Healthy Life Ad
Health Tips

သင့်ကလေး အစာကောင်းကောင်းစားပါစေ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကလေးတွေကို အသက်ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသင့်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ကလေးငယ်ရဲ ့ အသက်ခြောက်လ ကျော်လာပြီဆိုရင်တော့ ကလေးငယ်ကို ဖြည့်စွက်စာကျွေးဖို့ လိုအပ်လာပါပြီ။ ခြောက်လအထက် ကလေးတွေကို ဖြည့်စွက်စာကျွေးရတာရော၊ ဒီ့ထက် အသက်ပိုကြီးလာတဲ့ ကလေးတွေကို အစာကျွေးရတာရောဟာ အလွန်မလွယ်ကူတဲ့ကိစ္စပါ။ ကလေးတွေဟာ အစားအစာစားရတာထက် ကစားရတာကို ပိုမက်မောတတ်တာကြောင့် ဖြစ်ပါတယ်။ ကလေးငယ်အနေနဲ့ သူ့အတွက်လိုအပ်တဲ့ အစာအာဟာရတွေကို အလုံအလောက်ရရှိစေဖို့ မိဘနဲ့ အုပ်ထိန်းသူတိုင်း လိုက်နာသင့်တဲ့အချက်တွေ ရှိနေပါတယ်။

alignnone size-medium wp-image-60001
ဆန်ပြုတ်ပျစ်ပျစ်ကို ဆီထည့်ပြီးကျွေးပါ

သွားကောင်းကောင်း မပေါက်သေးတာကြောင့် ကြေညက်အောင် ဝါးမစားနိုင်သေးတဲ့ ကလေးတွေကို လူကြီးစားတဲ့ ထမင်းကို ဝါးကျွေးတာမျိုး မလုပ်ပါနဲ့။ ဒါကြောင့် ကလေးစားနိုင်တဲ့ ပမာဏဖြစ်အောင် ဆန်ကိုပျစ်နေအောင်ပြုတ်ပြီး ဆီထည့်ကာကျွေးပါ။

ပရိုတင်းဓာတ်ကျွေးပါ

ကလေးငယ်ရဲ ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းဓာတ်ကလည်း အရေးပါပါတယ်။ ကလေးငယ်ကို ပရိုတင်းဓာတ်ရအောင် ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးနဲ့ ပဲ စတာတွေကို နူးညံ့အောင်ချက်ပြုတ်ပြီး ကလေးကိုကျွေးတဲ့ ဆန်ပြုတ်ထဲ ထည့်ကျွေးပါ။ ထမင်းပျော့ပျော့ကို စားနိုင်လာတဲ့ ကလေးတွေကို အသားပျော့ပျော့နဲ့အတူ ရောခြေကာကျွေးပါ။

alignnone size-medium wp-image-60002
ဟင်းသီးဟင်းရွက်နှင့် သစ်သီးကျွေးပါ

ကလေးတွေကို ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေရရှိစေဖို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ကျွေးသင့်ပါတယ်။ ကလေးတွေကို သရေစာအဖြစ် ငှက်ပျောသီးပျော့ပျော့တွေကို ဇွန်းနဲ့ဖြစ်ပြီး ကျွေးနိုင်သလို လိမ္မော်သီး၊ ပန်းသီး စတာတွေကို ဖျော်ရည်ဖျော်ကာ တိုက်နိုင်ပါတယ်။ ကလေးကိုကျွေးတဲ့ ထမင်းထဲကိုလည်း ဟင်းသီးဟင်းရွက်တွေကို တစ်နေ့တစ်မျိုးနဲ့ နည်းနည်းချင်းထည့်ကာ ကြေအောင်ခြေပြီး ကျွေးကြည့်ပါ။

ပုံစံပြောင်းလဲပြီး ကျွေးပါ

ကလေးတွေကို နေ့တိုင်း ဒီအစာတွေချည်း ပုံစံတစ်မျိုးတည်းကျွေးနေရင် ကလေးအနေနဲ့ ငြီးငွေ့သွားနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်အမျိုးမျိုးကို ပြောင်းလဲပြီး အသစ်တွေကို ကျွေးကြည့်ပါ။

မိခင်နို့မဖြတ်သင့်ပါ

ကလေးအစာမစားရင် မိခင်နို့ဖြတ်လိုက်ဖို့ ပတ်ဝန်းကျင်က အကြံပေးကြပါလိမ့်မယ်။ မဖြတ်သင့်ပါဘူး။ လေ့လာမှုတစ်ရပ်အရ မိခင်နို့ချိုကို အချိန်ခြောက်လထက် ပိုစို့တဲ့ကလေးတွေဟာ အချိန်ခြောက်လအောက်စို့သူ ကလေးတွေထက် အစားအသောက်မှာ ကြေးများတဲ့သူတွေ ဖြစ်လာတတ်ကြောင်း သိရပါတယ်။ ဒါကြောင့် သင့်ကလေးကို အစားအသောက် ကြေးများတဲ့သူမဖြစ်စေချင်ရင် မိခင်နို့ကို အချိန်ကြာကြာ တိုက်ပေးပါ။

alignnone size-medium wp-image-60003
စိတ်ရှည်ရှည်ထားပါ

ကလေးတွေကို အစာကောင်းကောင်းစားအောင် အော်ဟစ်ငေါက်ငမ်းပြီးကျွေးရင် ကလေးရဲ့ စားချင်စိတ်က ပိုလျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ထမင်းကျွေးရာမှာ စားချင်လာအောင် စိတ်ရှည်ရှည်ထားပြီး ကျွေးပါ။ အထူးသဖြင့် ပုံပြင်တွေဖန်တီးပြီး ကျွေးရင် ကလေးက ပိုစားလာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top