Healthy Life Ad
Health Tips

ကိုယ်အလေးချိန် ၂၂၀ ပေါင် လျှော့ချနိုင်ခဲ့သူ ဂျွန်၏ နေထိုင်စားသောက်မှုပုံစံ ၇ ရပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

alignnone size-medium wp-image-59708

စတော့ရှယ်ယာပွဲစားဖြစ်သူ ဂျွန်ဂါဘရီရယ်က ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဒါမှမဟုတ် အစားအလွန်အကျွံလျှော့ခြင်းမလုပ်ဘဲ ကိုယ်အလေးချိန် ပေါင် ၂၂၀ လျော့ကျသွားခဲ့တာပါ။ သူရဲ့ဝိတ်လျှော့နည်းက နိုင်ငံပေါင်း ၆၀ ကျော်က လူထောင်ပေါင်းများစွာကို ကိုယ်အလေးချိန် လျော့ကျအောင် ကူညီနိုင်ခဲ့ပါတယ်။

ဒီနည်းလမ်းက လွယ်ပြီး ရိုးရှင်းပေမယ့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေရှိရင် သတိထားရမယ်လို့ ဂျွန်က ဆိုပါတယ်။ ဂျွန်က ၁၉၉၀ ခုနှစ်မှာ ကိုယ်အလေးချိန် စတက်ခဲ့ပြီး ဘာကြောင့် အလွန်အမင်း ဝိတ်တက်လာခဲ့မှန်း မသိခဲ့ပါဘူး။ ၂၀ဝ၁ ခုနှစ်မှာ သူရဲ့ကိုယ်အလေးချိန်က ပေါင် ၄၀ဝ အထိ မြင့်တက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဂျွန်က မတူညီတဲ့ စားသောက်မှုပုံစံကို လိုက်နာခဲ့ပေမယ့် အချိန်နဲ့ငွေသာကုန်ရော ဘာမှအရာမထင်ခဲ့ပါဘူး။ ကိုယ်အလေးချိန် ၁၁ ပေါင်ကျပြီးချိန်မှာ ၁၅ ပေါင်ပြန်တက်လာတာနဲ့ တစ်ခါဝိတ်ပြန်လျှော့ရပါတယ်။ နောက်ဆုံးတော့လည်း အလွန်အမင်းဝိတ်တက်လာခဲ့တာဘဲ အဖတ်တင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကလည်း သူ့ကို အလွန်အမင်း ဆာလောင်စေတဲ့အတွက် အဆင်မပြေခဲ့ပြန်ပါဘူး။

၂၀ဝ၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ သူဟာ လေယာဉ်ခရီးစဉ်လွဲချော်မှု ဖြစ်ခဲ့ချိန်မှာ သူ့အလုပ်ကို မုန်းတီးခဲ့ပြီး သူနေချင်တဲ့ဘဝကို ပြန်သုံးသပ်ခဲ့ပါတယ်။ သူ့အနေနဲ့ထပ်ပြီး အစားမလျှော့တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကာ လူ့ခန္ဓာကိုယ်သဘောသဘာဝကို လေ့လာခဲ့ပါတယ်။ ဟော်မုန်းတွေ၊ နျူရိုထရန်စမစ်တာတွေနဲ့ အင်ဇိုင်းတွေက ခန္ဓာကိုယ်အလေးချိန်အပေါ် ဘယ်လိုသက်ရောက်စေတယ်ဆိုတာ ဖတ်မှတ်ခဲ့ပါတော့တယ်။

အစားလျှော့တာက အလုပ်မဖြစ်ဘူးလို့ ဂျွန်နားလည်ခဲ့ပါတယ်။ အစားလျှော့တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်ငတ်ပြတ်တယ်ထင်ပြီး အစားလျှော့ချိန်ပြီးတဲ့အခါ အလွန်အမင်းစားရာက ဝိတ်ပိုတက်ခဲ့တာဖြစ်တယ်လို့ ဂျွန်က ဆိုပါတယ်။ ကိုယ်အလေးချိန်လျော့ကျဖို့ ကယ်လိုရီတွက်မနေတော့ဘဲ ဟော်မုန်းဟန်ချက်ညီအောင် ကြိုးစားပါတော့တယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်သောကများခြင်းနဲ့ စိတ်ခံစားမှုဆိုင်ရာ ဝေဒနာတွေက ကိုယ်တွင်းဟော်မုန်း ဟန်ချက်ညီမျှမှုကို ထိခိုက်စေတဲ့အတွက် ဒါတွေကို လျှော့ချနိုင်တာဟာ ကိုယ်ရောစိတ်ကိုပါ ကျန်းမာငြိမ်းချမ်းစေတယ်လို့ ဂျွန်ကဆိုပါတယ်။ လုပ်ငန်းခွင်စိတ်ဖိစီးမှုက အဝလွန်စေကြောင်း နားလည်လာတဲ့ဂျွန်က အောက်ပါနည်းလမ်း ၇ ရပ်နဲ့ ဝိတ်လျှော့နိုင်ခဲ့တာပါ။

နည်းလမ်း (၁) အစားလျှော့တာကို လုံးဝစွန့်လွှတ်လိုက်ပါတယ်
သူ့ခန္ဓာကိုယ်က ပရိုတင်းနဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တို့လို အာဟာရဓာတ်အနည်းငယ် ချို့တဲ့နေကြောင်း ဂျွန်က တွေ့ရှိခဲ့တာကြောင့် လိုအပ်တာတွေရအောင် စားသောက်ပါတယ်။ ဒီနည်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေကိုပဲ ဂျွန်နှစ်ခြိုက်စွာ စားသုံးတတ်လာပါတယ်။
alignnone size-medium wp-image-59709
နည်းလမ်း (၂) အစာခြေလမ်းကြောင်းစနစ် ကောင်းကောင်းအလုပ်လုပ်အောင် ကြိုးစားလိုက်ပါတယ်

ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့ရတဲ့ အကြောင်းရင်းတစ်ခုက အစာမကြေလို့ပါ။ အစာခြေစနစ်မှာ ပြဿနာရှိနေရင် ခန္ဓာကိုယ်က ကိုယ်အလေးချိန် ဆက်တက်ပါလိမ့်မယ်။ ဂျွန်က အကျိုးပြုဘက်တီးရီးယားပါတဲ့ အစားအသောက်တွေကို ပိုစားခဲ့ပါတယ်။ အူလမ်းကြောင်းအတွက် ကျန်းမာရေးနဲ့အညီဆုံး အစားအသောက်တွေက အုန်းကီဖာ၊ အခွံမာအစေ့အဆန်၊ ကြက်ရိုးစွပ်ပြုတ်၊ ကင်မ်ချီ စတာတွေဖြစ်တယ်လို့ ဂျွန်ကဆိုပါတယ်။

alignnone size-medium wp-image-59710
နည်းလမ်း (၃) စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျှော့ချခဲ့ပါတယ်

တချို့လူတွေက သူတို့စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ယုံကြည်မှုကင်းမဲ့တာကြောင့် ဝိတ်မလျှော့နိုင် ဖြစ်နေကြတာပါ။ အလုပ်ထဲမှာ အလွန်အမင်း ရန်လိုကာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သူတွေဟာ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ခက်ခဲကြောင်း သိရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျှော့ချလိုက်ချိန်မှာ ဂျွန်က ကိုယ်အလေးချိန်လျှော့ရတာ လွယ်ကူသွားတယ်လို့ ဆိုပါတယ်။

နည်းလမ်း (၄) အိပ်ရေးဝ၀ အိပ်စက်အနားယူခဲ့ပါတယ်

အိပ်ရေးမဝတဲ့အခါ ကော်တီစောအဆင့်မြင့်တက်ပြီး အဆင်သင့်အစားအသောက်တွေကို စားချင်စိတ် မြင့်တက်လာခဲ့ပါတယ်။ ဂျွန်က အိပ်ရင်ဟောက်တဲ့ ပြဿနာရှိနေခဲ့တာကြောင့် ညညဆို အိပ်ရေးမဝသလို တစ်နေ့လုံးလည်း မလန်းဆန်းပါဘူး။ နောက်ပိုင်း အိပ်ရေးဝ၀ အိပ်လိုက်တဲ့အခါ ပီဇာနဲ့ချိုအီတဲ့ သရေစာတွေလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို စားချင်စိတ်လျော့သွားတယ်လို့ ဂျွန်က ဆိုပါတယ်။

နည်းလမ်း (၅) စိတ်ဖိစီးမှုလျှော့ချခဲ့ပါတယ်

စိတ်ဖိစီးမှုများတာက ကိုယ်တွင်းဟော်မုန်းအပြောင်းအလဲဖြစ်စေကာ ဝစေတယ်လို့ ဂျွန်ကဆိုပါတယ်။ တရားထိုင်တာနဲ့ စိတ်ကြည်လင်အောင် ထားတာတွေလုပ်ပြီး ဖိစီးမှုတင်းအား လျှော့ချလိုက်တဲ့အခါ ပိုပျော်ရွှင်လာတဲ့အပြင် ပြဿနာတွေကိုလည်း အလွယ်တကူ ဖြေရှင်းလာနိုင်ပါသတဲ့။ စိတ်ဖိစီးမှုကို အနိုင်ယူနိုင်ဖို့ ယောဂကျင့်တာကိုလည်း ဂျွန်ကလုပ်ဆောင်ပါတယ်။

alignnone size-medium wp-image-59711
နည်းလမ်း (၆) ငြိမ်းချမ်းတဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း နေခဲ့ပါတယ်

ဂျွန်က ပိုမိုအေးဆေးတဲ့အိမ်ကို ပြောင်းရွှေ ့ပြီး ငြိမ်းချမ်းကာ အကုန်အကျသက်သာတဲ့နေရာမှာ နေခဲ့ပါတယ်။ သူက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ စတင်စိုက်ပျိုးကာ စားသောက်ခဲ့ရင်း အဆင်သင့်အစားအသောက်တွေကို လျှော့ချခဲ့ပါတယ်။ သကြားလုံး၊ အချိုရည်၊ ကွတ်ကီးမုန့်တွေဖြတ်ကာ နေထိုင်ရင်း ကိုယ်အလေးချိန်ကို ဖြည်းဖြည်းချင်း လျှော့ချနိုင်ခဲ့တာပါ။

alignnone size-medium wp-image-59712
နည်းလမ်း (၇) သူ့ခန္ဓာကိုယ်ကို အားဖြည့်ခဲ့ပါတယ်

ကိုယ်အလေးချိန် ပေါင် ၁၈၀ လျော့ကျသွား ချိန်မှာ နောက်ထပ် ပေါင် ၄၀ ကျဖို့ ခက်ခဲခဲ့တယ်လို့ ဂျွန်ကဆိုပါတယ်။ အဲဒီအချိန်မှာ အရွက်သုပ်၊ အရွက်စိမ်းဖျော်ရည်၊ စပီရူလိုင်းနား စတာတွေလို သဘာဝအစားအသောက်တွေပဲ စားသောက်ပြီး သံပရာရည်ကိုလည်း သောက်ခဲ့ပါတယ်။ ဒီနည်းနဲ့ ပေါင် ၄၀ ကျသွားခဲ့တယ်လို့ ဂျွန်က ပြောပြထားပါတယ်။

Most Popular

Healthy Life Ad
To Top