Healthy Life Ad
Health Tips

အသားအရေ ယားယံခြောက်သွေ့မှု ကင်းဝေးစေမည့် နည်းလမ်းများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

သင့်အသားအရေရဲ ့ စိုပြေမှုဟာ အသားအရေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လေထုရဲ ့စိုထိုင်းဆပေါ်မှာလည်း အကြီးအကျယ် မူတည်နေပါတယ်။ ဒါကြောင့် ခြောက်သွေ့အေးမြတဲ့နေရာမှာ နေထိုင်သူတွေအနေနဲ့ စိုထိုင်းဆကနည်းပြီး လေထုက ခြောက်သွေ့နေတာကြောင့် လူအများစုရဲ့ အသားအရေက ခြောက်သွေ့ယားယံနေတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့ အသားအရေအခြေအနေကို ကုသနိုင်ဖို့အတွက် မခက်ခဲတာကြောင့် သိပ်စိတ်ပူစရာတော့ မလိုပါဘူး။

(၁) တစ်နေ့မှာတစ်ကြိမ် ရေချိုးရင် အချိန်ငါးမိနစ်- ၁၀ မိနစ်ထက်မကြာစေသင့်ပါဘူး။ ရေချိုးတဲ့အခါမှာ ပူတဲ့ရေကို တတ်နိုင်သမျှ မသုံးပါနဲ့။ ရေပူဟာ အရေပြားရဲ့ သဘာဝအစိုဓာတ်ကို ကင်းစင်သွားစေတာကြောင့် အေးတဲ့အခါ ကြက်သီးနွေးရေနဲ့ချိုးပါ ဒါမှမဟုတ် ရေအေးနဲ့ချိုးပါ။

(၂) ရေချိုးပြီး ဆပ်ပြာတိုက်တဲ့အခါ ဆပ်ပြာခဲအစား အစိုဓာတ်ပါတဲ့ သန့်စင်ဆေးရည်နဲ့ တိုက်ချွတ်သန့်စင်ပါ။ အနံ့မွှေးလွန်းတဲ့ဆပ်ပြာ၊ အယ်လ်ကိုဟောပါတဲ့ဆပ်ပြာနဲ့ ကြေးချွတ်ပစ္စည်းပါတဲ့ ဆပ်ပြာတို့ကို မသုံးပါနဲ့။

(၃) ရေချိုးပြီးပြီးချင်း ဒါမှမဟုတ် လက်ဆေးပြီးပြီးချင်း အစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းနိုင်အောင် ဘော်ဒီလိုးရှင်းကို ချက်ချင်းပြန်လိမ်းပေးဖို့ လိုပါတယ်။

(၄) အဝတ်အစားတွေကို လျှော်ဖွပ်သန့်စင်တဲ့အခါ မွှေးရနံ့မပါတဲ့ အဝတ်လျှော်ဆပ်ပြာကိုသာသုံးပါ။ ဆပ်ပြာကို ပြောင်အောင်လျှော်ပါ။

(၅) ဘေးပတ်ဝန်းကျင်က လေထုကို တတ်နိုင်သမျှ စိုစွတ်နေအောင် ထားရှိပါ။ လေထုက ခြောက်သွေ့နေတယ်လို့ ထင်ရချိန်မှာ လေထုစိုထိုင်းစေတဲ့စက် (Humidifier)ကို တပ်ဆင်ထားပါ။

(၆) ရေချိုးရင်း ကြေးချွတ်တဲ့အခါ ကြမ်းတမ်းတဲ့ ရေချိုးဘရပ်ရှ်တွေနဲ့ ပွတ်တိုက်တာမျိုး မလုပ်သင့်ပါ။ အဝတ်စနဲ့ ခပ်ကြမ်းကြမ်းပွတ်တိုက်တာမျိုးကို ရှောင်ပါ။ ဒီနည်းလမ်းတွေဟာ အသားအရေကို ခြောက်သွေ့ကြမ်းတမ်း နွမ်းနယ်စေနိုင်ပါတယ်။

(၇) ရေချိုးရင်း အရေပြားကို ကုတ်ခြစ်တာမျိုး မလုပ်ပါနဲ့။ ညင်ညင်သာသာပဲ ကြေးချွတ်ပေးပါ။

Most Popular

Healthy Life Ad
To Top