Healthy Life Ad
Health Tips

သွေးမဝခြင်းရောဂါ (Venous insufficiency)

———၊ ဒေါက်တာတင့်ဆွေ ၊———

Chronic venous insufficiency or CVI ဆိုတာ နာတာရှည် သွေးပြန်ကြောက သွေးမလုံလောက်တာကို ခေါ်ပါတယ်။ အဲလိုဆိုရင် အောက်စီဂျင်မဝတာ ဖြစ်နေမယ်။ သွေးပြန်ကြောတွေ ပျက်စီးနေတာကို Impaired musculovenous pump ကြွက်သားသွေးမဝတာလို့ ခေါ်တယ်။ သွေးပြန်ကြောတွေထဲက အဆို့ရှင်လေးတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်လို့ ဖြစ်ရတယ်။

တဆက်တည်းဖြစ်တာတွေကတော့ Deep vein thrombosis ဆိုတာက အတွင်းပိုင်းနေရာက သွေးပြန်ကြောကြီးတွေမှာ သွေးခဲပိတ်လို့ဖြစ်တယ်။ Phlebitis ဆိုတာ သွေးပြန်ကြောရောင်ခြင်းကို ခေါ် တယ်။ အမျိုးသမီး အသက်ကြီးသူတွေမှာ ပိုဖြစ်ကြတယ်။ အလုပ်အကိုင်သဘောကနေ ဖြစ်တာတွေလည်း ရှိတယ်။ ဥပမာ- လေထီးခုန်သူတွေ။ ဒီရောဂါဟာ နေရာအမျိုးမျိုးမှာ ဖြစ်နိုင်တယ်။

• Venous insufficiency in the legs ခြေထောက်၊

• May-Thurner syndrome ပေါင်ခြံသွေးပြန်ကြော၊

• Venous insufficiency in the central nervous system ဗဟိုအာရုံကြောစနစ်၊

• Venous insufficiency in the liver အသဲ။

ခြေထောက်သွေးပြန်ကြောရောဂါ

နာတာရှည်ဖြစ်နေတာကို Postphlebitic syndrome and Postthrombotic syndrome လို့လည်း အရင်ကခေါ်တယ်။ ခြေထောက်ကနေ နှလုံးဆီပြန်လာတဲ့ သွေးပြန်ကြောမှာ ပြဿနာဖြစ်နေလို့ ဒီရောဂါခံစားရတယ်။ နာတာရှည်ဖြစ်တယ်။ သွေးပြန်ကြောတွေမှာ တဖက်သပ်သာသွေးသွားစေအောင်လုပ်ပေးတဲ့ အဆို့ရှင်လေးတွေ ရှိနေရတယ်။ အဲဒါလေးတွေ ချို့ယွင်းရင်၊ ဒါမှမဟုတ် ရှိမနေရင် ဒီလိုဖြစ်စေတယ်။ မွေးရာပါ အဆို့ရှင်မကောင်းတာ၊ မွေးရာပါ သွေးပြန်ကြော နံရံမကောင်းတာလည်းရှိတယ်။ ထိခိုက်မိရာကနေလည်း ဖြစ်နိုင်တယ်။ မတ်တပ်ရပ်တဲ့အခါ သိသာမယ်။

“ခြေထောက်ကနေ နှလုံးဆီပြန်လာတဲ့ သွေးပြန်ကြောမှာ ပြဿနာဖြစ်နေလို့ ဒီရောဂါခံစားရတယ်။ နာတာရှည်ဖြစ်တယ်။ သွေးပြန်ကြောတွေမှာ တဖက်သပ်သာ သွေးသွားစေအောင်လုပ်ပေးတဲ့ အဆို့ရှင်လေးတွေ ရှိနေရတယ်။ အဲဒါလေးတွေ ချို့ယွင်းရင်၊ ဒါမှမဟုတ် ရှိမနေရင် ဒီလိုဖြစ်စေတယ်” . . .

ဘယ်လိုခံစားရမလဲ

ထုံပြင်းပြင်းနာမယ်၊ လေးလံနေမယ်၊ ကြွက်တက်မယ်၊ ယားမယ်၊ ကျင်မယ်၊ ရပ်နေရင် နာတာပိုတိုးမယ်၊ ခြေထောက်ရောင်မယ်၊ နာတာရှည်ဖြစ်နေသူဆိုရင် ဖြစ်တဲ့နေရာ နီရဲနေမယ်၊ အရေပြားအရောင်ပြောင်းလာမယ်၊ သွေးကြောထုံးမယ်၊ အပေါ်က အရေပြားထူထဲနေမယ်၊ အနာဖြစ်လာနိုင်တယ်။

(၁) Deep venous thrombosis အတွင်းပိုင်းမှာရှိတဲ့ သွေးပြန်ကြောတွေမှာ သွေးခဲပိတ်နေရာကနေလည်း ဖြစ်မယ်။ ပုံမှန်သွားလာလှုပ်ရှားနေရင် သွေးပြန်လာမှုဟာ နားနေတာထက် မြန်တယ်။ သွေးပြန်ကြောမကောင်းရင် ပိုဆိုးမယ်။

(၂) uperficial venous insufficiency အပေါ်ယံသွေးမဝတာနဲ့ အတွင်းပိုင်းသွေးမဝတာရှိတယ်။

အဖြစ်မနည်းဘူး။ အမေရိကားမှာ ၂-၅% လူတွေမယ် တနည်းနည်းနဲ့ ဒါမျိုးခံစားနေကြရတယ်။ အသက်ကြီးသူ၊ အမျိုးသမီး၊ အရပ်ရှည်သူ၊ မျိုးရိုးရှိသူ၊ ဝသူ၊ ကိုယ်ဝန်ဆောင်၊ အကြာကြီးထိုင်နေ၊ ရပ်နေရသူတွေမှာ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ အသက် ၄၀- ၄၉ ကြား အများဆုံးဖြစ်တာတွေ့ရတယ်။ ယောကျာ်းတွေဆိုရင် အသက် ၇၀-၇၉ ကြားများတယ်။

ကြာရင် လမ်းလျှောက်ရတာ လှုပ်ရှားရတာကို ထိခိုက်ပြီး ဒုက္ခိတလို ဖြစ်လာနိုင်တယ်။ ဆေးမကုသရင် ကြာလေဆိုးလေဖြစ်မယ်။ အနာဖြစ်လို့ မကျက်နိုင်ဖြစ်လာရင် ကုရတာခက်တယ်။ ဆေးရုံမှာ ကြာကြာတက်နေရပြီး အသက်ကြီးသူဆိုရင် ဒါဖြစ်လာတတ်တယ်။ သွေးယိုတာကနေ သွေးလွန်တာဟာ စိုးရိမ်စရာကောင်းတယ်။

ကုသနည်းတွေ – ဆေးနဲ့ကုသလို့ မရသေးပါ။

Graduated compression နည်းကို သုံးနေပါတယ်။ ၃၀-၄၀ ဒါမှမဟုတ် ၄၀-၅၀ mmHg ဖိအားသုံးရတယ်။ ခြေချင်းဝတ်နေရာမှာ လုပ်တယ်။ တဖြေးဖြေးချင်း ဖိအားကို လျှော့ချရတယ်။

Surgical ခွဲစိတ်မှုနဲ့ Endovenous therapy ကို အနာကြောင့် အနေရခက်တာအတွက် လုပ်တယ်။

Valvuloplasty ခွဲစိတ်နည်းကနေ အတွင်းပိုင်း သွေးလွှတ်ကြောပိတ်လာမှာကို သတိထားရတယ်။

Venous bypass ကိုလည်း လုပ်နိုင်တယ်။

External vein valve banding devices နည်း၊ Thermally induced collagen shrinkage procedures နည်းတွေလည်း လုပ်တယ်။

လိုအပ်သူတွေကို Ablating the refluxing vessels နည်းလုပ်ရတယ်။

Venoablation နည်းကို အနေရခက်သူ၊ အနာဖြစ်သူတွေအတွက်သာ လုပ်တယ်။ Ligation with stripping, Simple ligation and division, Sclerotherapy, Stab evulsion, Radiofrequency ablation နဲ့ Endovenous laser therapy နည်းတွေရှိတယ်။

Sclerotherapy နည်းဆိုတာ သွေးကြောထဲကို ဆေးထိုးပြီး ပိတ်ပစ်တာဖြစ်တယ်။

EVLT နည်းမှာ လေဆာသုံးတယ်။

Radiofrequency catheter နဲ့ Subfascial endoscopic perforator surgery ခွဲစိတ်နည်းတွေလဲ ရှိသေးတယ်။

ကုသနည်း အချုပ်ကတော့

ရောင်နေတာအတွက် Compression stockings အထူးခြေအိတ်စွပ်ထားပါ။ တတ်နိုင်သမျှ ကြာကြာဝတ်ဆင်ထားပါ။ နားနေတုံးမှာ ခြေထောက်ကိုမြှင့်ထားပါ။ အကြာကြီးမရပ်-မထိုင်ပါနဲ့။ ခရီးသွားနေရရင် ခြေလေ့ကျင့်ခန်းလုပ်ပါ။ လိုအပ်ရင် ခွဲစိတ်ကုသမှုခံယူပါ။ ၈% လောက်သာ ခွဲစိတ်ဘို့ လိုတယ်။ အနာရှိရင် ဆေးထည့်ပါ။ ပိုးသေဆေးသောက်ပါ။ ပိုးဝင်တာက အထူးသတိထားဘို့လိုမယ်။ Antibiotics ပိုးသေဆေးကို အနာဖြစ်တိုင်းလဲ မလိုပါ။ Varicose bleeding သွေးကြောထုံးတာကနေ သွေးထွက်ရင် အရေးပေါ်ကုသရမယ်။

Most Popular

Healthy Life Ad
To Top