Healthy Life Ad
Health Tips

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဆက်စပ်နေသည့် နည်းလမ်းများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာရေးဆိုတာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုင်ရာ ကောင်းမွန်ပြည့်စုံတဲ့ အခြေအနေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဆိုထားပါတယ်။

(၁) အာဟာရ

အာဟာရမပြည့်စုံခြင်း၊ ပြုပြင်ထားတဲ့ အစားအသောက်တွေ စားသောက်ခြင်း၊ အာဟာရဓာတ်ချို ့တဲ့ခြင်း စတဲ့ အာဟာရမလုံလောက်မှုဖြစ်တာက စိုးရိမ်သောကများတာနဲ့ စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။

(၂) ရေဓာတ်ပြည့်ဝမှု

ရေအလုံအလောက် မသောက်ဖြစ်တာ၊ ရေဓာတ်ခမ်းခြောက်တာက တွေးခေါ်နိုင်စွမ်း ထိခိုက်ပြီး စိတ်ခံစားမှုအပြောင်းအလဲ ဖြစ်တတ်ပါတယ်။

(၃) လေ့ကျင့်ခန်း

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုများတာ စတဲ့ ဝေဒနာလက္ခဏာတွေကို လျော့ကျစေပါတယ်။

(၄) အိပ်စက်မှု

အိပ်စက်တဲ့ပြဿနာက စိတ်ဓာတ်ကျခြင်း၊ စိတ်ကြွစိတ်ကျဝေဒနာဖြစ်ခြင်း၊ စိုးရိမ်သောကများခြင်း၊ အာရုံစူးစိုက်နိုင်စွမ်းချို ့တဲ့ပြီး အတက်ကြွလွန်ရောဂါဖြစ်ခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိနေပြီး အိပ်ရေးဝတာက စိတ်ခံစားမှုကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

(၅) မူးယစ်ဆေးဝါးသုံးစွဲခြင်း

အရက်နဲ့ မူးယစ်ဆေးဝါးတွေသုံးတာက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကများခြင်းနဲ့ တခြားစိတ်ကျန်းမာရေး ပြဿနာတွေကို ပိုဆိုးစေပါတယ်။

(၆) နာမကျန်းမှု

နာမကျန်းမှုဝေဒနာ ခံစားရရင် စိုးရိမ်သောကများတာနဲ့ စိတ်ဖိစီးမှုများတာတို့ ဖြစ်စေသလို အခြေခံအကြောင်းရင်းအနေနဲ့ စိုးရိမ်သောကများတာ၊ စိတ်ဓာတ်ကျတာတို့ ရှိရင်လည်း နာမကျန်းမှုကို ပိုဆိုးစေနိုင်ပါတယ်။

(၇) လူမှုဆက်ဆံရေးမကောင်းမွန်ခြင်း

လူမှုဆက်ဆံရေး မကောင်းမွန်တာက စိတ်ခံစားမှုကို မကောင်းဖြစ်စေပြီး စိတ်ဓာတ်ကျတာလို စိတ်ကျန်းမာရေးပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top