Healthy Life Ad
Q & A

တစ်ကြောင်းတည်းဆို ကိုယ်ဝန်မဟုတ်ဘူးလား

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. သမီးအိမ်ထောင်သည်ပါ။ ဘာတားဆေးမှ မသုံးပါဘူး။ လွန်ခဲ့တဲ့ ၃ လလောက်က . . . ကလေးလိုချင်လို့ အိုဂျီနဲ့ပြတာ အကုန်ကောင်းပါတယ်။ ဆရာဝန်ပေးတဲ့ သံဓာတ်အားဆေးကို တစ်နေ့တစ်လုံးသောက်ပါတယ်။ အရင်လတွေက ရာသီအမြဲမှန်ပါတယ်။ အခုလရက်ကျော်နေတာ တစ်ပတ်ရှိပါပြီ။ ဒါကြောင့် လွန်ခဲ့တဲ့သုံးရက်က စစ်ကြည့်တာ တစ်ကြောင်းပဲပေါ်ပါတယ်။ ဒါပေမဲ့ အစာစားပြီးတိုင်း ပြည့်အင့်အင့်ကြီး ခံစားရပါတယ်။ ဆရာ . . . ကိုယ်ဝန်ရှိရဲ့သားနဲ့ မပေါ်သေးတာရော ဖြစ်တတ်ပါသလား။

A. ကလေးရဖို့ ကြိုးစားနေတယ်၊ ရာသီရက်ကျော်နေပြီ၊ ပြည့်အင့်အင့်ကြီးဆိုတော့ ကိုယ်ဝန်ရှိတာဖြစ်နိုင်တယ်။ ဆီးစစ်ရင် မနက်စောစောပေါက်တဲ့ဆီးကို စစ်။ ဆီးစစ်တဲ့ပစ္စည်း တံဆိပ်ပြောင်းပြီး ထပ်စစ်ကြည့်ပါဦး။ နောက်တစ်ပတ်ထပ်စောင့်။ ရာသီမလာသေးရင် ထပ်စစ်ကြည့်။ ရာသီရက်ကျော်တိုင်း ကိုယ်ဝန်ရှိပြီလို့လည်း ရာနှုန်းပြည့်တော့မပြောနိုင်ဘူး။ စိတ်ထဲက ကလေးသိပ်လိုချင်ဇောကြီးရင်လည်း စိတ်အစွဲနဲ့ ရာသီမလာတာ ဖြစ်တတ်ပြန်ရော။ မသင်္ကာရင်တော့ ဆရာဝန်ပြကြည့်။ ကိုယ်ဝန် ၆ ပတ်ဆို အာထရာဆောင်းမှာပေါ်ပြီ။

Most Popular

Healthy Life Ad
To Top