Healthy Life Ad
Health Tips

သက်ကြီးအမျိုးသမီးများတွင် ဖြစ်တတ်သည့် လိင်စိတ်ဝင်စားမှု အားနည်းခြင်း

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လူတိုင်းလူတိုင်းဟာ အရွယ်ရောက်ချိန်မှ အသက်ကြီးတဲ့အထိ လိင်စိတ်ရှိနေလိမ့်မယ်လို့ လူတွေက ထင်မြင်နေတတ်ကြပါတယ်။ တကယ်တော့ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုဟာ အမျိုးသမီးတွေကော အမျိုးသားတွေမှာပါ အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ အမျိုးသမီးတွေက သူတို့ရဲ ့လိင်စိတ်ကို သတိထားမိတတ်ပြီး သူတို့ကိုယ်သူတို့ လိင်စိတ်လျော့နည်းလာကြောင်း သတိပြုမိတတ်ကြပါတယ်။ ဒီလို လိင်စိတ်လျော့နည်းလာတာဟာ စိုးရွံ့စရာ မဟုတ်ဘူးဆိုတာကို လက်ခံထားသင့်ပါတယ်။

အသက်ကြီးလာတဲ့ အမျိုးသမီးတွေအနေနဲ့ Sex ကိစ္စအကြောင်း စိတ်ကူးယဉ်တွေးတောဖို့နဲ့ ကြည်နူးဖို့ ဆန္ဒနည်းလာပါတယ်။ ဒါဟာ Sex ကိစ္စပြုမှုချိန် အတောအတွင်းမှာ မိန်းမကိုယ်မှ ချောဆီထွက်ရှိမှုနည်းကာ ကျေနပ်မှုမရှိတော့တာကြောင့်ပါ။ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုဟာ အိမ်ထောင်ဖက်အပေါ် ချစ်ခင်စိတ်ပေါ်မှာလည်း မူတည်နေပါတယ်။

Sex ကိစ္စနဲ့ပတ်သက်ပြီး ကျေနပ်နှစ်သိမ့်မှုနည်းတာဟာ အသက်ကြီးလာတာကြောင့် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အရွယ်အစားပေါ်မှာလည်း မူတည်နေတတ်ပါတယ်။ အသက်ကြီးလာပြီး အီစထရိုဂျင်မဟော်မုန်း လျော့နည်းလာကာ နာဗ့်ကြောစနစ်နဲ့ သွေးကြောစနစ်ကလည်း အားလျော့လာပါတယ်။ သွေးကြောစနစ် အားမကောင်းတာကြောင့် သက်ကြီးအမျိုးသမီးတွေဟာ အထိအတွေ့မှာ တုံ့ပြန်အားနည်းလာနိုင်ပါတယ်။

အသက်ကြီးလာတာကြောင့် လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု (Orgasm) နည်းလာခြင်းနဲ့ ချောဆီအထွက်နည်းလာခြင်းတွေ ဖြစ်ပေါ်လာတာက သဘာဝပါပဲ။ မိန်းမကိုယ်ခြောက်သွေ့တဲ့ ပြဿနာကို ဈေးကွက်ထဲမှာ အလွယ်တကူရနိုင်တဲ့ ရေဓာတ်အခြေခံချောဆီ(Water-based Lubricant)ကို ဝယ်ယူဖြေရှင်းနိုင်ပါတယ်။

အမျိုးသမီးတွေမှာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေလို နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရတာကလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ Sex ကိစ္စမှာ အခက်အခဲ တွေ့ကြုံနေရတယ်ဆိုရင် အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ပြဿနာဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို အတူရှာဖွေသင့်လှပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top