Healthy Life Ad
Health Tips

သင်္ဘောရွက်၏ ကျန်းမာရေးကောင်းကျိုးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကျွန်မတို့အညာမှာ သင်္ဘောရွက်နုနုကို ရေစင်အောင်ဆေး၊ ရေနွေးထဲခဏစိမ်ပြီး နုပ်နုပ်စင်းကာ လက်ဖက်သုပ်ထဲ ထည့်စားလေ့ရှိပါတယ်။ သင်္ဘောရွက်နုနုကို ရေနွေးဖျောပြီး အတို့အမြှုပ်အနေနဲ့လည်း စားလေ့ရှိကြပါတယ်။ အဲဒီလို စားတာကြောင့် အောက်ပါကောင်းကျိုးတွေ ရရှိစေပါတယ်။

(၁) ကင်ဆာကို ဟန့်တားနိုင်စွမ်းရှိခြင်း

သင်္ဘောရွက်မှာ အင်ဇိုင်းတွေပါတဲ့အတွက် ရင်သား၊ သားအိမ်ခေါင်း၊ အဆုတ်နဲ့ အသည်းကင်ဆာ ဖြစ်ပွားမှုကို ဟန့်တားပေးနိုင်စွမ်း ရှိပါတယ်။

(၂) သွေးလွန်တုပ်ကွေးအဖျား သက်သာစေခြင်း

သင်္ဘောရွက်က သွေးလွန်တုပ်ကွေးအဖျားကို သက်သာစေပါတယ်။ ဒါပေမဲ့လည်း သွေးလွန်တုပ်ကွေးဖြစ်ရင် ဆေးရုံကို အမြန်ဆုံး သွားပြဖို့လိုပါတယ်။

(၃) ငှက်ဖျားရောဂါကို ဟန့်တားနိုင်စွမ်းရှိခြင်း

သင်္ဘောရွက်က ငှက်ဖျားရောဂါသက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ လေ့လာမှုတွေက သက်သေပြထားပါတယ်။

(၄) ဗိုင်းရပ်စ်ပိုး ကာကွယ်ခြင်း

သင်္ဘောရွက်က ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်တဲ့ အစွမ်းရှိပါတယ်။

(၅) ကပ်ပါးပိုးသေစေသော အစွမ်းရှိခြင်း

သင်္ဘောရွက်မှာပါတဲ့ ကာပိန်းဒြပ်ပေါင်းက ခန္ဓာကိုယ်ကနေ ဖန်းဂတ်စ်မှို၊ ကပ်ပါးပိုးနဲ့ အူလမ်းကြောင်း တုပ်ပြားကောင်တွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။

(၆) ရာသီလာစဉ် ကိုက်ခဲနာကျင်မှု သက်သာခြင်း

သင်္ဘောရွက်မှာ ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို သက်သာစေတဲ့ သဘာဝအစွမ်း ရှိပါတယ်။

(၇) အသားအရေ ချောမွေ့ခြင်း

သင်္ဘောရွက်ကထွက်တဲ့ အရည်မှာ ဗီတာမင်အေနဲ့ ဗီတာမင်စီပါတဲ့အတွက် အသားအရေကျန်းမာပြီး ချောမွေ့သန့်စင်စေပါတယ်။

(၈) အသားအရေပြဿနာ သက်သာစေခြင်း

သင်္ဘောရွက်က နှင်းခူ၊ ဝက်ခြံအဖုအပိမ့်နဲ့ အရေပြားအပြစ်အနာအဆာ ထင်တာတွေကို ကုသရာမှာ သက်သာစေပါတယ်။ သဘောရွက်ကိုထောင်းပြီး အရေပြားအပြစ်အနာအဆာတွေပေါ် လိမ်းပေးရမှာပါ။

(၉) ဒဏ်ရာအနာများ ကျက်စေခြင်း

သင်္ဘောရွက်ကို လတ်လတ်ဆတ်ဆတ်ညှစ်ပြီး အနာတွေမှာ သုတ်လိမ်းပေးရင် အနာကျက်မြန်စေပါတယ်။ အကြောင်းကတော့ သင်္ဘောရွက်အရည်မှာ ပိုးသတ်အစွမ်းနဲ့ အနာကျက်အစွမ်း ရှိလို့ပါ။

(၁၀) ဘက်တီးရီးယားပိုး သေစေခြင်း

သင်္ဘောရွက်ဟာ ဘက်တီးရီးယားပေါက်ပွားမှုကို ဟန့်တားပေးပါတယ်။ သင်္ဘောရွက်မှာ ဘက်တီးရီးယားတားအစွမ်းသတ္တိ ပါဝင်မှုများလို့ပါ။

Most Popular

Healthy Life Ad
To Top