Healthy Life Ad
Health Tips

ဗိုက်ချပ်စေမည့် နည်းလမ်းကောင်းများ

(၁) အစာမစားခင် ရေတစ်ဖန်ခွက်သောက်ပေးပါ။

(၂) တစ်နေ့မှာ အစာနည်းနည်းနဲ့ ငါးကြိမ်စားပေးပါ။

(၃) အစာကို ဖြည်းဖြည်းချင်း စားပေးပါ။

(၄) တစ်နေ့ မိနစ် ၂၀ နဲ့ တစ်ပတ်ငါးရက်ခန့် လေ့ကျင့်ခန်းလုပ်ပါ။

(၅) ကိုယ်စားနေတဲ့ အစားအသောက်ပမာဏကို သိနားလည်ပါ။

(၆) ကိုယ်နေဟန်ကို မတ်အောင်နေပါ။ ဒီလိုနေတာက ဝမ်းဗိုက်ကြွက်သားတွေကို တင်းရင်းစေပါတယ်။

(၇) ရေကူးပါ။

(၈) ဝမ်းဗိုက်ကြွက်သား သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်ပါ။

(၉) အချိုစာတွေ မစားပါနဲ့။

(၁၀) အိပ်ထမတင်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။

(၁၁) မနက်စာမစားဘဲ မနေပါနဲ့။

(၁၂) နေ့တိုင်း ရေများများသောက်ပါ။

(၁၃) တစ်ညမှာ ၇-၈ နာရီ အချိန်ပေးပြီး အိပ်စက်ပါ။

(၁၄) အရက်သောက်တာကို ဖြတ်ပါ။

(၁၅) ဆားလျှော့စားပါ။

(၁၆) စိတ်ဖိစီးမှုကို ရှောင်ပါ။

(၁၇) အကောင်းမြင်ပေးပါ။

(၁၈) ရောင်စုံစားပါ။

(၁၉) အဆင်သင့်အစာတွေကို ဆင်ခြင်ပါ။

(၂၀) ဆော်ဒါအချိုရည်ကို ရှောင်ပါ။

(၂၁) အစာကို အလွန်အမင်း အငတ်မခံပါနဲ့။

(၂၂) သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်နေ့ငါးကြိမ်လောက် စားပေးပါ။

(၂၃) ဓာတ်လှေကား၊ စက်လှေကားနဲ့ တက်မယ့်အစား ရိုးရိုးလှေကားကနေ တက်ပါ။

(၂၄) ယောဂကျင့်ပါ။

(၂၅) အမြဲတမ်း တက်တက်ကြွကြွနေပါ။

Most Popular

Healthy Life Ad
To Top