Healthy Life Ad
Health Tips

လီမွန်သီးအကြောင်း သင်မသိသေးလောက်သည့် အချက် ၅ ရပ်

လီမွန်ရည်က အသည်းအဆိပ်အတောက် ကင်းစင်စေပြီး အစာကြေညက်စေပါတယ်။ တစ်နေ့တာကို လီမွန်ရည် တစ်ဖန်ခွက်သောက်ပြီး စတင်ပါ။

လီမွန်သီးတစ်လုံးမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏ ၈၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

လီမွန်သီးရဲ ့ဘက်တီးရီးယားဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဖန်းဂတ်စ်မှိုပိုးသတ်အစွမ်းတွေက ဝက်ခြံကုသရာမှာ အသုံးဝင်ပါတယ်။ ဝက်ခြံဖုပေါ်မှာ လီမွန်ရည်သုတ်လိမ်းပေးပါ။

လီမွန်ရနံ့က စိုးရိမ်သောက လျော့ကျစေပြီး အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေပါတယ်။

လီမွန်သီးမှာပါတဲ့ ဖလေဗနွိုက်ဓာတ်က သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။

Most Popular

Healthy Life Ad
To Top