Healthy Life Ad
Q & A

နားတစ်ဖက် မကြားရတော့လို့ပါ (Hearing problem)

———၊ ဒေါက်တာတင့်ဆွေ ၊———

Q. သမီးက အသက် ၂၄ နှစ်ပါ။ နားတစ်ဖက်မကြားရတော့လို့ပါ။ လွန်ခဲ့တဲ့ ၆ လလောက်တုန်းက ဖြစ်ခဲ့တာပါ။ အလုပ်မှာ တနေ့လုံး အကောင်းပါ။ ညကျတာ့ ရင်ဘက်အောင့်တယ်ဆိုပြီး အိမ်ပြန်ပါတယ်။ မနက်လည်းထရော ဘယ်လိုမှ ထလို့ မရတော့ပါဘူး။ တစ်ဖက်မှတစ်ဖက်သို့လည်း စောင်းလို့မရတော့ပါဘူး။ ဆရာဝန်ခေါ်ပြီး အိမ်မှာပြပါတယ်။ ဒါပေမဲ့ မသက်သာပါ။ ၃ ရက်-၄ ရက် လောက်နေမှ အာရုံကြောအထူးကုဆရာဝန်နဲ့ ပြဖြစ်ပါတယ်။ အာရုံကြောအားနည်းတာလို့ ပြောပါတယ်။

ဆေးထိုးပြီးတော့ နည်းနည်းသက်သာပါတယ်။ ၄ ရက်-၅ ရက်နေတော့ သက်သာသွားပါတယ်။ ဒါပေမဲ့ ခေါင်းကတော့ ရေးရေးလေး မူးနေတုန်းပါ။ ကြာတော့ ခေါင်းမူးတာပျောက်ပြီး နားထဲက လေထွက်သလိုလို ဖြစ်လာပါတော့တယ်။ ၁ ပတ်ကြာတော့လည်း နားက လေထွက်နေတုန်းပါပဲ။ နားတစ်ဖက်က မကြားတော့ပါဘူး။ အာရုံကြောဆရာနဲ့ ထပ်ပြတော့လည်း အာရုံကြောကြောင့် ဖြစ်တာပါတဲ့။ သောက်ဆေး ရက် ၂၀ စာ ပြန်ပေးပါတယ်။ သောက်ပြီးတော့လည်း မသက်သာဘူးဖြစ်နေတယ်။ နားဆရာဝန်နဲ့ ပြဖြစ်ပါသေးတယ်။ နားထဲမှာလည်း ဘာမှမရှိဘူးတဲ့ နားကိုရှာတော့လည်း ဘာမှတွေ့ဘူးလို့ ပြောပါတယ်။ နားတစ်ဖက်မကြားတာ ၅ လလောက်တောင် ရှိနေပါပြီ။ ပြန်ကောင်းလာပါ့မလား။ အာရုံကြောဆရာနဲ့ပဲ ထပ်ပြရမလား။ နားကြားကိရိယာ တပ်ရတော့မလား။ သမီးက လေဆိပ်မှာလုပ်တာပါ။ နားတစ်ဖက်မကြားတော့ သမီးမှာ နည်းနည်းတော့ အခတ်အခဲဖြစ်ရပါတယ်။

A. Acquired Hearing Loss အရင်က နားကောင်းပြီး နောက်မှနားလေးရစေတဲ့ အကြောင်းတွေ-အသက်အရွယ်၊ ကျားမမရွေး ဖြစ်နိုင်တယ်။ ပြန်ကောင်းနိုင်တာရော မကောင်းနိုင်တော့တာပါ ဖြစ်နိုင်တယ်။

၁။ Infections ရောဂါပိုးကြောင့်၊ Viral ဗိုင်းရပ်စ်နဲ့ bacterial ဗက်တီးရီးယားကြောင့် Encephalitis ဦးနှောက်ရောင်တာ၊ Chicken pox ရေကျောက်၊ Measles ဝက်သက်၊ Mumps ပသိရောင်၊ Menin-gitis ဦးနှောက်မြှေးရောင်၊ Syphilis ဆစ်ဖလစ်စတာတွေကနေ ဖြစ်စေနိုင်တယ်။

၂။ Trauma ထိခိုက်မိတာ၊ Head injury ဦးခေါင်းထိခိုက်တာ၊ နားအကြားနဲ့ဆိုင်တဲ့ ခေါင်းထဲကနေရာမှာ ထိခိုက်ရာကနေ ဖြစ်စေနိုင်တယ်။

၃။ Medication ဆေးဝါးတွေကြောင့်၊ Salicylates (Aspirin), NSAID အကိုက်အခဲပျောက်ဆေးတွေ၊ Antibiotics (Aminoglycosides, Erythromycin, Vancomycin) ပဋိဇီဝဆေးတွေ၊ Diuretics ဆီးသွားစေတဲ့ဆေးတွေ၊ Chemotherapy agents ကင်ဆာဆေး၊ Quinine ငှက်ဖျားဆေးတွေကနေ ဖြစ်စေနိုင်တယ်။

၄။ Noise ဆူညံသံတွေကြောင့်ဖြစ်ရင် ရုတ်တရက်မဟုတ်ဘဲ တိုးတိုး ဆိုးဆိုးလာတယ်။

၅။ Age အသက်ကြီးလို့ ဖြစ်တယ်၊

၆။ Others တခြားအကြောင်းတွေကြောင့်၊ Acoustic nerve Tumour အကြားအာရုံကြောအကျိတ်၊ Otosclerosis အရိုးမာရောဂါ၊ • Conductive Hearing Loss အသံလှိုင်း သယ်ပို့စနစ်မှာ ချို့ယွင်းပြီး နားမကောင်းတာမျိုးက ပြန်ကောင်းနိုင်တယ်။

• Sensorineural Hearing Loss အကြားအာရုံကြောကြောင့် နားမကောင်းတာမျိုးက ပြန်မကောင်းနိုင်ပါ။ ဥပမာ- အတွင်းနားမှာရှိတဲ့ lea, Hair cells နဲ့ Nerve cells တွေမှာ ဖြစ်တာမျိုး။ ဒါမျိုးက မွေးရာပါရော နောက်မှဖြစ်တာပါ ရှိတယ်။ ဖြစ်ရင် Hearing devices နဲ့ Implants ကိရိယာသုံးနိုင်တယ်။

မေးတဲ့သူက နား-အာရုံကြောဆရာဝန်တွေကို ပြထားတာမို့ ကောင်းပါတယ်။ ဆရာပြောတာက အထောက်အကူသာ ဖြစ်ပါမယ်။

Most Popular

Healthy Life Ad
To Top