Healthy Life Ad
Health Tips

ဇင့်(သွပ်)ဓာတ်၏ လူ့ခန္ဓာကိုယ်ပေါ် အကျိုးပြုနည်းရှစ်သွယ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဇင့်(သွပ်)ဓာတ်ဟာ လူ့ခန္ဓာကိုယ် အာဟာရဓာတ်ထဲမှာ တွေ့ရှိရတဲ့ မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်အပေါ် နည်းလမ်းမျိုးစုံနဲ့ သက်ရောက်မှုရှိနေပါတယ်။ အရွယ်ရောက် လူ့ခန္ဓာကိုယ်မှာ ဇင့်ဓာတ် နှစ်-သုံးဂရမ်ခန့် ပါဝင်ပြီး အင်္ဂါအစိတ်အပိုင်းတွေ၊ တစ်သျှူးတွေ၊ အရိုးတွေ၊ အရည်ဓာတ်တွေနဲ့ ဆဲလ်တွေထဲမှာ တွေ့ရှိရပါတယ်။ ပရိုတင်းဓာတ်များစွာပါတဲ့ အစာတွေ၊ အထူးသဖြင့် တိရစ္ဆာန်အသားတွေထဲမှာ ဇင့်ဓာတ်ကို အဓိကတွေ့ရှိရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးဟာ ဇင့်ဓာတ်ချို ့တဲ့နေတယ်လို့ သိရပါတယ်။ ဇင့်ဓာတ်ရဲ့ အရေးပါပုံကို သိရှိနားလည်စေဖို့ ဇင့်ဓာတ်ဟာ လူ့ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ဆက်စပ်မှုရှိပုံကို ဖော်ပြပေးလိုက်ပါတယ်။

ဦးနှောက်

အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါရှိတဲ့ လူနာတွေမှာ သွေးထဲ ဇင့်ဓာတ်ပါဝင်မှု နည်းနေတတ်ပါတယ်။ ကြွက်တွေကို လေ့လာမှုအရ ဇင့်ဓာတ်ဟာ စိတ်ကျကုသဆေးသဖွယ် အသုံးဝင်တယ်လို့ သိရပါတယ်။

နှလုံးသွေးကြောစနစ်

ဇင့်ဓာတ်ဟာ သွေးဖိအားကို ထိန်းချုပ်ရာမှာ အဓိကတာဝန်ထမ်းဆောင်ပါတယ်။ သွေးတိုးရောဂါ ခံစားရတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေက ဇင့်ဓာတ်ကို မတူညီတဲ့ပုံစံနဲ့ ချေဖျက်နေပါတယ်။

အသည်း

အသည်းထဲမှာ ဇင့်ဓာတ်ချို ့တဲ့မှုကို အသည်းခြောက်ရောဂါ ရှိသူတွေမှာသာမက အရက်ကြောင့် အသည်းရောဂါဖြစ်သူနဲ့ အရက်မသောက်ဘဲ အသည်းရောဂါဖြစ်သူတွေမှာပါ တွေ့ရပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဇင့်ဓာတ်အနည်းငယ် ချို့တဲ့ရင်တောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားမှာ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ

ဇင့်ဓာတ်ဟာ အင်ဆူလင်တည်ဆောက်မှု၊ သိုလှောင်မှုနဲ့ ထွက်ရှိမှုတို့အတွက် အလွန်အရေးပါပါတယ်။ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းထရိုင်ဂလစ်စရိုက ်အဆီမြင့်တက်တာ စတဲ့ အခြေအနေတွေနဲ့ ဆက်စပ်နေတဲ့ ဆီးချိုရောဂါရှိသူတွေမှာ ဇင့်ဓာတ်လျော့နည်းနေတတ်ပါတယ်။

ဟော်မုန်းစနစ်

လေ့လာမှုတွေအရ ဇင့်ဓာတ်ချို့တဲ့တာက သိုင်းရွိုက်ဟော်မုန်း လျော့နည်းမှု၊ ကာကွယ်ဆေးအပေါ် တုံ့ပြန်နိုင်စွမ်း လျော့နည်းတာနဲ့ ကိုယ်ခံအားစနစ် ကျဆင်းမှုတို့နဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

အနာကျက်ခြင်း

ဇင့်ဓာတ်ချို့တဲ့မှုဟာ အနာကျက်နှေးတာနဲ့လည်း ဆက်စပ်နေပါတယ်။ အစာအိမ်အနာ အစောပိုင်းအဆင့်မှာ ဇင့်ဓာတ်ပေးတာကြောင့် သက်သာစေပါတယ်။

နမိုးနီးယားအဆုတ်ရောင်ရောဂါ

ဇင့်ဓာတ်ဟာ နမိုးနီးယား အဆုတ်ရောင်ရောဂါ ကြာချိန်ကို တိုတောင်းစေသလို ဒီရောဂါကြောင့် ဆေးရုံတက်ရချိန်ကိုလည်း လျော့နည်းစေပါတယ်။

Most Popular

Healthy Life Ad
To Top