Healthy Life Ad
News

COVID-19 ကူးစက်မှု ဒုတိယလှိုင်းပြီးဆုံးလျှင်လည်း ကူးစက်မှုလှိုင်းများ ထပ်မံရှိလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး သတိပေး

———၊ ဟန်တိုးစံ ၊———

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှု ဒုတိယလှိုင်းပြီးရင်လည်း ကူးစက်မှုလှိုင်းတွေ ထပ်ရှိလာနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက်က ပြုလုပ်တဲ့ COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းပြီးရင်လည်း ကူးစက်မှုလှိုင်းတွေ ရှိလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဆက်လက်လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပြီး ကမ္ဘာပေါ်မှာ ထိရောက်အစွမ်းထက်တဲ့ ကာကွယ်ဆေးတွေ ပေါ်ထွက်လာပြီး ပြည်သူတွေ ထိုးနှံပြီးမှသာ COVID-19 ကူးစက်မှုလှိုင်းတွေ ထပ်မဖြစ်တော့ဘူးလို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလ၂၄ ရက်နေ့ နံနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၇၈၂၇ ဦး၊ ရောဂါပျာက်ကင်းပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၀၈၅ ဦး၊ သေဆုံးလူနာစုစုပေါင်း ၁၃၃ ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top