———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
ဘုရားဆွမ်းတော်တင်တဲ့ ဆွမ်းပွဲစွန့်တဲ့အခါ ပုရွက်ဆိတ်တွေတက်နေတာကို ဒေါ်မြက တစ်ကောင်ချင်းဖယ်ရှားနေတယ်။ (မဟုတ်ရင် ဆွမ်းပွဲကို စားတဲ့သူပါးစပ်ထဲ ပရွက်ဆိတ်တွေ ဝင်ကုန်မှာလေ)
ခင်ပွန်းဖြစ်သူ ဦးလူအေးက မြင်တော့-
“ပုရွက်ဆိတ်တွေကအများကြီး၊ တစ်ကောင်ချင်းဖယ်နေတော့ကော ရှိရှိသမျှ အကုန်လုံးကို ဖယ်နိုင်မှာမလို့လား၊ ပြီးတော့ နောက်နေ့လည်း ပြန်မတက်မှာမှမဟုတ်ဘဲ”
အဲဒီအခါ ဒေါ်မြက သူဖယ်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို ဦးလူအေးမြင်အောင်ပြရင်း ပြန်ဖြေတယ်။
“ရှိရှိသမျှ အကုန်လုံးကို မဖယ်နိုင်ပေမယ့် အနည်းဆုံး ဒီတစ်ကောင်ကိုတော့ ကျွန်မဖယ်လိုက်နိုင်တယ်လေ . .”တဲ့။
လောကမှာလည်း ကူရာကယ်ရာမဲ့ဘဝတွေ၊ အသက်သေခါနီးသူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်ရဲ့မေတ္တာ၊ စေတနာနဲ့ အဲဒီထဲကနေ တစ်ဦးတလေကိုပဲဖြစ်ဖြစ် ကူနိုင်/ကယ်နိုင်/ဖေးမနိုင်တယ်ဆိုရင် အနည်းဆုံးတော့ သူ့အတွက် ထူးခြားသွားတယ် မဟုတ်ပါလား။