Healthy Life Ad
Life Style

အမူအကျင့်အသစ်ကို အသက်သွင်းနိုင်ဖို့ဆိုရင် . . .

(၁) တစ်ချိန်မှာ အကျင့်တစ်ခု တည်ဆောက်ပါ

လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ဖြစ်ဖို့ဆိုရင် မနက်အိပ်ရာနိုးတိုင်း ပြေးစက်ပေါ်တက်ပြီး လမ်းလျှောက်တာမျိုး လုပ်ဆောင်ရင်း အကျင့်ဖြစ်အောင် ကျင့်ပေးသင့်ပါတယ်။

(၂) အနည်းဆုံး တစ်လခန့်စွဲမြဲအောင် လုပ်ဆောင်ပါ

တစ်လလောက်ကြာတဲ့အထိ ဒီအကျင့်တစ်ခုကို ထပ်တလဲလဲလုပ်ပေးရင် စွဲမြဲသွားစေပါတယ်။

(၃) အလေ့အကျင့်ကောင်းတစ်ခုကို ထပ်မံကျင့်ပါ

နည်းနည်းလေး ပိုခက်တဲ့အကျင့်တစ်ခု ဥပမာ ကိုယ်မကြိုက်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာကို ပိုစားတာမျိုး လုပ်ဆောင်လိုက်ပါ။

(၄) အဟန့်အတားကို ကျော်လွှားပြီး စိတ်ရှည်သည်းခံပါ

ဒီတစ်ရက်လောက်တော့ ဒီအကျင့်မလုပ်တော့ဘူးဆိုတဲ့ စိတ်အဟန့်အတားကို ကျော်လွှားပြီး “နေ့တိုင်းမပျက်မကွက်လုပ်မယ်”ဆိုတဲ့ စိတ်ရှည်သည်းခံမှုနဲ့ လိုက်နာပါ။

(၅) ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်ပါ

စကတည်းက ဒီတစ်ပတ်အတွင်း ကိုယ်အလေးချိန် ပေါင် ၅၀ ကျစေရမယ်ဆိုတာမျိုး ပြင်းထန်တဲ့စိတ် မထားသင့်ပါဘူး။ ဖြည်းဖြည်းချင်း တစ်ပတ်မှာ ပေါင်ဝက်ကျအောင် လုပ်မယ်ဆိုတာနဲ့ စတင်ကျင့်သင့်ပါတယ်။

(၆) အခြားလူများကို သင့်အောင်မြင်မှု မျှဝေပါ

ကိုယ်လုပ်နိုင်ခဲ့တဲ့အရာ (ဥပမာ-ဆေးလိပ်ဖြတ်နိုင်တာမျိုး)ဆိုရင် တခြားသူတွေကို မျှဝေပေးလိုက်ပါ။ အဲဒီအကျင့် ပိုစွဲမြဲသွားစေပါတယ်။

(၇) အကျင့်စွဲမြဲသည့်အခါ ကိုယ့်ကိုယ်ကိုယ် ဆုချပါ

သင်က အကျင့်တစ်ခုစွဲမြဲသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချီးမြှင့်ပေးပါ။

(၈) သင့်နေထိုင်စားသောက်မှုပုံစံ၏ အမူအကျင့်သစ်အဖြစ် တစ်နေ့တာ အချိန်ဇယားထဲထည့်လိုက်ပါ

နံနက်တိုင်း လေ့ကျင့်ခန်းလုပ်နေကျဆိုရင် အဲဒီအကျင့်ကို တစ်နေ့တာမှာ မလုပ်မဖြစ်ဆိုပြီး ထည့်ထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top