Healthy Life Ad
Health Tips

ယူရစ်-အက်စစ် (Uric acid)

———၊ ဒေါက်တာတင့်ဆွေ ၊———

Uric acid များရင် ဆိုးကျိုးက ဘာဖြစ်တတ်လဲ။ ၅.၇ ရှိရမှာကို ၈.၈ ဖြစ်နေတာပါ။ အစားအစာကရော ဘာတွေရှောင်ရမလဲဆိုတာ ပြောပြပေးပါ။

ဓာတုဗေဒကျောင်းသားတွေကတော့ Uric acid ဆိုတာ C5H4N4O3 လို့ရေးကြမယ်။ ဆေးကျောင်းသားတွေကတော့ သွေးထဲမှာ(ယူရစ်-အက် စစ်)များနေရင် Gout (ဂေါက်)ဆိုတဲ့ အဆစ်နာရောဂါဖြစ်မယ်လို့ သင်ကြရတယ်။ ဆရာဝန်တွေက သွေးထဲမှာ ယူရစ်-အက်စစ်များနေတာကို Hyperuricemia လို့ခေါ်တယ်။

ဘာလို့ ဒီဓာတ်များနေသလဲ။ မျိုးနဲ့ရိုးနဲ့ဆိုသလို များတတ်တယ်လို့ ပြောရင်လည်း မမှားဘူး။ နောက်တချက်က စားတဲ့အစာပေါ်မှာ မူတည်တယ်။ တိတိကျကျပြောရရင် အစားထဲမှာ Purinee နဲ့ Fructose များရင် Uric acid (ယူရစ်-အက်စစ်) များစေတယ်။ ဒီဓာတ်ကို ကျောက်ကပ်ကနေ စွန့်ထုတ်တော့ ကျောက်ကပ်မကောင်းရင် သွေးထဲမှာများနေမယ်။ အစာမစားဘဲနေတာ၊ ကိုယ်အလေးချိန် အမြန်ချတာ-ကျတာ လုပ်ရင် ယာယီများနေမယ်။ ယောကျာ်းတွေမှာ အသက်ကြီးလာရင် သံဓာတ်များလာပြီး ကြေးနီဓာတ်နည်းလာတယ်။ ဒါကနေဆက်ပြီး Uric acid များစေတယ်။ ဒါကြောင့် သွေးလှူပါ၊ တနေ့မှာ Cu 2 mg သောက်ပါ။

Gout ဂေါက်ရောဂါကို ဖြစ်စေတာ Uric acid များနေလို့ပါ။ အဆစ်တွေနဲ့ သွေးကြောမျှဉ်လေးတွေ အနီးအနားမှာ (ယူရစ်-အက်စစ်) ပုံဆောင်ခဲတွေ လာစုနေတယ်။ ဒါကိုအပ်နဲ့တူတဲ့ Crystals လို့ ပြောကြတယ်။ သကြားနဲ့ ချိုအောင်လုပ်ထားတဲ့ အရည်ကို တစ်နေ့ ၂ ခွက်နဲ့ ၂ ခွက်မက သောက်နေသူတွေဟာ ဂေါက်ရောဂါ ၈၅% ပိုဖြစ်စေနိုင်တယ်။ ဂေါက်ရောဂါအပြင် Cardiovascular disease နှလုံးသွေးကြောရောဂါ၊ Diabetes ဆီးချိုရောဂါ၊ Metabolic syndrome ရောဂါတွေနဲ့လည်း ဆက်စပ်နိုင်တယ်။ Uric acid stone ကျောက်ဖြစ်စေတတ်တယ်။

“ဘာလို့ ဒီဓာတ်များနေသလဲ။ မျိုးနဲ့ရိုးနဲ့ဆိုသလို များတတ်တယ်လို့ ပြောရင်လည်းမမှားဘူး။ နောက်တစ်ချက်က စားတဲ့အစာပေါ်မှာ မူတည်တယ်။ တိတိကျကျပြောရရင် အစားထဲမှာ Purine နဲ့ Fructose များရင် Uric acid (ယူရစ်-အက်စစ်) များစေတယ်။”

Uric acid နည်းနေတာ ဘာကြောင့်လဲ။

အစာထဲမှာ Zinc သွပ်ဓာတ်နည်းရင်၊ အမျိုးသမီးတွေမှာ Oral contraceptive ကိုယ်ဝန်တားစားဆေးသောက်နေရင် နည်းနိုင်တယ်။ သံဓာတ်နည်း သွေးအားနည်းရောဂါ ရှိနေရင်လည်း နည်းတယ်။ ဒီဓာတ်နည်းနေသူတွေနဲ့ Multiple sclerosis ရောဂါဆက်စပ်နေတယ်။ အရက်အကြာကြီး သောက်သူ။ နာတာရှည် ကျောက်ကပ်ရောဂါရှိသူ၊ ခဲဆိပ်သင့်သူတွေမှာ ဆီးထဲမယ် (ယူရစ်-အက်စစ်) နည်းနေတာ တွေ့ရမယ်။

ဒီဓာတ်များနေတယ်ဆိုတာ အမျိုးမျိုးဖြစ်နေနိုင်တယ်။ Gout ဂေါက်ရောဂါရှိသူ၊ ကင်ဆာနောက်ပိုင်းရောက်နေသူ၊ ရိုးတွင်းခြင်ဆီနဲ့ သွေးဖြူဥရောဂါရှိနေသူ၊ အစားထဲမှာ ဒီဓာတ်များနေသူ၊ Rhabdomyolysis, LeschNyhan syndrome, Fanconi syndrome ရောဂါရှိနေသူတွေမှာ များနေမယ်။

ဆီးထဲမှာ ဒီဓာတ်ကိုစစ်ရင် ၂၄ နာရီခံထားတဲ့ ဆီးယူရတယ်။ ဆီးမခံခင် အရက်၊ Allopurinol, Ibuprofen, Aspirin, Thiazide diuretics, vitamin C, Probenecid ဆေးတွေ သောက်မထားရဘူး၊ သွေးမစစ်ခင် ၄ နာရီအတွင်း အစာမစားရဘူး။ Alcohol အရက်အပြင် Ascorbic acid, Aspirin, Caffeine, Cisplatin, Diazoxide, Diuretics, Epinephrine, Ethambutol, Levodopa, Methyldopa, Nicotinic acid, Phenothiazines နဲ့ Theophylline ဆေးတွေ မသောက်ရဘူး။ Allopurinol, Azathioprine, Clofibrate, Corticosteroids, Estrogen, Glucose, Guaifenesin, Mannitol, Pro­benecid နဲ့ Warfarin ဆေးတွေကနေလည်း သက်ရောက်စေနိုင်တယ်။

Acidosis, Alcoholism, Diabetes, Gout, Hypoparathyroidism, Lead poisoning, Leukemia, Nephrolithiasis, Polycythemia vera, Renal failure, Toxemia of pregnancy, Purine-rich diet, Excessive exercise နဲ့ Chemotherapy-related side effects တွေကြောင့် သွေးထဲမှာများနေတာ တွေ့ရမယ်။

Fanconi syndrome, Wilson’s disease, Syndrome of inappropriate antidiuretic hormone (SIADH) secretion နဲ့ Low purine diet တွေကြောင့် သွေးထဲမှာနည်းနေတာ တွေ့ရမယ်။

• ၂၅၀ to ၇၅၀ milligrams per 24 hours ဆိုတာ ပုံမှန်ဆီးအဖြေဖြစ်တယ်။

• 3.0 နဲ့ 7.0 mg/dL အတွင်းရှိရင် ပုံမှန်သွေးအဖြေဖြစ်တယ်။

• သွေးထဲမှာ 6 mg/dL သာရှိပေမဲ့ Gout ရောဂါရသူနဲ့ 9.6 mg/dL အထိရှိပေမဲ့ ရောဂါမရှိတာတွေ့ရတယ်။

• ဓာတ်ခွဲခန်းတွေ တခုနဲ့တခု ကွဲလွဲတာလေးတွေရှိတာ သတိပြုပါ။

အစာလည်း ဆေး၊ ဆေးလည်း အစာ

အသား၊ ငါး၊ အသဲ၊ ဥ၊ ပင်လယ်စာ၊ နှလုံး၊ ဝက်ပေါင်ခြောက်၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုန့်၊ ကော်ဖီ၊ လက်ဘက်ရည်၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ချဉ်တဲ့ (ခရင်မ်)၊ ဒိန်ချဉ်(ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ်ဓာတ်များစေတယ်။ ယူရစ်-အက်စစ်များတယ်။
Cranberry ဖျော်ရည်၊ ချယ်ရီဖျော်ရည်၊ ပန်းသီးဖျော်ရည်သောက်ပါ။ ရေများများသောက်ပါ။

လိမ္မော်၊ သံပရာ၊ ရှောက်၊ ကမ္ဗလာသီး၊ Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach, Citrus fruits, Legumes, Bananas, Celery, Tomatoes, Key Lime, Citron, Wild Orange, Pomelo, Mandarin Orange, Trifoliate Orange, Round Lime တွေကို အသင့်အတင့် စားနိုင်တယ်။

Most Popular

Healthy Life Ad
To Top