Healthy Life Ad
Health Tips

အမျိုးသားများ၏ လိင်မှုဘဝကို အဆင်မပြေဖြစ်စေသည့် ပြဿနာရှစ်ခု

———၊ ကိုထက် ၊———

အိမ်ထောင်ရှင်အမျိုးသားတွေအနေနဲ့ တစ်ခါတလေ Sex ကိစ္စမှာ အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရတာက ပန်းသေပန်းညှိုးရောဂါ တစ်ခုတည်းကြောင့်မဟုတ်ဘဲ အောက်ပါပြဿနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

(၁) ဆီးကျိတ်ရောင်ရမ်းခြင်း

ဆီးကျိတ်ပိုးဝင်တာ ဒါမှမဟုတ် ရောင်ရမ်းတာကြောင့် လိင်တံတစ်ဝိုက် အရေပြားနေရာဟာ ရောင်ရမ်းတာနဲ့ နာကျင်တာတွေ ဖြစ်တတ်သလို ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်တာ၊ နာကျင်တာနဲ့ Sex ကြောင့် နာကျင်တာတွေ ဖြစ်တတ်ပါတယ်။

(၂) ဆီးလမ်းကြောင်း ပိုးဝင်ခြင်

ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးသွားတဲ့အချိန်မှာ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ စတဲ့ လက္ခဏာတွေ ခံစားရရင် ကုသသင့်ပါတယ်။ အကြောင်းကတော့ ဆီးလမ်းကြောင်းပိုးဝင်တာက ကုသမှုမခံယူရင် အန္တရာယ်ရှိလို့ပါ။

(၃) မှိုပိုးဝင်ခြင်

မှိုပိုးဝင်တဲ့အခါ အမျိုးသားအင်္ဂါထိပ်မှာ ရောင်ရမ်းတာနဲ့ ပူစပ်ပူလောင်ဖြစ်တာတွေ ခံစားရတတ်ပါတယ်။

(၄) အမျိုးသားအင်္ဂါတစ်ဝိုက် အရေပြားရောင်ရမ်းခြင်း

ဓာတုပစ္စည်းတွေ၊ ဆပ်ပြာတွေနဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့် လိင်တံတစ်ဝိုက်အရေပြားက ရောင်ရမ်းမှုဖြစ်တတ်ပါတယ်။ အထူးသဖြင့် လိင်တံထိပ်က အရေပြားကို လှီးဖြတ်ထားတာမျိုး မလုပ်ထားတဲ့ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။

(၅) ရေယုန်ပေါက်ခြင်း

လိင်အင်္ဂါမှာ ရေယုန်ပေါက်နေရင် လိင်တံအနာဖြစ်တာကြောင့် အိမ်ထောင်ဖက်နဲ့ အတူနေချိန်မှာ အလွန်နာကျင်ရတတ်ပါတယ်။ ဒါကြောင့် လိင်အင်္ဂါမှာ ရေယုန်ပေါက်နေချိန် Sex ကိစ္စကို ရှောင်ပါ။ အနာကျက်စေနိုင်ပါတယ်။ Sex ကိစ္စကို မရှောင်ပါက အလွန်အမင်း ကူးစက်ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။

(၆) ဆိုးရီးယေးစစ်ရောဂါ

အရေပြားမှာ အနီရောင်အဖတ်တွေ ဖြစ်တတ်တဲ့ ဆိုးရီးယေးစစ်အရေပြားအနာဖြစ်ရင် အပျော့စားစတီးရွိုက်ခရင်မ်ကို လိမ်းသင့်ပါတယ်။

(၇) လိင်တံထိပ်အရေပြား မပွင့်ခြင်း

ဒီအခြေအနေမှာ လိင်တံထိပ်အရေပြားက တင်းကျပ်နေပြီး အမျိုးသားလိင်တံအရေပြားထိပ်မှာပါတဲ့ အပေါက်ကျဉ်းမြောင်းလွန်းနေတဲ့အတွက် အရေပြားကို ဆွဲလှန်လို့မရဖြစ်နေတာပါ။ အတင်းဆွဲလှန်ပါက ပြန်ဆွဲချမရဖြစ်နိုင်တဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

(၈) ရောင်ရမ်းနာကျင်ခြင်း

ယောကျာ်းကလေးတွေမှာ လိင်တံရှေ့အရေပြားအဝ ကျဉ်းမြောင်းနေမှုကြောင့် အရေပြားလန်သွားချိန်မှာ ပြန်မကျတော့ဘဲ လိင်တံထိပ်ပိုင်းကို စည်းနှောင်ထားသလိုဖြစ်စေကာ ရောင်ရမ်းနာကျင်စေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top