Healthy Life Ad
Life Style

အုန်းဆီ၏ အလှအပကောင်းကျိုးများ

အကောင်းဆုံးအကျိုးရလဒ် ရရှိဖို့အတွက် အုန်းဆီစစ်စစ်ကို အခန်းအပူချိန်မှာထားပြီး အသုံးပြုနိုင်ပါတယ်။

ဆံကေသာထိန်းသိမ်းမှု

(၁) ဆံပင်ချောမွေ့ တောက်ပြောင်စေခြင်း

ဆံပင်အရင်းကနေ အဖျားအထိ အုန်းဆီလိမ်းပြီး ဘီးနဲ့ဖြီးကာ တဘတ်စနဲ့ အုပ်ပေးပါ။ အချိန် ၁၅ မိနစ်ထားပြီးမှ ခေါင်းလျှော်ရမှာ ဖြစ်ပါတယ်။

(၂) ဗောက်ကုသမှု

ဆံပင်ကို အဖျားမှ အရင်းအထိ ညင်ညင်သာသာ နှိပ်ပေးပါ။ ပြီးရင် မိနစ်အနည်းငယ်ထားပြီး ခေါင်းလျှော်ပေးရပါမယ်။

(၃) ဆံပင်ရှင်းလင်းချောမွေ့ခြင်း

ရှုပ်ထွေးနေတဲ့ ဆံပင်ကို အုန်းဆီလိမ်းပြီး ရှင်းပေးနိုင်ပါတယ်။

အသားအရေထိန်းသိမ်းမှု

• ခြေသလုံးမွှေးမရိတ်ခင် ခြေထောက်တွေကို အုန်းဆီလိမ်းကာ ချောမွေ့အောင်လုပ်ပြီးမှ အမွှေးရိတ်ပါ။

• အစိုဓာတ်ထိန်းခရင်မ်အဖြစ် နှုတ်ခမ်းတွေ ဒါမှမဟုတ် ခန္ဓာကိုယ်ပေါ်မှာ လိမ်းပေးနိုင်ပါတယ်။

• အစိုဓာတ်ထိန်းခရင်မ်နဲ့ အုန်းဆီကို ရောမွှေပြီး ညလိမ်းခရင်မ်အဖြစ် လိမ်းပေးလို့ရပါတယ်။

• ဝါဂွမ်းစနဲ့ အုန်းဆီကိုယူပြီး မျက်ဝန်းတွေပေါ် ညင်ညင်သာသာ သုတ်လိမ်းပေးတဲ့နည်းနဲ့ မျက်ဝန်းမိတ်ကပ်တွေကို ဖယ်ရှားပေးသင့်ပါတယ်။

• မျက်ဝန်းအတွင်းထောင့်နဲ့ ပါးမို့မို့ထက်က မိတ်ကပ်လိမ်းထားတဲ့ အပေါ်မှာ အုန်းဆီအစက်အနည်းငယ် တင်လိုက်ရင် မျက်နှာအသားအရေ ဝင်းလက်စေပါတယ်။

ခန္ဓာကိုယ် ကြေးချွတ်သန့်စင်ခြင်း

အုန်းဆီ အကြမ်းပန်းကန်လုံးတစ်ဝက်နဲ့ အညိုရောင်သကြား အကြမ်းပန်းကန်လုံးတစ်ခွက်ကို ရောပြီး အပူနည်းနည်းပေးပါ။ ပြီးရင် အအေးခံပြီး မရှိမဖြစ်ဆီ (Essential Oil) အစက်အနည်းငယ်ထည့်ကာ တစ်ကိုယ်လုံးကို ပွတ်တိုက်ကြေးချွတ်ပေးရမှာ ဖြစ်ပါတယ်။

မျက်နှာပေါင်းတင်ခြင်း

ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ အုန်းဆီ ထမင်းစားဇွန်းတစ်ဇွန်းကို ရောမွှေပြီး အချိန် ၁၅-၂၀ မိနစ်ခန့် ထားပါ။ ပြီးရင် ခြောက်သွေ့သန့်စင်တဲ့ မျက်နှာပေါ် သုတ်လိမ်းကာ ပိတ်စတစ်စနဲ့ ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top