———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
သားလေးထူးခြားဟာ မိခင်နဲ့အတူ အိမ်လည်သွားပါတယ်။ အိမ်ရှင်က ချိုချဉ်ဘူးတည်တော့ သားလေးထူးခြားက မစားတာနဲ့ အိမ်ပြန်ချိန်မှာ ပုလင်းဖွင့်ပြီး-
“သားကြိုက်သလောက် ယူသွား . .သား”
ထူးခြားက လုံးဝမယူ။
“သားစားချင်ရင် ယူလိုက်လေ”လို့ မိခင်က ပြောသော်လည်း ထူးခြားက တုပ်တုပ်မှမလှုပ်။
နောက်ဆုံးမှာတော့ အိမ်ရှင်ဦးလေးကြီးက သူ့လက်ဖဝါးနဲ့ဆုပ်ယူပြီး ထူးခြားရဲ့ အင်္ကျီအိပ်ကပ်ထဲကို အတင်းထည့်ပေးရတော့တယ်။
အဲဒီအခါ ထူးခြားက “ကျေးဇူးတင်ပါတယ် ခင်ဗျာ”လို့ ယဉ်ယဉ်ကျေးကျေး ဆိုပါတယ်။
အပြန်လမ်းမှာ မိခင်ဖြစ်သူက “ဦးလေးကယူခိုင်းနေတာကို သားက ချိုချဉ်ကြိုက်ရဲ့နဲ့ ဘာလို့မယူတာလဲ”လို့ မေးတဲ့အခါ-
“အလိုကြီးရင် အရနည်းတယ်ဆိုတဲ့ စကားပုံက မှန်၊ မမှန် သားလက်တွေ့စမ်းကြည့်တာပါ မေမေ”
မိခင်က အံ့သြသွားတယ်။
“ဘယ်လိုမျိုးလဲ သားရဲ ့”
“သားက ချိုချဉ်ကို အားရဝမ်းသာနဲ့ ယူလိုက်ရင် သားလက်ဖဝါးသေးသေးလေးနဲ့ဆို ၃-၄ လုံးပဲရမှာလေ မေမေ။ အခုတော့ မလိုချင်ဘူးဆိုပြီး စိတ်ကိုတင်းထားလိုက်တော့ ဦးလေးကြီးက သူ့လက်ဖဝါးနဲ့ဆုပ်ပြီး ပေးလိုက်တာ ၁၀ လုံးတောင်ရတာ မေမေရဲ့ . .”အလိုကြီးအရနည်း”၊ “အလိုကင်းရင် အလိုလိုပြည့်တယ်”ဆိုတဲ့ မေမေပြောနေကျစကားက တကယ်မှန်တာပဲ မေမေ”