Healthy Life Ad
Health Tips

ကလေးများ ကိုယ်ခံစွမ်းအားမြင့်ပြီး ရောဂါပိုးမဝင်ရောက်အောင် ကာကွယ်နိုင်မည့် အာဟာရ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

ကလေးတွေက ဒီအချိန်မှာဆိုရင် ကိုယ်ခံစွမ်းအားမြင့်နေဖို့ လိုအပ်ပါတယ်။ ကလေးတွေက ကိုယ်ခံစွမ်းအားကျနေရင် ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ကိုယ်ခံစွမ်းအားမြင့်နေဖို့ ဥပမာ-ဗီတာမင် စီများတဲ့ အစားအသောက်၊ ဇင့်များတဲ့ အစားအသောက်တို့က အခုချက်ချင်းစားရင် အခုချက်ချင်းမမြင့်ပါဘူး။ ဒီတော့ ဆောင်းတွင်းမရောက်ခင် ကာလအနည်းဆုံး တစ်ပတ်-နှစ်ပတ်လောက်ကတည်းက ကြိုပြီး ကျွေးထားသင့်ပါတယ်။ ဘာတွေကို ကျွေးသင့်သလဲဆိုတော့-

(၁) ဗီတာမင်စီပါဝင်မှုမြင့်မားသည့် အသီးအနှံများ

ဆန်းကစ်သီး၊ လိမ္မော်သီးတို့လို အရည်ရွှမ်းတဲ့ သစ်သီးတွေကို ဟိုးအရင်ကတည်းက စားထားရင် ကိုယ်ခံအားမြင့်တက်နေမှာ ဖြစ်ပါတယ်။

(၂) ကြက်ဥ

တချို့ကလေးတွေက ကြက်ဥကို အမြဲတမ်းကျွေးရင် မကြိုက်တော့ဘူး။ ငြီးငွေ့လာတာတွေ ရှိပါတယ်။ အဲဒီလို မကြိုက်ရင် ဘယ်လိုနည်းနဲ့ ကျွေးသင့်သလဲဆိုတော့ ပူတင်းထဲထည့်ကျွေးတာမျိုး၊ ကြက်ဥပေါင်းလုပ်ကျွေးတာမျိုး၊ အရွက်ကြော်ထဲ ကြက်ဥရောထည့်ပြီး ကျွေးတာမျိုး ကျွေးသင့်ပါတယ်။

“တချို့ကလေးတွေ ဖျားပြီးအန်တယ်၊ အစာမစားချင်တော့ဘူးဆိုပြီး ဖြစ်တတ်တယ်။ ဒီလိုကလေးတွေက အစာကို ဘယ်လိုမှ ကျွေးလို့မရဘူးဆိုရင် အရည်ကို ပြောင်းတိုက်ပေးပါ။ ပုံမှန်အနေနဲ့ ဆန်ပြုတ်တိုက်လေ့ရှိပေမယ့် ကလေးက ဆန်ပြုတ်လည်း မသောက်ချင်ဘူးဆိုရင် စွပ်ပြုတ်ရည်ကို ပြောင်းတိုက်ပေးပါလို့ ပြောချင်ပါတယ်” . . .

(၃) အသားဓာတ်

ကလေးတွေမှာ ကိုယ်ခံအားမြင့်နေဖို့ အသားဓာတ်ကလည်း အရေးတကြီး လိုအပ်နေပါတယ်။ တချို့ကလေးတွေက အသားဓာတ်မစားဘူးဆိုရင် ကိုယ်ခံစွမ်းအားကျတာကို တွေ့ရပါတယ်။ အထူးသဖြင့် အမိုင်နိုအက်စစ်တွေ လျော့နည်းပြီး ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားကျတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကြက်ပေါင်းရည်၊ ကြက်စွပ်ပြုတ်တွေကျွေးတာ ကောင်းပါတယ်။

(၄) ဟင်းသီးဟင်းရွက်

ကြက်စွပ်ပြုတ်၊ ငါးစွပ်ပြုတ်တွေ ကျွေးတဲ့အခါ အသီးအနှံလေးတွေထည့်ကျွေးပါ။ ဥပမာ-ကျောက်ဖရုံသီး၊ အစေ့အဆန်၊ အရွက်လေးတွေခတ်ပြီး ကျွေးရင်အကောင်းဆုံးပါ။ ဒါဆိုရင် ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကြက်စွပ်ပြုတ်၊ ငါးစွပ်ပြုတ်ထဲ ရောက်သွားမယ်ဆိုရင် အဲဒီစွပ်ပြုတ်ကျွေးလိုက်တာနဲ့ ကိုယ်ခံအားမြင့်တက်စေပါတယ်။ အသက် ၅ နှစ်-၆ နှစ်အရွယ်ကလေးတွေဆိုရင် ကြက်စွပ်ပြုတ်၊ ငါးစွပ်ပြုတ်ထဲကို သံပရာရည်ညှစ်ထည့်ပြီး ကျွေးရင် ပိုအဆင်ပြေပါတယ်။

(၅) အရည်

တချို့ကလေးတွေ ဖျားပြီး အန်တယ်၊ အစာမစားချင်တော့ဘူးဆိုပြီး ဖြစ်တတ်တယ်။ ဒီလိုကလေးတွေက အစာကို ဘယ်လိုမှကျွေးလို့ မရဘူးဆိုရင် အရည်ကို ပြောင်းတိုက်ပေးပါ။ ပုံမှန်အနေနဲ့ ဆန်ပြုတ်တိုက်လေ့ရှိပေမယ့် ကလေးက ဆန်ပြုတ်လည်း မသောက်ချင်ဘူးဆိုရင် စွပ်ပြုတ်ရည်ကို ပြောင်းတိုက်ပေးပါလို့ ပြောချင်ပါတယ်။ နောက်တစ်ခုက နို့တိုက်ပေးပါ။ ဒီလိုအချိန်မှာ သဘာဝနွားနို့ကို ကျိုချက်ပြီး တိုက်လို့ရတယ်။ တချို့ကလေးတွေမှာ နို့ကိုမကြိုက်ဘူး၊ မသောက်ချင်ဘူးဆိုရင် ဒိန်ချဉ်ပြောင်းတိုက်ပေးပါ။ ကလေးအသက် နှစ်နှစ်အထက်ဆိုရင် ပဲနို့တိုက်ကျွေးလို့ရပါတယ်။

(၆) ကြက်သွန်မြိတ်၊ ပူစီနံ

အသီးအရွက်မကြိုက်တဲ့ ကလေးတွေ ရှိပါတယ်။ တကယ်တော့ အသီးအရွက်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေရပါတယ်။ ဥပမာ-ကင်ပွန်းချဉ်ရွက်၊ ကညွတ်တို့လို အရွက်တွေဆိုရင် ဗီတာမင်စီ၊ ကယ်လ်ဆီယမ်ပါဝင်ပါတယ်။ ဒါပေမဲ့ ကလေးက အသီးအရွက်လုံးဝမကြိုက်ဘူးဆိုရင် ဆီချက်ခေါက်ဆွဲ၊ ကြာဆန်ဆီချက်စားတဲ့အခါ ကြက်သွန်မြိတ်ထည့်ပေးပါ။ တစ်ခုခုသောက်တဲ့အခါ ပူစီနံရွက်လေးတွေ ထည့်ပေးပါ။

Most Popular

Healthy Life Ad
To Top