Healthy Life Ad
Health Tips

နှုတ်ခမ်းနှင့်လျှာကို ကိုက်မိလျှင် . . .

ကိုယ့်နှုတ်ခမ်း ဒါမှမဟုတ် ကိုယ့်လျှာကို ကိုယ့်ဘာသာပြန်ကိုက်မိတာက မထင်မှတ်ဘဲ ဖြစ်လေ့ရှိပါတယ်။ ကလေးတွေဆိုရင် သွားဘက်ဆိုင်ရာကုသမှုအပြီး ထုံဆေးကြောင့် ထုံနေစဉ်မှာ နှုတ်ခမ်းနဲ့ ပါးစောင်ကို ကိုက်မိနိုင်ခြေ များတတ်ပါတယ်။ အဲဒီလို ကိုက်မိတဲ့အခါမှာ နာကျင်မှုကို အရင်ဆုံးခံစားရပြီး နောက်ဆက်တွဲဝေဒနာတွေ မကျန်ခဲ့အောင် အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။

• နှုတ်ခမ်း ဒါမှမဟုတ် လျှာကို ကိုက်မိတဲ့အခါ အဲဒီနေရာကို သန့်ရှင်းတဲ့ဂွမ်းစနဲ့ အရင်ဆုံးသုတ်ပေးပါ။

• သွေးထွက်နေရင် သန့်ရှင်းတဲ့ဂွမ်းစနဲ့ သွေးတိတ်တဲ့အထိ ဖိထားပေးပါ။

• သွေးထွက်တာရပ်သွားရင် နှုတ်ခမ်းနဲ့ လျှာနေရာက ရောင်ရမ်းမှုလျော့ကျစေဖို့ ရေအေးဝတ် ဒါမှမဟုတ် ရေခဲကပ်ပေးပါ။

• လိုအပ်ရင် ဒဏ်ရာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးကို သောက်ပေးပါ။

• အနာကျက်ပြီဆိုရင် ပိုးဝင်တဲ့လက္ခဏာရှိ၊မရှိ ဆန်းစစ်ကြည့်ပါ။ ပိုးဝင်နေတာကြောင့် ရောင်ရမ်းတာ၊ ပြည်တည်တာတွေဖြစ်နေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top