Healthy Life Ad
Health Tips

ဆားငံရည်နဲ အာလုပ်ကျင်းတာ Corona virus ကိုသေစေနိုင်သလား။

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှူသွင်းရာမှ နှာခေါင်းအတွင်းပိုင်းတွင် ပထမတွယ်ကပ်ပြီး ကလပ်စည်းများအတွင်း ဝင်ရောက်ကာ ပွားများကြပါတယ်။ ရှူထုတ်လိုက်တဲ့ လေ ၊ တံတွေး ၊ချွဲများမှာ ဗိုင်းရပ်စ်များစွာ ပါဝင်သည်ကို တွေ့ရှိရပါတယ်။ ထိုကလပ်စည်းအတွင်း ဝင်ရောက်ပွားများနေသော ဗိုင်းရပ်စ်များကို ဆားငံရည်နဲ့ အာလုပ်ကျင်းခြင်းဖြင့် သေစေတယ်ဆိုတဲ့ အထောက်အထားမရှိပါ။

၂၀၂၀ ဇွန်လ ၂၄ ရက်နေ့ BBC သတင်းဂျာနယ်တွင် ဖော်ပြချက်အရ စကော့တလန်ရှိ အီဒင်ဘာရာမြို ့မှာ သုတေသနစမ်းသပ်ချက်တစ်ခုအရ covid-19 လူနာများကို အုပ်စု ၂ စုခွဲ၍ ဆားငံရည်နှင့် အာလုပ်ကျင်းခြင်း ၊ ဆားငံရည်ကို နှာခေါင်းအတွင်းမှ ပြန်ထွက်စေခြင်းဖြင့် ဆေးကြောခြင်းပြုလုပ်ပြီး စမ်းသပ်ရာတွင် ဆားငံရည်ဖြင့် အာလုပ်ကျင်းသူများအုပ်စုတွင်

(၁) ချောင်းဆိုးသက်သာခြင်း

(၂) အအေးမိလက္ခဏာများသက်သာခြင်း

(၃) နာလံထမြန်ခြင်းတို့ကို တွေ့ရှိရပါသည်။

ထို့အပြင် ဗိုင်းရပ်စ်ပိုးကင်းစင်မှုမြန်ခြင်း၊ မိသားစုများ ကူးစက်မှုလျော့နည်းစေခြင်းတို့ကို တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

ထို့အတွက် ဆားငံရည်ဖြင့် အာလုပ်ကျင်းခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို မသေစေနိုင်သော်လည်း covid-19 လူနာများအနေဖြင့် ဆောင်ရွက်သင့်ပါသည်။

Most Popular

Healthy Life Ad
To Top