Healthy Life Ad
Q & A

လက်မောင်းထဲ ပစ္စည်းထည့်တော့မယ်ဆိုရင်

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. ၂၀၁၈ မေလမှာ လက်မောင်းထဲကို ထည့်ရတဲ့ဆေး ထည့်ခဲ့ပါတယ်ရှင့်။ ရာသီစက်ဝန်း ဘယ်လိုဖြစ်နိုင်ပါသလဲလို့ အိုဂျီဆရာမကြီးကို မေးတဲ့အခါ လာချင်လည်းလာမယ်၊ မလာချင်လည်းမလာဘူးလို့ ဖြေခဲ့ပါတယ်။ စထည့်ထည့်ချင်း ၆ လလောက်အထိတော့ လုံးဝမလာပါဘူး။ နောက်ပိုင်းတော့ ရက်မှန်မှန်မဟုတ်ဘဲ လာလိုက်၊ မလာလိုက်ဖြစ်ရာက ပြီးခဲ့တဲ့ လကစပြီး တောက်လျှောက် ရာသီသွေးဆင်းပါတယ်ရှင့်။ နေ့တိုင်းပါပဲ။ အဲဒါဟာ ပုံမှန်ပဲလား၊ ဆေးကုသဖို့ လိုသလားဆိုတာကို သိချင်လို့ပါရှင့်။

A. လက်မောင်းထဲထည့်တဲ့ပစ္စည်းလေး ထည့်တော့မယ်ဆိုရင် သိရမှာက သူ့မှာကောင်းတာရှိသလို ဆိုးတာလည်းရှိတယ်ဆိုတာပါပဲ။ ကောင်းတာက သိပ်ထိရောက်တယ်။ မေ့မှာမကြောက်ရဘူး။ စိတ်ချရတယ်။ ၃ နှစ်တောင်ခံတယ်။ ထုတ်လိုက်ရင် ချက်ချင်းကလေးရတယ်။ ဆိုးတာက ဈေးကြီးတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်က ထည့်ပေးထုတ်ပေးမှ ရတယ်။ ၁၀ ယောက်ထည့်ရင် ၁-၂ ယောက်လောက်မှာ ဝတတ်တယ်။ ရာသီမလာတာ၊ မမှန်တာ၊ ခဏခဏဆင်းတာတွေ ဖြစ်တတ်တယ်။ စိတ်ပူစရာမရှိပါဘူး။ ဒါပေမဲ့ အကြာကြီး ဆက်တိုက်ဆင်းနေရင်တော့ ဆရာဝန်နဲ့ပြန်ပြဖို့လိုမယ်။ ဘာကြောင့်ဆင်းတာလဲ၊ တခြားရောဂါကြောင့်လား၊ ဒီပစ္စည်းကြောင့်လား စစ်ဆေးကြည့်ဖို့လိုမယ်။ အနာသိရင် ဆေးရှိပါတယ်။

Most Popular

Healthy Life Ad
To Top