Healthy Life Ad
Life Style

အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်သည့် အစားအသောက် ၅ မျိုး

———၊ လရိပ်မေ ၊———

သင့်တော်တဲ့ အာဟာရမှီဝဲတာက ဆောင်းတွင်းလို အေးမြတဲ့ ရာသီမှာတောင် အသားအရေကို ကြည်လင်တောက်ပနေစေပါတယ်။ နေ့စဉ် စားနေကျ အစားအသောက်ထဲမှာ အောက်ပါကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ငါးမျိုး ထည့်စားပေးမယ်ဆိုရင် အသားအရေက ရေဓာတ်ပြည့်ဝပြီး ကြည်လင်တောက်ပနေမှာ ဖြစ်ပါတယ်။

(၁) အုန်းဆီ

အုန်းဆီမှာ ကော်လာဂျင်ဓာတ် ပံ့ပိုးပေးတဲ့ လူးရစ်အက်စစ်ပါဝင်ပြီး အသားအရေထဲကို အလွယ်တကူ စုပ်ယူရရှိနိုင်ပါတယ်။ အုန်းဆီမှာ ပိုးသတ်အစွမ်းနဲ့ ဘက်တီးရီးယားကင်းစေတဲ့ အစွမ်းရှိပြီး အိုမင်းမှုကို ဟန့်တားပေးပါတယ်။

ဘယ်လိုအသုံးပြုရမလဲ

(၁) အုန်းဆီစစ်စစ်ကိုသုံးပြီး လက်ဖဝါးထဲထည့်ကာ ပူလာအောင် ပွတ်သပ်ပေးပါ။ (လက်ကသန့်ဖို့တော့ လိုပါတယ်)

(၂) ပြီးရင် အရေပြားမှာ ညင်ညင်သာသာ လိမ်းပေးရပါမယ်။

(၂) သခွားသီး

သခွားသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ပါဝင်ပြီး ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်အေနဲ့ အီးတို့လို အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အနာကျက်တာနဲ့ သွေးလှည့်ပတ်မှုကောင်းတာတို့ကို အားပေးပြီး အသားအရေ၊ လက်သည်းခြေသည်းနဲ့ အရိုးတွေအတွက်အကျိုးရှိစေပါတယ်။ သခွားသီးစားတာကြောင့် အသားအရေ ကြည်လင်တောက်ပစေပြီး အရေးကြောင်း လျော့ပါးစေပါတယ်။ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် မျက်ဝန်းတဝိုက် ဖောင်းအစ်မှုကို ကုသနိုင်ပါတယ်။

ဘယ်လိုအသုံးပြုရမလဲ

(၁) မျက်အိတ်ဖောင်းတာ လျော့ပါးစေဖို့ သခွားသီးစိတ် ခပ်ပါးပါးကပ်ပေးပါ။

(၂) သခွားသီးရည်ကို ပျားရည်အနည်းငယ် ထည့်မွှေကာ ပေါင်းတင်တဲ့အနေနဲ့ သုံးနိုင်ပါတယ်။

(၃) ပျားရည်

ပျားရည်စစ်စစ်မှာ သဘာဝဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြီး ဝက်ခြံကုသရာမှာ ထိရောက်သလို အသားအရေ သန့်စင်စေကာ ချွေးပေါက်ပွင့်စေပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုမြင့်မားတဲ့ ပျားရည်က အသားအရေ အိုမင်းမှု၊ အရေးကြောင်းထင်ခြင်း၊ အပြစ်အနာအဆာဖြစ်ခြင်းနဲ့ ပူစပ်ပူလောင်ဖြစ်ခြင်းတို့ကို တွန်းလှန်ပေးပါတယ်။

ဘယ်လို အသုံးပြုရမလဲ

(၁) ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းနဲ့ ရေ ထမင်းစားဇွန်း ၈ ဇွန်းတို့ကို ရောပါ။

(၂) စေးပျစ်အောင် မွှေပါ။

(၃) အရေပြားပေါ် သုတ်လိမ်းပြီး ခြောက်သွေ့အောင် ထားပေးပါ။

(၄) ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။

(၄) အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်ဟာ အသားအရေရောင်ရမ်းမှုကို လျော့ကျစေတဲ့ အကောင်းဆုံး အစာဖြစ်ပါတယ်။ ပျားရည်နဲ့ ဒိန်ချဉ်တို့ ပေါင်းစပ်ပြီး သုံးရင် ထိခိုက်လွယ်တဲ့ အသားအရေမှာတောင် အပြစ်အနာအဆာ ကင်းစေပါတယ်။

ဘယ်လို အသုံးပြုရမလဲ

(၁) အုတ်ဂျုံမှုန့် အကြမ်းပန်းကန်လုံးရဲ့ လေးပုံတစ်ပုံကို ညက်အောင် ကြိတ်ပေးပါ။

(၂) ပြီးရင် ပန်းကန်လုံးထဲမှာ အဆီမပါတဲ့ ဒိန်ချဉ်ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ။

(၃) ပျားရည်စစ်စစ် လက်ဖက်စားဇွန်း နှစ်ဇွန်းထည့်ပါ။

(၄) အဲဒီအရောအနှောကို မျက်နှာပေါ်လိမ်းပြီး အချိန် ၁၅ မိနစ်ကြာထားပါ။

(၅) မျက်နှာကို ကြက်သီးနွေးရေနဲ့ သန့်စင်ပါ။

(၅) ရေ

ရေက မျက်နှာပေါင်းတင်ဆေး မဟုတ်ပါဘူး။ ဒါပေမဲ့ ရေဓာတ်ခမ်းခြောက်ရင် အရေပြားက ခြောက်သွေ့နေသလို နှုတ်ခမ်းတွေပါ ခြောက်သွေ့ အက်ကွဲနေနိုင်ပါတယ်။

ဘယ်လို အသုံးပြုရမလဲ

သင့်ခန္ဓာကိုယ်အလေးချိန်ရဲ့ အနည်းဆုံးတဝက်နဲ့ ညီမျှတဲ့ ရေ(အောင်စ)ကို သောက်ပေးပါ။ ဥပမာ သင့်ကိုယ်အလေးချိန်က ၁၄၀ ပေါင်ရှိတယ်ဆိုရင် ရေက ၇၀ အောင်စ သောက်သင့်ပါတယ်။ ဒီနည်းက သင့်အသားအရေကို လှပပြီး လန်းဆန်းစေမှာပါ။

Most Popular

Healthy Life Ad
To Top