Healthy Life Ad
Health Tips

အမျိုးသားလိင်တံက ပြောပြနေသည့် ကျန်းမာရေးအခြေအနေများ

———၊ ကိုထက် ၊———

အမျိုးသားတွေမှာ ကျန်းမာတဲ့ လိင်တံရှိတာက ခန္ဓာကိုယ်တစ်ခုလုံး လုပ်ငန်းဆောင်တာမှန်သမျှ အပြည့်အဝထမ်းဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အမျိုးသားလိင်အင်္ဂါရဲ့ အရွယ်အစား၊ စွမ်းဆောင်နိုင်စွမ်း စတာတွေဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပုံမှန်အခြေအနေလား၊ ပုံမှန်မဟုတ်ဘူးလားဆိုတာကို ဖော်ပြပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) အေးလွန်း၊ ပူလွန်းသော အခြေအနေကြောင့် ရှုံ့သွားခြင်း

သုက်ကောင်ထုတ်လုပ်မှုက ပုံမှန်ခန္ဓာကိုယ်အပူချိန်အောက် အနည်းငယ်ကျသွားတဲ့ အပူချိန်ပေါ်မှာ မူတည်ပါတယ်။ အေးလွန်းတဲ့အခါ လိင်အင်္ဂါရှုံ့သွားတယ်လို့ အမျိုးသားတွေ သတိပြုမိကြပါတယ်။ ဟားဗတ်ကျန်းမာရေး လေ့လာမှုအရ လိင်တံဆီသွားတဲ့ သွေးကြောတွေက အေးတဲ့အတွက် လျော့ကျသွားပြီး ပုံမှန်အရွယ်အစားအတိုင်း မကျယ်ပြန့်လာတော့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်အောက် အနည်းငယ် (၁-၂-၃-၄ ဒီဂရီ)လောက် တိုးလာရင်ကို သုက်ကောင်နဲ့ တက်စတိုစတီရုန်း ထုတ်လုပ်မှုအပေါ် မကောင်းတဲ့သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ မျိုးဆက်ပွားနိုင်ဖို့ဆိုရင် တင်းကျပ်တဲ့ဘောင်းဘီဝတ်တာ၊ ရေပူစိမ်တာတို့ရှောင်ပြီး လိင်အင်္ဂါတစ်ဝိုက်ကို အေးမြအောင်ထားဖို့ လိုပါတယ်။

(၂) Sex ကိစ္စအတွင်း မသက်မသာ ခံစားရခြင်း

Sex ကိစ္စအတွင်း မသက်မသာ ခံစားရတာက သွေးစီးဆင်းမှုမမျှတတာကြောင့် လိင်အင်္ဂါဆီသွားတဲ့ သွေးထုထည်ကြီးမားလာလို့ ဖြစ်ရတာပါ။

(၃) အရက်သောက်ခြင်းနှင့် စွမ်းဆောင်နိုင်စွမ်း

အရက်များများသောက်တာက အသည်းအတွက်သာမက လိင်တံကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ အရက်များများသောက်တာ ဒါမှမဟုတ် သွေးထဲအယ်လ်ကိုဟောပမာဏ (ဝ ဒသမ ဝ၈ အထက်) ရှိတာဟာ အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို အဟန့်အတားဖြစ်စေပါတယ်။ အရက်သောက်တာကြောင့်ဖြစ်တဲ့ ရေဓာတ်ခမ်းခြောက်မှုဟာလည်း သွေးထုထည်ကို လျော့ကျစေပြီး ပန်းသေပန်းညှိုးရောဂါနဲ့ ဆက်စပ်နေတဲ့ အန်ဂျီအိုတန်စင်ဟော်မုန်းကို မြင့်တက်စေပါတယ်။

(၄) ဆေးလိပ်သောက်ခြင်းနှင့် လိင်တံသွေးကြောထိခိုက်မှု

စီးကရက်သောက်တာဟာ သွေးလွှတ်ကြောထဲ အဆီဖတ်စုပုံမှု ဒါမှမဟုတ် သွေးကြောမာကျောကျဉ်းမြောင်းမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ စီးကရက်ဟာ နှလုံးသွေးလွှတ်ကြောတွေကို ပိတ်ဆို့စေနိုင်သလို လိင်တံကိုသွားတဲ့ သွေးကြောတွေကိုလည်း ထိခိုက်စေတဲ့အတွက် ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် လိင်တံတစ်သျှူးတွေကို ထိခိုက်စေနိုင်ပြီး အမျိုးသားတစ်ယောက်ရဲ့ ပုံမှန်စွမ်းဆောင်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။

(၅) အရွယ်နှင့်မမျှသော ထိခိုက်မှု

စွမ်းဆောင်နိုင်စွမ်း ကျဆင်းတာက အသက်ကြီးတဲ့ အမျိုးသားတွေအတွက် ပုံမှန်ဖြစ်ပေမယ့် အသက်ငယ်တဲ့ အမျိုးသားတချို ့မှာ တက်စတိုစတီရုန်းအဆင့် လျော့နည်းပြီး စွမ်းဆောင်နိုင်စွမ်း ကျဆင်းမှု ဖြစ်တတ်ပါတယ်။

(၆) ဘက်တီးရီးယား သိုလှောင်ရာနေရာ

လိင်တံအရေပြားဟာ ဘက်တီးရီးယားပိုးတွေ ပွားများရာနေရာတစ်ခု ဖြစ်ပါတယ်။ ဘက်တီးရီးယားပမာဏဟာ လိင်တံထိပ်အရေပြားကို လှီးဖြတ်ထားသလား၊ မထားဘူးလားဆိုတဲ့ အချက်ပေါ်မှာလည်း မူတည်နေပါတယ်။ အမေရိကန် ပိုးမွှားဗေဒဂျာနယ်ရဲ ့ လေ့လာမှုအရ လိင်တံထိပ်အရေပြား လှီးဖြတ်ထားသူနဲ့ မလှီးဖြတ်ထားသူတွေရဲ့ ဘက်တီးရီးယားတွေကို နှိုင်းယှဉ်လေ့လာခဲ့ရာ လိင်တံထိပ်အရေပြား လှီးဖြတ်ထားသူတွေဟာ ဘက်တီးရီးယား သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် လိင်တံထိပ်အရေပြား လှီးဖြတ်ထားမှုမရှိသူတွေအနေနဲ့ ပုံမှန်ဆေးကြောသန့်စင်ပေးဖို့ အရေးကြီးပါတယ်။

(၇) သားကြောဖြတ်ခြင်းက သုက်ရည်ထွက်ရှိမှု မရပ်တန့်နိုင်

သားကြောဖြတ်ပြီးနောက် သုက်ကောင်ပမာဏ တဖြည်းဖြည်း စတင်လျော့ကျလာပြီး နှစ်လ-သုံးလအတွင်း သုက်ရည်ထဲမှာပါတဲ့ သုက်ကောင်ရပ်တန့်သွားပါလိမ့်မယ်လို့ Medline Plus မှာ ဖော်ပြထားပါတယ်။

Most Popular

Healthy Life Ad
To Top