Healthy Life Ad
Health Tips

သစ်ကြားသီး၏ ကျန်းမာရေးစွမ်းပကား

———၊ ငွေကြယ်စင်ယံ ၊———

သဘာဝကပေးတဲ့ အကောင်းဆုံးအစားအစာထဲမှာ အခွံမာသီးတွေဟာလည်း တစ်မျိုးအပါအဝင်ပါ။ အခွံမာသီးတွေမှာ ပရိုတင်းဓာတ်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီအခွံမာသီးတွေထဲမှာ သစ်ကြားသီးကတော့ ဘုရင်တစ်ဆူလို့တောင် တင်စားခေါ်ဝေါ်နိုင်ပါတယ်။ အကြောင်းကတော့ သစ်ကြားသီးဟာ တခြားအခွံမာသီးတွေထက် အင်တီအောက်ဆီးဒင့် ပိုမိုများပြားစွာ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်လို့ စခရေတန်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

သစ်ကြားသီးကို မြေပဲ၊ ဗာဒံစေ့၊ Pistachios နဲ့ တခြားအခွံမာသီးတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ သစ်ကြားသီးလက်တစ်ဆုပ်စာမှာ တခြားပမာဏတူ အခွံမာသီးတွေထက် အင်တီအောက်ဆီးဒင့် နှစ်ဆနီးပါး ပိုမိုပါဝင်ကြောင်း လေ့လာမှုအရ သိရပါတယ်။

အခွံမာသီးတွေက ဘယ်လောက်အထိ ကျန်းမာရေးအတွက် သင့်တော်သလဲဆိုတာကို မသိကြတာကြောင့် လူအများစုက အခွံမာသီးကို မစားဖြစ်ကြတာပါ။ ဒါ့အပြင် အခွံမာသီးကြောင့် ကယ်လိုရီနဲ့ အဆီဓာတ်တွေ ရလာမှာကို စိုးရိမ်ကြလို့ပါ။ အခွံမာသီးတွေမှာ နှလုံးအတွက်မကောင်းတဲ့ ပြည့်ဝဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေ ပါဝင်နေတာကြောင့်ပါ။ အခွံမာသီးတွေကို စားတာက ကိုယ်အလေးချိန်ကို မမြင့်တက်စေပါဘူး။ အကြောင်းကတော့ အခွံမာသီးစားတာကြောင့် ဗိုက်ပြည့်စေပြီး အစာကို အလွန်အကျွံမစားဖြစ်စေလို့ပါပဲ။

Most Popular

Healthy Life Ad
To Top