Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် အားဆေးသောက်တဲ့အခါ . . .

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊—–

Q. ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်အားဆေးကို တချို့က ကိုယ့်သဘောနဲ့ကိုယ် ကိုယ်ဝန်ရှိပြီဆိုတာနဲ့ သောက်ကြတယ်။ တချို့ကျတော့ အိုဂျီနဲ့အပ်ပြီးမှ သောက်ကြပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးကို ကိုယ်ဝန်ဘယ်နှလမှာစပြီး သောက်တာအကောင်းဆုံးပါလဲ ဆရာ။

A. ကိုယ်ဝန်ဆောင်အားဆေးဆိုပြီး ဆေးတွေကတော့ အများကြီးပေါ်နေတာပေါ့လေ။ ဆရာတို့ ဆရာဝန်တွေအနေနဲ့ကတော့ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ပထမဆုံး အရေးကြီးဆုံးက ဖောလစ်အက်စစ်ပဲဖြစ်လို့ အဲဒါကို ပေးတတ်တယ်။ ဖောလစ်အက်စစ်ကို ကိုယ်ဝန်မဆောင်ခင် နှစ်လလောက်ကတည်းက သောက်ရပါမယ်။

“သတိထားရမယ့် အချက်တစ်ခုက တချို့ကိုယ်ဝန် ဆောင်မိခင်တွေမှာ သံဓာတ်လို အားဆေးပေးလိုက်ရင် အန်တတ်တယ်၊ ပျို့တတ်တယ်၊ ဝမ်းချုပ်တတ်တယ်။ နဂိုကတည်းကမှ ကိုယ်ဝန်ဆောင်မိခင်က အစားအသောက်ကမဝင်၊ ပျို့အန်၊ ဝမ်းချုပ်နေတဲ့အထဲမှာ အဲဒီသံဓာတ်အားဆေးကို သောက်လိုက်ရင် ပိုဆိုးသွားတတ်ပါတယ်။ နောက်တစ်ခုက” . . .

နောက်တစ်ခုအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ဆရာတို့က သံဓာတ်ပါတဲ့ အားဆေးတွေ တိုက်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်မိခင်က သွေးအားနည်းတာများတတ်လို့ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လိုအပ်ချက်ကလည်း ပိုမြင့်နေတတ်ပါတယ်။ သံဓာတ်ကလည်း စားလိုက်တဲ့ အစာအာဟာရထဲမှာ အပြည့်အဝပါဖို့က မလွယ်ဘူး။ အဲဒါကြောင့် ဆရာတို့နိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်အများစုက သွေးအားနည်းလေ့ရှိတာကြောင့် သံဓာတ်ပါတဲ့ အားဆေးတွေကို တိုက်လေ့ရှိပါတယ်။ တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း ကိုယ်ဝန်ဆောင်မိခင်ကို တိုက်ကျွေးလေ့ရှိပါတယ်။

အဲဒီမှာ သတိထားရမယ့်အချက်တစ်ခုက တချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ်လို အားဆေးပေးလိုက်ရင် အန်တတ်တယ်၊ ပျို့တတ်တယ်၊ ဝမ်းချုပ်တတ်တယ်။ နဂိုကတည်းကမှ ကိုယ်ဝန်ဆောင်မိခင်က အစားအသောက်ကမဝင်၊ ပျို့အန်၊ ဝမ်းချုပ်နေတဲ့အထဲမှာ အဲဒီသံဓာတ်အားဆေးကို သောက်လိုက်ရင် ပိုဆိုးသွားတတ်ပါတယ်။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်မိခင်ရဲ ့ အခြေအနေပေါ် မှာလည်း မူတည်သေးတာပေါ့။ ကိုယ်ဝန်ဆောင်မိခင်ကို စစ်ကြည့်လိုက်လို့ သံဓာတ်က အားမနည်းဘူး၊ သွေးအားမနည်းဘူးဆိုရင် သံဓာတ်က အများကြီးမလိုပါဘူး။

ပြောရရင် ကိုယ်ဝန်ဆောင်မိခင်ရဲ ့ သံဓာတ်အခြေအနေရယ်၊ သွေးအားနည်းခြင်း ရှိ/မရှိဆိုတာရယ်ကို ဆရာတို့ ဆရာဝန်တွေက ကြည့်ပြီး ချိန်ဆပေးကြတာပါ။ တစ်ခါတလေ ကိုယ်ဝန်ဆောင်မိခင်က သွေးအားအရမ်းနည်းနေပြီဆိုရင် သံဓာတ်ကို ရိုးရိုးကိုယ်ဝန်ဆောင်မိခင်ထက် အဆတိုးပြီး ပေးရတာလည်း ရှိပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်အားဆေးသောက်တဲ့အခါ ကိုယ့်ဘာသာကိုယ် ရွေးချယ်သောက်မယ့်အစား တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ပြီးမှ သောက်မယ်ဆိုရင်တော့ ပိုပြီးသင့်တော်တယ်လို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top