Healthy Life Ad
Q & A

အရေပြားခြောက်သွေ့စေသော နေထိုင်မှုပုံစံများ

—–၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ၊—–

Q. ဘယ်လိုနေထိုင်မှုပုံစံတွေက အရေပြားခြောက်သွေ့မှုကို ဖြစ်စေပါသလဲ။

A. Lifestyle ထဲမှာ ရေကူးတဲ့သူတွေဆိုရင် အရေပြားပိုခြောက်သွေ့တတ်ပါတယ်။ ရေထဲမှာ အကြာကြီးစိမ်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင်လည်း အရေပြားခြောက်သွေ့မှုများတယ်။ ပန်းကန်တွေအများကြီးကို လက်အိတ်မပါဘဲ ဆေးရတဲ့သူတွေမှာလည်း လက်အရေပြား ခြောက်သွေ့တတ်ပါတယ်။ အားကစားသမားတွေ ချွေးအရမ်းထွက်တယ်၊ အရေပြားကခြောက်သွေ့ပြီးကျန်တတ်တယ်။ အခုနောက်ပိုင်း ဝိတ်လျှော့တဲ့အခါ မျှတတဲ့ ဗီတာမင်၊ အထူးသဖြင့် ဗိတာမင် အေ၊ အီး၊ စီတွေ အလုံအလောက် မရတဲ့အခါ ဝိတ်ကျပေမယ့် အရေပြားက ခြောက်သွေ့ပြီး ကျန်တတ်တယ်။ တချို့ ရေသောက်နည်းတဲ့ သူတွေဆိုရင် ရေမသောက်ဖြစ်တဲ့အတွက် အရေပြားခြောက်သွေ့ တတ်ပါတယ်။ အရေပြားခြောက်သွေ့တဲ့ အကြောင်းတွေက အများကြီးရှိနေပါတယ်။

Most Popular

Healthy Life Ad
To Top