Healthy Life Ad
Life Style

သူစိမ်းတစ်ယောက်ရဲ ့ မထင်မှတ်တဲ့ ကူညီမှု

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဒီနေ့ည ညစာစားဖို့ ရှော့ပင်းမောလ်တစ်ခုမှာ ပီဇာတစ်ချပ်သွားဝယ်ခဲ့တယ်။ လူတစ်ယောက်က ကျွန်တော့်ရှေ ့မှာ ဝယ်ထားတဲ့ ပစ္စည်းတစ်ပုံတပင်နဲ့ ငွေရှင်းဖို့စောင့်နေခဲ့တယ်။ ဈေးဝယ်တွန်းလှည်းထဲမှာ သူဝယ်ထားတဲ့ ပစ္စည်းပေါင်း သောင်းခြောက်ထောင်ကို ကြည့်ပြီး ကျွန်တော်စိတ်ပျက်လက်ပျက် ရေရွတ်မိသွားတယ်။

“အကြာကြီး စောင့်ရတော့မှာပဲကွာ”

ပီဇာတစ်ချပ်တည်း ယူထားတဲ့ ကျွန်တော့်မှာ စိတ်ညစ်သွားတယ်။

ကျွန်တော့်စကားသံကြားတော့ ရှေ ့ကလူလှည့်ကြည့်ပြီး ကျွန်တော့်ကိုငွေအရင်ရှင်းဖို့ ပြောတယ်။

ငွေရှင်းမယ်လည်းလုပ်ရော ဘောင်းဘီအိတ်ကပ်ထဲမှာ ပိုက်ဆံအိတ်က ပါမလာခဲ့ဘူး။ ကျွန်တော်စိတ်ပူသွားတယ်။ ဒါနဲ့ ကတ်တွေထုတ်ပြီး ငွေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ ကျွန်တော်ခေါင်းကုတ်ပြီး ဘာလုပ်ရမလဲ စဉ်းစားနေတုန်း အဲဒီလူက ငွေရှင်းကောင်တာကိုသွားပြီး ခပ်တိုးတိုးပြောလိုက်တယ်။
ငွေရှင်းကောင်တာက ကျွန်တော့်ကို ပြေစာထုတ်ပေးပြီး ပီဇာထုပ်ကို ကမ်းပေးပါတယ်။

အဲဒီလူက ကျွန်တော့်အတွက် ပီဇာဖိုးပေးလိုက်တာပါ။ သူက ကျွန်တော့်နာမည်လည်း မသိဘူး၊ ဘာမေးခွန်းမှလည်း မမေးဘူး။

သူဟာ လူစိမ်းတစ်ယောက်အတွက် ပီဇာတစ်ချပ်ဝယ်ပေးလိုက်တယ်။ ကျွန်တော်ကတော့ သူ့ကို ဘာမှမကူညီဘဲ အိမ်ပြန်လာခဲ့တယ်။

စိတ်ထဲမှာတော့ သူ့ကို အကြိမ်ထောင်ပေါင်းများစွာ ကျေးဇူးတင်နေခဲ့တယ်။ ပြီးတော့ ပီဇာကိုကြည့်ပြီးလည်း တစ်နှစ်တာအတွင်း ပထမဆုံးအကြိမ် မျက်ရည်ကျမိသွားတယ်။

ဘဝမှာ လူကောင်းတွေလည်း အများကြီး ရှိနေတာပါလား။ ဒီညကစပြီး ကျွန်တော့်စိတ်ထဲမှာ ကောင်းတဲ့အတွေးအမြင်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

Most Popular

Healthy Life Ad
To Top