Healthy Life Ad
Health Tips

ရိုးတွင်းခြင်ဆီရောဂါများ (Bone Marrow Diseases)

———၊ ဒေါက်တာတင့်ဆွေ ၊———

ကျွန်တော့်နာမည်က (—) ပါ။ အသက်က ၃၀ ပါ။ လက်ရှိ (..…) မှာနေပါတယ်။ အိမ်ထောင်မရှိပါ။ ရိုးတွင်းခြင်ဆီနဲ့ ပတ်သက်တဲ့ ရောဂါတွေအကြောင်း စုံလင်စွာသိချင်လို့ပါ ခင်ဗျာ။

ရိုးတွင်းခြင်ဆီဆိုတာ အရိုးထဲက အရိုးပွကိုခေါ်တယ်။ အရိုးတိုင်းမှာတော့မရှိပါ။ Sternum ရင်ညွန့်ရိုး၊ Sternum တင်ပါးဆုံရိုး၊ Femur ပေါင်ရိုးတွေမှာရှိတယ်။ သူ့ထဲမှာ ကနေ့ဆေးပညာမှာ ခေတ်စားလာတဲ့ Stem cells (စတင်မ်-ဆဲလ်) ဆိုတာတွေရှိတယ်။ အမှန်က မရင့်ကျက်သေးတဲ့ Immature cells (ဆဲလ်)တွေဖြစ်တယ်။ သူတို့ကနေ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမှုန်တွေဖြစ်လာရတယ်။

ရိုးတွင်းခြင်ဆီမှာ ရောဂါရရင် အဲဒါတွေဖြစ်လာမှာကို နည်းစေး၊ များစေတယ်။ Leukemia ဆိုတာ ပုံမှန်မဟုတ်တဲ့ သွေးဖြူဥတွေ ဖြစ်လာတဲ့ ကင်ဆာဖြစ်တယ်။ Aplastic anemia (အေပလပ်စတစ်) သွေးအားနည်းရောဂါဖြစ်နေရင် သွေးဖြူဥတွေမထုတ်နိုင်ဘူး။ Lymphoma (လင်ဖိုးမား) ကင်ဆာဖြစ်ရင်လည်း ရိုးတွင်းခြင်ဆီကို ပြန့်လာမယ်။ Genetic makeup မျိုးဗီဇနဲ့ Environmental factors ပတ်ဝန်းကျင် သက်ရောက်မှုတွေကနေလည်း ရိုးတွင်းခြင်ဆီရောဂါတွေ ဖြစ်လာစေနိုင်တယ်။

တမျိုးမျိုးကို လိုတာထက်ပိုထုတ်နေရင် ကျန်တာတွေထုတ်တာကို နည်းစေမယ်။ တည်နေနိုင်အောင် ထောက်ကူရတဲ့ (တစ်ရှူး)တွေက ပိုများများဖြစ်နေရင် (ဆဲလ်)အရေအတွက်နဲ့ ပုံသဏ္ဌာန်ပြောင်းစေမယ်။ (ဆဲလ်)တွေ သက်တမ်းကုန်တာ နောက်ကျရင်လည်းများနေမယ်။ သေတာမြန်တာလည်း ဖြစ်နိုင်တယ်။ သံဓာတ်နည်းနေရင်လည်း Microcytic anemia ရောဂါရစေမယ်။ တခြားနေရာကရောဂါတွေ သူ့ဆီကူးလာရင်လည်း သူ့အလုပ်ထိခိုက်တဲ့ရောဂါ ရစေတယ်။

“Leukemia ဆိုတာ ပုံမှန်မဟုတ်တဲ့ သွေးဖြူဥတွေ ဖြစ်လာတဲ့ကင်ဆာဖြစ်တယ်။ Aplastic anemia (အေပလပ်စတစ်) သွေးအားနည်းရောဂါဖြစ်နေရင် သွေးဖြူဥတွေမထုတ်နိုင်ဘူး။ Lymphoma (လင်ဖိုးမား)ကင်ဆာဖြစ်ရင်လည်း ရိုးတွင်းခြင်ဆီကို ပြန့်လာမယ်” . . .

Leukemia အကြောင်းရေးပြီး ဖြစ်ပါတယ်။

Myeloproliferative disorders (MPD) ဆိုတာက အုပ်စုလိုက်ရှိတယ်။ သက်တမ်းနုသေးတဲ့ (ဆဲလ်)တွေ ပိုထုတ်ပေးနေတယ်။ သွေးဖြူဥ ၅ မျိုးထဲက တမျိုးမျိုး၊ သွေးနီဥနဲ့ သွေးမှုံကဲပြီး ဖြစ်လာမယ်။ မရင့်သေးရင် ရိုးတွင်းခြင်ဆီကနေ မထွက်လို့ အထဲမှာ ရင့်မှည့်မှုမတူတာတွေ ရောထွေးနေမယ်။

Myelodysplastic Syndrome (MDS) ဆိုတာကလည်း အုပ်စုလိုက်ရှိတယ်။ (ဆဲလ်)ထုတ်လုပ်မှု မူမမှန်တာဖြစ်နေတယ်။ အရေအတွက်နည်းလို့ သွေးအားနည်းမယ်။ ရောဂါပိုးဝင်လွယ်မယ်။ သွေးထွက်လွယ်မယ်။ နောက်ပိုင်းမှာ Acute myeloid leukemia ဆိုတာ ဖြစ်လာစေတယ်။

Aplastic anemia (အေပလပ်စတစ်) သွေးအားနည်းရောဂါဆိုတာ သွေးနီဥဖြစ်လာစေမယ့် Stem cell တွေထုတ်ပေးတာ နည်းလို့ဖြစ်လာတယ်။ Benzene (ဘင်ဇင်း)၊ Radiation ဓာတ်ရောင်ခြည်နဲ့ တချို့ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မျိုးဗီဇချို့ယွင်းလို့ Fanconi’s anemia လဲဖြစ်နိုင်တယ်။ Human parvovirus ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်တယ်။

Plasma cell disorders ဆိုတာ B Lymphocyte နဲ့ သူ့ Antibody protein ကြောင့်ဖြစ်တယ်။

ရိုးတွင်းခြင်ဆီရောဂါလက္ခဏာတွေက အမျိုးမျိုးဖြစ်နိုင်တယ်။

• Fever ဖျား၊

• Weakness, fatigue, and pallor due to anemia အားယုတ်၊ သွေးအားနည်း၊ ဖြူဖတ်ဖြူရော်ဖြစ်၊

• Weight loss ကိုယ်အလေးချိန်ကျ၊

• Swollen lymph nodes, liver, spleen, kidneys, and testicles တက်စိ၊ ဘေလုံး၊ ကျောက်ကပ်၊ ကျား-အစိတွေကြီးလာ၊

• Bleeding and bruising သွေးယို၊ သွေးခြည်ဥ၊

• Night sweats ညချွေးထွက်၊

• Bone and joint pain အရိုး၊ အဆစ်တွေနာ၊

• Frequent infections ရောဂါပိုး ခဏခဏဝင်၊

• Headaches, vomiting, confusion, and seizures ဦးနှောက်မှာသက်ရောက်ရင် ခေါင်းကိုက်၊ အန်၊ စိတ်ရှုပ်ထွေး၊ တက်တာတွေဖြစ်နိုင်တယ်။

Tests စစ်ဆေးနည်းတွေ –

• Complete blood count (CBC) and differential သွေးစစ်ရမယ်။

• Bone marrow aspiration/biopsy လုပ်မယ်။

• Flow Cytometry စမ်းသပ်နည်းလုပ်မယ်။

• Genetic Tests မျိုးဗီဇစစ်နိုင်တယ်။

• Lumbar puncture ခါးရိုးဆစ်က အရည်ဖောက်စစ်မယ်။

• X-rays ဓာတ်မှန်ရိုက်မယ်။

Treatment ဘယ်လိုကုသမလဲ

ကာကွယ်လို့မရပါ။ ကုသနည်းတွေမှာ Medicines ဆေးဝါး၊ Blood transfusions သွေးသွင်းတာလုပ်တယ်။ တခြားကုသနည်းတွေနဲ့ မသက်သာရင် Bone marrow transplant ရိုးတွင်းခြင်ဆီ အစားထိုးနည်းတွေ သုံးရတယ်။ Leukemias ဖြစ်ရင် Chemotherapy or Radiation နည်းတွေနဲ့ ကုသတယ်။ Acute leukemia ကို တခါတလေ ကုလို့ရတယ်။

Most Popular

Healthy Life Ad
To Top