတ်ခံစားချက်ကိုလည်း ကောင်းမွန်နေစေပါတယ်။ ဒါကြောင့် နေ့လယ်စာမစားခင် သရေစာအဖြစ် စားပါ။

alignnone size-medium wp-image-60729
(၃) ရောဂါကာကွယ်ဟန့်တားနိုင်စေရန် ဘလက်ကော်ဖီသောက်ပါ

လတ်တလောလေ့လာမှုကြီးတစ်ခုအရ ဘလက်ကော်ဖီ ဒါမှမဟုတ် နို့နည်းနည်းပဲပါတဲ့ ကော်ဖီကြမ်းကို သောက်တာက ကယ်လိုရီလျော့ကျစေတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများစွာနဲ့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။ အဲဒါတွေကတော့ အရေပြားကင်ဆာဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်း၊ လေဖြတ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းနဲ့ ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို ၆၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုပါတယ်။

alignnone size-medium wp-image-60730
(၄) ခါးအတိုင်းအတာ ပုံမှန်ရှိစေရန် စောစောထပြီး နေခြည်နုနု ခံယူပါ

တစ်ညလုံး မအိပ်ဘဲ ဇီးကွက်လိုနေတာက ခါးအတိုင်းအတာ မကောင်းစေပါဘူးလို့ အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်သူ မီရှဲလ်က ရှင်းပြထားပါတယ်။ ညဉ့်နက်မှ အိပ်ရာဝင်ပြီး နောက်ကျမှ အိပ်ရာထသူအများစုက နံနက်စာကို အဆင်သင့်သရေစာတွေ ပိုမိုစားဖြစ်ပြီး ကယ်လိုရီ ပိုမိုရရှိတတ်ပါတယ်။ ကိုယ်အလေးချိန်အတွက် အလွယ်ကူဆုံး သင်လုပ်နိုင်တာက ညဘက်စောစော အိပ်ရာဝင်ပြီး နံနက်စောစောထကာ အိမ်ပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားလုပ်ပေး ဖို့ ဖြစ်ပါတယ်။

alignnone size-medium wp-image-60731
(၅) မျက်နှာကြွက်သားများ ပြေလျော့စေရန် သစ်သီးစိတ် ဝါးပေးပါ

တစ်ညလုံး အိပ်စက်အနားယူထားတာကြောင့် တောင့်တင်းနေတဲ့ မျက်နှာကြွက်သားတွေ ပြေလျော့ပြီး မေးရိုးရဲ ့ လုပ်ဆောင်အားကောင်းစေဖို့ နံနက်စောစောအချိန်မှာ ပန်းသီးစိတ်၊ သစ်တော်သီးစိတ်တို့ကို ဝါးစားပေးပါ။ အမျှင်ဓာတ်ကိုလည်း ရရှိစေပါတယ်။

alignnone size-medium wp-image-60732
(၆) နှလုံးခုန်နှုန်း ကောင်းမွန်စေရန် အိပ်ရာသိမ်းပါ

အိပ်ရာနိုးတဲ့အခါ အကြောဆန့်တာ၊ ရေသောက်တာတွေလုပ်ပါ။ ပြီးရင် အိပ်ရာခင်းနဲ့ စောင်တွေကိုခါပြီး သေသေသပ်သပ်ခေါက်ပေးပါ။ ဒီလိုလုပ်တာက နှလုံးအထက်ရှိ လက်မောင်းတွေကို လှုပ်ရှားမှုဖြစ်စေပြီး နှလုံးခုန်နှုန်းကောင်းမွန်စေကာ တစ်ကိုယ်လုံးကို သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top