Healthy Life Ad
Q & A

အသက်ကြီးသူတွေ လေ့ကျင့်ခန်းလုပ်သင့်သလား

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

Q. အသက်ကြီးတဲ့သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါသလား။

A. အသက်ကြီးလာတာနဲ့အမျှ လှုပ်ရှားမှုကလည်း နည်းသွားပြီဖြစ်တာကြောင့် လှုပ်ရှားမှုလေးလည်းနည်းနည်း ရှိသင့်ပါတယ်။ အသက်ကြီးလာရင် ဒူးနာတယ်ဆိုပြီး လမ်းမလျှောက်တာတွေ ရှိပါတယ်။ ဖြည်းဖြည်းချင်း နည်းနည်းစီ လျှောက်ပေးသင့်ပါတယ်။ အသက်ကြီးတဲ့အခါ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သက်ကြီးသတိမေ့ရောဂါ စတာတွေ ဖြစ်တတ်တာကြောင့် အသက်ခြောက်ဆယ်ကျော်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု မဖြစ်မနေ ပြုလုပ်ပေးပါ။ တစ်ရက်ကို နာရီဝက်လောက် လမ်းလျှောက်တာမျိုး ပြုလုပ်ပေးပါ။

Most Popular

Healthy Life Ad
To Top