Healthy Life Ad
Health Tips

၀မ်းဗိုက်အဆီ လျော့ကျစေမည့် နည်း ၁၀

ဗိုက်မှာ အဆီပိုတွေများပြီး ဗိုက်ပူတဲ့အခါ အမျိုးသမီးတွေသာမက အမျိုးသားတွေအနေနဲ့လည်း အဝတ်အစား ဝတ်ဆင်တဲ့အခါ စမတ်မကျတော့ပါဘူး။ ဒါ့အပြင် ဗိုက်ပူတာက ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် ဗိုက်ပူတဲ့ပြဿနာ လျော့ကျစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) သကြားလျှော့စားပါ။

(၂) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုစားပါ။

(၃) အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ် (ဥပမာ- ဆန်ဖြူ၊ ပေါင်မုန့်ဖြူ)တို့ကို မစားပါနဲ့။

(၄) တစ်နေ့ ရေ ၂-၃ လီတာခန့် သောက်ပါ။ ဘီယာနဲ့ အယ်လ်ကိုဟောပါတဲ့ တခြားအရည်တွေကို တတ်နိုင်သမျှရှောင်ပါ။

(၅) စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။ ဒါမှ ခန္ဓာကိုယ်ကနေ စိတ်ဖိစီးမှုတိုးစေတဲ့ ကော်တီစောဟော်မုန်းထွက်နှုန်း လျော့ကျမှာ ဖြစ်ပါတယ်။

(၆) အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို များများစားပါ။

(၇) အဆီနည်းပရိုတင်းကို စားပါ။

(၈) ခန္ဓာကိုယ်ကို လှုပ်ရှားမှုများများ ပြုလုပ်ပေးပါ။ အမြဲမတ်မတ်နေပါ။

(၉) ကြက်သီးနွေးရေထဲ သံပရိုသီးစိတ် ထည့်သောက်ပါ။

(၁၀) သင့်ခန္ဓာကိုယ်ကို ချစ်မြတ်နိုးပြီး ကိုယ်လိုချင်တဲ့ အနေအထားရရှိအောင် ကြိုးစားပါ။

Most Popular

Healthy Life Ad
To Top