Healthy Life Ad
Health Tips

အစာအလွန်အကျွံမစားဖြစ်အောင် ဒီအမှတ်နေရာ ၃ ခုကို ဖိနှိပ်ပေးပါ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

alignnone size-medium wp-image-60167

သင်က စိတ်အလိုလိုက်ပြီး အစာစားတတ်သူလား။ ကိုယ်အလေးချိန်ထိန်းဖို့အတွက် စားတဲ့ပမာဏကို ထိန်းပေးရပါမယ်။ စိတ်အလိုလိုက်ပြီး စားတတ်သူ၊ အစာနဲ့ပါးစပ် မပြတ်စားတတ်သူတွေက ကိုယ်အလေးချိန် တဖြည်းဖြည်းတက်လာပြီး ကျန်းမာရေးမှာလည်း သက်ရောက်မှုရှိတတ်ပါတယ်။ ဒီလိုလူတွေမှာ အောက်ပါအမှတ်နေရာသုံးခုကို ဖိနှိပ်ပေးတာကြောင့် ဦးနှောက်အလယ်ရှိ ဟိုက်ပိုသားလမတ်စ်နေရာကို ထိန်းညှိပြီး အစာစားချင်စိတ်၊ အစာကြေညက်မှု၊ ဆာလောင်မှုနဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကိုပါ ထိန်းချုပ်ပေးပါတယ်။

alignnone size-medium wp-image-60168
(၁) လည်ကုပ်

လည်ကုပ်နေရာကို လက်နှစ်ဖက်နဲ့ ညင်ညင်သာသာ ဖိနှိပ်ပေးပါ။ ဒီအမှတ်က ဆံစပ်နဲ့လည်ကုပ် ဆုံတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာကို ဖိနှိပ်ပေးတာကြောင့် စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်ဝေဒနာတွေကို သက်သာစေပါတယ်။

alignnone size-medium wp-image-60169
(၂) လက်ညှိုးနှင့် လက်မကြား

လက်ညှိုးနဲ့ လက်မကြား အသားစိုင်နေရာကို ဖိနှိပ်ပေးပါ။ အဲဒီနေရာကို ဖိနှိပ်ပေးတာကို ၃၀ စက္ကန့်ကြား ထိန်းထားပါ။ ဆာလောင်မှုကို ထိန်းချုပ်နိုင်တဲ့အပြင် နာကျင်မှုနဲ့ စိတ်ဖိစီးမှုကိုပါ သက်သာစေပါတယ်။ ဒီအမှတ်နေရာကို ဖိနှိပ်တာက သိုင်းရွိုက်ကိုပါ လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် အင်ဆူလင်ထွက်ရှိမှုနဲ့ သွေးတွင်းသကြားဓာတ်အဆင့်ကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်ပါလိမ့်မယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာက အချိုစာစားချင်စိတ်ကို ဖြစ်စေသလို သကြားကဲတဲ့ အစားအသောက်တွေကို စားမိစေနိုင်ပါတယ်။

alignnone size-medium wp-image-60170
(၃) နှာခေါင်း

မျက်ခုံးနှစ်ခုကြား နှာတံနေရာကို ဖိနှိပ်တာက အလွန်ထိရောက်မှုရှိပါတယ်။ အဲဒီနေရာမှာ အာရုံကြောအားလုံး စုဆုံပြီး အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတာကြောင့် ဆီရိုတိုနင်ဓာတ် ထွက်ရှိစေပါတယ်။ ဆီရိုတိုနင်က စိတ်ခံစားမှုကောင်းစေတဲ့ နျူရိုထရန်စမစ္စတာဖြစ်ပြီး အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top