Healthy Life Ad
Health Tips

အန်ခြင်းအတွက် ရှေးဦးကုထုံးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အန်တယ်ဆိုတာ အရက်အလွန်အမင်း သောက်တာ၊ အဆိပ်သင့်တဲ့ အစားအသောက်တွေကို စားသောက်မိတာ စတဲ့ အစာအဆိပ်သင့်မှုတွေကြောင့် အန်တတ်ပါတယ်။ ဒီလို အန်တာကြောင့် ဗိုက်အောင့်ပြီး နာမကျန်းဖြစ်တဲ့ ခံစားမှုကို ရရှိစေပါတယ်။ ဒါကြောင့် အန်နေတဲ့သူကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အန်နေတဲ့သူကို လှဲလျောင်းတဲ့အနေအထားမှာ နေခိုင်းပြီး ဘယ်ဘက်ကို စောင်းထားခိုင်းပါ။ ဒါဆိုရင် ဆို့နင့်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

• လူနာကို ဖျော်ရည်၊ သံပုရာရည်၊ ဓာတ်ဆားရည် စတဲ့ အရည်များများတိုက်ပါ။

• ကာဗွန်ထည့်ထားတဲ့ အရည်၊ အယ်လ်ကိုဟောနဲ့ ကဖင်းပါတဲ့ အရည်တွေကို ရှောင်ပါ။

• အန်တာရပ်သွားပြီး နာရီပိုင်းအတွင်းမှာ အစာတွေကိုကျွေးပါ။

• လူနာက ဗိုက်ဆာနေရင် စွပ်ပြုတ် ဒါမှမဟုတ် အစာပျော့ပျော့ ကျွေးနိုင်ပါတယ်။

• အစာအိမ်ဝေဒနာ မသက်သာသေးသရွေ ့ အစာမာမာတွေကို မကျွေးပါနဲ့။

• လူနာက ၂၄ နာရီကျော်ကြာတဲ့အထိ ဆက်တိုက်အန်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

• အသက် ၆ လအောက် ကလေးငယ်တွေအနေနဲ့ အချိန် ၆ နာရီထက်ပိုပြီး အန်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အထူးသဖြင့် အန်တာနဲ့အတူ ဝမ်းလျှောတာ၊ ဖျားတာ၊ သွေးထွက်တာနဲ့ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

ဒီလက္ခဏာတွေက ရက်အနည်းငယ်အတွင်း သက်သာသွားပေမယ့် အဆက်မပြတ် အန်နေတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top