Healthy Life Ad
Health Tips

အမျိုးသားတွေ ဆင်ခြင်ရမယ့် ကျန်းမာရေးနဲ့မညီညွတ်ဆုံး အကျင့် ၁၀မျိုး

———၊ ကိုထက် ၊———

ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကျန်းမာရေးလိုက်စားမှု လျော့နည်းတတ်ပါတယ်။ ဒါ့အပြင် အမျိူးသားအများစုမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အောက်ပါအကျင့် ၁၀ မျိုးအနက် တစ်ခုခုကိုတော့ ပြုလုပ်တတ်ကြောင်း သိရပါတယ်။

alignnone size-medium wp-image-60417
(၁) နှာခေါင်းထဲ/ပါးစပ်ထဲ လက်ထည့်တတ်တဲ့အကျင့်

ဒီအကျင့်က တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိခိုက်စေရုံသာမက ယဉ်ကျေးမှုအရ လူကြားထဲ နှာခေါင်းနှိုက်တာကိုလည်း မလုပ်သင့်ပါဘူး။ ဒါ့အပြင် နှာခေါင်းနဲ့ ပါးစပ်ထဲ လက်ထည့်တာကြောင့် ကူးစက်ပိုးအမျိုးမျိုး ဝင်လွယ်စေပါတယ်။ အထူးသဖြင့် လူအများစုရုံးရာနေရာမျိုးမှာနေရင်း ဆေးကြောမထားတဲ့လက်နဲ့ နှာခေါင်းထဲနှိုက်တာ၊ ပါးစပ်ထဲထည့်တာကြောင့် အအေးမိဖျားနာတတ်ပါတယ်။

alignnone size-medium wp-image-60418
(၂) အိမ်သာတက်ပြီး လက်မဆေးတဲ့အကျင့်

ကျောင်းတွေမှာ လေ့လာကြည့်ရာ အမျိုးသားသုံးဦးအနက် တစ်ဦးကပဲ အိမ်သာတက်ပြီး သူတို့လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောလေ့ရှိကြောင်း တွေ့ရပါတယ်။ ဆေးကြောမထားတဲ့ လက်တွေက ကူးစက်ပိုးနဲ့ ပိုးမွှားတွေပျံ ့နှံ့ဖို့ အလွယ်ကူဆုံးနည်းဖြစ်ပါတယ်။ ဒါကြောင့် အိမ်သာတက်ပြီး လက်ဆေးသင့်ပါတယ်။

(၃) ဘိုထိုင်အိမ်သာခုံပေါ်မှာ ဆီးသွားတဲ့အကျင့်

ညဉ့်လယ်မှာ ဒါမှမဟုတ် အိပ်ငိုက်နေချိန်တွေမှာ တချို့အမျိုးသားတွေက ဘိုထိုင်အိမ်သာထိုင်ခုံပေါ် ဆီးတွေပေကျံနေအောင်သွားတာမျိုး လုပ်တတ်ပါတယ်။ ဒါက ရေချိုးခန်းကို ညစ်ပေစေသလို သန့်ရှင်းမှုမရှိရာ ရောက်ပါတယ်။

(၄) ကျန်းမာရေးစစ်ဆေးမှု မခံယူတဲ့အကျင့်

ဆေးခန်းကို သွားရတာက သာယာပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးစစ်ဆေးမှုလုပ်ပြီး ရောဂါရှိ၊ မရှိ ရှာဖွေတာက အသက်ရှည်ရှည်နေရနိုင်ခြေ မြင့်မားစေပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ အရေးကြီးပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်းအမျိုးသားတွေအဖို့ ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်နေတဲ့အတွက် ဒီလိုရောဂါတွေကို အစောပိုင်းအချိန်ကတည်းက သိအောင် ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်တာပါ။

(၅) လူရှေ ့သူရှေ ့ကုတ်တတ်တဲ့အကျင့်

အမျိုးသား ၆၀ ရာခိုင်နှုန်းခန့်ဟာ လူမြင်ရာမှာ ဝှေးစေ့နေရာနားကို ကုတ်တတ်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ညံ့ဖျင်းတာနဲ့ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကြောင့် ယားယံပြီး ကုတ်ချင်စိတ်ဖြစ်ပေါ်တတ်ပေမယ့် လူအများကြားမှာ မကုတ်ဘဲ အိမ်သာခန်းလိုနေရာကို သွားသင့်ပါတယ်။

alignnone size-medium wp-image-60419
(၆) ဆေးလိပ်သောက်တတ်တဲ့ အကျင့်

ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိပေမယ့် အကျင့်ရှိသူတွေက ဆက်သောက်မြဲသောက်နေတာ များပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက စိတ်ဓာတ်ကျစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းမှုဖြစ်နိုင်ခြေ၊ နှလုံးရောဂါ အဆုတ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေကြောင်း လေ့လာသူတွေက ဆိုပါတယ်။

(၇) အစာကို ပလုတ်ပလောင်းစားရင်း စကားပြောတတ်တဲ့ အကျင့်

ပါးစပ်ထဲမှာ အစာအပြည့်နဲ့ စကားပြောတာမျိုးက ကြည့်ရဆိုးပါတယ်။ အစာကို အရင်ကြိတ်ဝါးမျိုချပြီးမှသာ စကားပြောသင့်ပါတယ်။

alignnone size-medium wp-image-60420
(၈) ခြေသည်းမညှပ်ဘဲ နေတဲ့အကျင့်

အမျိုးသားတချို့က လျှော်ရမယ့်အဝတ်တွေကို ပုံထားတာ၊ ခြေသည်းကို ပုံမှန်မညှပ်ဘဲနေတာတို့ လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာကြောင့် ချွန်မြနေတဲ့ ခြေသည်းတွေက အိမ်မွေးတိရစ္ဆာန်နဲ့ တခြားသူတွေကို မတော်တဆထိခိုက်မှု ဖြစ်စေနိုင်လို့ပါ။

alignnone size-medium wp-image-60421
(၉) အရက်ကို အကန့်အသတ်မရှိ သောက်လွန်းတဲ့ အကျင့်

အမျိုးသားအများအကြား ဖြစ်လေ့ရှိတဲ့ အကျင့်တစ်မျိုးပါ။ အရက်ကို အလွန်အကျွံသောက်တာကြောင့် ယာဉ်ထိခိုက်မှုဖြစ်နှုန်းလည်း များနေပါတယ်။ အရက်ကို မဆင်မခြင် များစွာသောက်တာကြောင့် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ အရက်ကို မသောက်ဘဲနေတာ အကောင်းဆုံးပါ။ တကယ်လို့မနေနိုင်ရင် သင့်ကျန်းမာရေး၊ မိသားစုရဲ့ မေတ္တာ စတာတွေကို ထည့်တွက်ပြီး အရက်သောက်မယ်ဆိုရင် ပမာဏအသင့်အတင့်ကိုပဲ သောက်ပါ။

(၁၀) ရေပူနဲ့ ရေချိုးတဲ့ အကျင့်

တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့အခါ ရေပူနဲ့ ရေချိုးလိုက်ရင် လန်းဆန်းသွားမယ်လို့ အမျိုးသားအများစုက ထင်တတ်ပါတယ်။ ဒါကြောင့် ရေပူထဲ ကြာကြာစိမ်နေတတ်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လေ့လာမှုအရ ရေပူထဲကြာကြာစိမ်နေတာက အမျိုးသားတွေကို မျိုးအောင်နိုင်စွမ်း ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ရေပူထဲ ကြာကြာမစိမ်ဘဲ ရေကိုမြန်မြန်ချိုးပါ။

Most Popular

Healthy Life Ad
To Top