Healthy Life Ad
Health Tips

နားကိုက်ရင် (Earache)

———၊ ဒေါက်တာတင့်ဆွေ ၊———

မိန်းကလေး၊ အသက် ၂၉ အရွယ်၊ နားယားလို့ နားကြပ်(နားကလော်)မိပါတယ်။ ဂွမ်းတံ၊ ကြက်တောင်မွှေး စသည်တို့ကို သုံးမိပါတယ်။ အဲဒါပြီးတော့ နားထဲမှာ နေရခက်နေပါတယ်။ နှစ်ရက်မြောက်နေ့မှာ နည်းနည်းကိုက်လာသလိုဖြစ်လို့ Kemose, Alexin ဆိုတဲ (အရောင်ကျဆေးနှင့် အကိုက်အခဲပျောက်ဆေးဟု ဆိုကြသောဆေးများ) ဆေးများကို မိမိသဘောနှင့်မိမိ သောက်ပါတယ်။ အဲလိုနဲ့ မသက်သာခဲ့ပါဘူး။

နားကိုက်တာဟာ ကလေး-လူကြီး အဖြစ်များတယ်။ ကိုက်တယ်-နာတယ်ဆိုတာ Inflammation (အင်ဖလမေးရှင်း) ခေါ်တဲ့ ရောင်ရမ်းဖြစ်စဉ် ရှိလာလို့ပါ။ နားဆိုတော့ External auditory canal နားအပြင်ဆုံးပြွန်၊ Tympanic membrane နားစည်နဲ့ Middle ear နားအလယ်ပိုင်းတွေမှာ ဖြစ်တယ်။ Tympanic membrane (Eardrum) နားစည်ရောင်တာကို Myringitis လို့ ဆေးစာနဲ့ခေါ်တယ်။

• Otitis externa နားအပြင်ဆုံးမှာ နာတာကို ခေါ်တယ်။ အရေပြားရောင်သလို သဘောပါဘဲ။ ရေကူးသူတွေမှာ ဖြစ်တတ်လို့ Swimmer’s ear လို့ ခေါ်သေးတယ်။

• Middle ear နားအလယ်ပိုင်းနဲ့ Eardrum နားစည်ရောင်တာကို Otitis media ခေါ်တယ်။

• Otitis externa အပြင်ပိုင်းရောင်တာက Trapped moisture ရေချိုးရင်း၊ ရေကူးရင်း ရေငွေ့ပိတ်မိနေတာနဲ့ Minor injury နဖာကလော်လိုကနေ သာမန်ကာရှန်ကာ ခိုက်မိရာကနေ ဖြစ်တာများတယ်။ တဆင့်တက်ပြီး ဗက်တီးရီးယား(Bacteria)တွေ ပေါက်ပွားလာနိုင်တယ်။ Fungus မှို(ဖန်းဂတ်စ်)ကနေဖြစ်တာ ရှားတယ်။

• Otitis media နားအလယ်ပိုင်း ရောင်တာကတော့ Virus ဗိုင်းရပ်စ် Bacteria ဗက်တီးရီးယားတွေကနေ ဖြစ်စေတယ်။ အအေးမိတာ၊ အသက်ရှူလမ်းအထက်ပိုင်း ရောင်တာတွေကနေ ဆက်ဖြစ်တတ်တယ်။ ဖြစ်ရင် အထဲမှာရှိနေတဲ့ Eustachian tube နားအတွင်းပြွန်ပိတ်ပြီး နားအလယ်ပိုင်းကနေ ပုံမှန်အရည်စီးသွားတာကို ပိတ်ပင်လိမ့်မယ်။ Allergies (အလာဂျီ)၊ မီးခိုး-ဆေးလိပ်ခိုးငွေ့၊ ကလေးကို ပက်လက်ထားပြီး နို့ဗူးတိုက်တာ၊ နားရောင်တာ ဖြစ်လေ့ရှိတဲ့ မိသားစုဆိုတာလည်း တွေ့တတ်တယ်။

• Myringitis နားစည်ရောင်တာက(အင်ဖက်ရှင်)ဝင်တာနဲ့ ထိခိုက်မိတာတွေကနေ ဖြစ်တယ်။ ဖြစ်လာရင် နာမယ်၊ ရောင်မယ်၊ နီနေမယ်။

“ရေချိုး-ရေကူးပြီးရင် နားကို ဂရုတစိုက် ခြောက်သွေ့ပေးပါ။ ရေကူးရင် နားထဲ Earplugs နဲ့ ပိတ်တားပါ။ နားဖာချေးရှင်းတာကို တွေ့ရာပစ္စည်း မသုံးပါနဲ့။ Hair drier ဆံပင်ခြောက်ကိရိယာကို အနိမ့်ဆုံးမှာ ထားသုံးပါ။ နားနေရာနဲ့ ၁ ပေအကွာမှာ ထားပါ။”

၁။ Otitis externa နားအပြင်ရောင်ခြင်း

Earache နာတာ-ကိုက်တာက တဖြေးဖြေးဆိုးလာမယ်။ Pain နာတာထက် Itch ကိုက်တယ်ဆိုတာကို ပိုပြောလိမ့်မယ်။ Ear helix နားရွက်ကိုကိုင်ဆွဲရင် ပိုသိသာတယ်။

Hearing loss နားကောင်းကောင်း မကြားရဘူး။

Ringing or buzzing sounds in the ear နားထဲမှာ ဆူညံသံတွေ ကြားနေရမယ်။

Blocked or full sensation in the ear နားပိတ်နေတယ်ဆိုတာကို ခံစားပြီး သိနေတယ်။

Swelling of the ear နားကလဲ ရောင်နေမယ်။

Thick drainage from the ear canal and helix နားထဲကနေ ခပ်ပြစ်ပြစ်အရည်တွေ ဆင်းမယ်။

၂။ Otitis Media နားအလယ်ပိုင်းရောင်ခြင်း

Pain in the ear နာတာကို အဓိကပြောမယ်။

Hearing loss နားကောင်းကောင်း မကြားရဘူး။

Ringing or buzzing sounds in the ear နားထဲမှာ ဆူညံသံတွေ ကြားနေရမယ်။

Full or plugged sensation in the ear နားပြည့်-ပိတ်နေတာကို ခံစားပြီး သိနေတယ်။

Fever ကိုယ်ပူ (ဖျား) နိုင်တယ်။

Eardrum ruptures နားစည်ပေါက်သွားရင် အထဲက Infected fluid မန်းရည်လိုဟာတွေ ထွက်ကျလာမယ်။

Vomiting အန်တာ၊ Diarrhea ဝမ်းပျက်တာ၊ Irritability အနေရအထိုင်ရခက်တာ၊ Poor feeding ကလေးဆိုရင် အစားပျက်မယ်။ Poor sleeping အအိပ်ပျက်မယ်။

Pain control နာတာသက်သာဆေး၊ Good hydration ရေမနည်းအောင် သောက်ပေးတာနဲ့ Humidity ရေငွေ့ဓာတ် ကောင်းစေတာတွေကနေ သူ့ဘာသာ သက်သာသွားနိုင်တယ်။

Otoscope နားကြည့်ကရိယာနဲ့ကြည့်ရင် Ear canal နားအပြင်ပြွန်ဟာ Swollen and inflamed ရောင်-ဖောင်းနေတာကို မြင်ရမယ်။ Thick drainage ခပ်ပြစ်ပြစ် အရည်ထွက်နေတာလဲ ရှိနိုင်တယ်။

၃။ Bullous Myringitis နားစည်ရောင်ခြင်း

Pain in the ear နားနာ-ကိုက်မယ်။ အတော်နာတယ်။ ပေါက်ထွက်သွားရင် နာတာလျော့မယ်။

Fever ကိုယ်ပူ(ဖျား)နိုင်တယ်။

Hearing loss နားကောင်းကောင်း မကြားရဘူး။

Bloody drainage from the ear canal နားထဲကနေ သွေးယိုထွက်နိုင်တယ်။

Bullous myringitis နားစည်ရောင်နေတာကို Otoscope နဲ့ကြည့်ရင် Eardrum ရောင်နေတာ၊ Fluid blisters အရည်နဲ့ အပူဖူးလိုဟာတွေ မြင်ရမယ်။

Otitis media နားအလယ်ပိုင်းရောင်တာကို Otoscope ကိရိယာနဲ့ ကြည့်ပေမယ့် မမြင်နိုင်ဘူး။ Eardrum အခြေအနေကိုတော့ မြင်နိုင်တယ်။ ရောဂါအစပိုင်းမှာ Serous otitis media အရည်ကြည့်တွေ စုအောင်းနေမယ်။ နားစည်နောက်မှာ Air and fluid bubbles လေပူဖောင်းလေးတွေကိုပါ မြင်နိုင်တယ်။ အတွင်းဖိအားများလာရင် ကိရိယာကနေ လေနဲ့ ကစားကြည့်တဲ့အခါ Eardrum မရွေ့နိုင်တာ သိရမယ်။ Eardrum က နီရဲ-ရောင်နေရင် Acute otitis media ချက်ချင်းဖြစ်လာတဲ့ နားအလယ်ပိုင်းရောင်ခြင်းလို့ ရောဂါနာမည်တပ်မယ်။

Earache Treatment ဘယ်လိုကုသမလဲ

နားကိုက်ရင် Self-Care at Home အိမ်မှာတင် လုပ်လို့ရတာလဲ ရှိတယ်။ (အသည်းမကောင်းသူကလွဲရင်) Acetaminophen (ပါရာစီတမော)နဲ့ (ကျောက်ကပ်မကောင်းသူတွေနဲ့ သွေးကျဲဆေး သောက်နေသူတွေကလွဲရင်) Ibuprofen အနာ-အကိုက်သက်သာဆေး တခုခုသုံးပါ။ နာတာသက်သာအောင် Warm compress နားကို အပူကပ်ပေးနိုင်တယ်။

Otitis externa နားအပြင်ရောင်ခြင်းအတွက် Eardrops နားထည့်ဆေးကို ၇-၁၀ ရက်ထည့်ပါ။ နားထည့်ဆေးထဲမှာ Antibiotic ပါတာက ပိုးကိုသေစေမယ်။ Steroid (စတီးရွိုက်) ပါတာက အရောင်ကျစေမယ်။

တခါတလေ Oral antibiotic ပဋိဇီဝဆေး ပါးစပ်ကသောက်ဖို့ လိုနိုင်တယ်။ ဒီအဆင့်မှာ မသက်သာသေးရင် Otolaryngologist အထူးကုဆရာဝန်ဆီ သွားပါ။

Otitis Media နားအတွင်းရောင်ခြင်းအတွက် တချို ့က ၂-၃ ရက်အတွင်း သက်သာမယ်။ လိုမယ်ထင်ရင် Antibiotics ပဋိဇီဝဆေး ချက်ချင်းပေးမယ်။Bullous Myringitis နားစည်ရောင်ခြင်းအတွက် Oral antibiotics ပိုးသေစားဆေး၊ Antibiotic ear drops ပဋိဇီဝနားထည့်ဆေးနဲ့ Pain medications အနာသက်သာဆေးတွေကိုဘဲ ပေးရမယ်။

သတိထားစရာတွေ –

ရေချိုး-ရေကူးပြီးရင် နားကို ဂရုတစိုက် ခြောက်သွေ့ပေးပါ။ ရေကူးရင် နားထဲ Earplugs နဲ့ ပိတ်တားပါ။

နားဖာချေးရှင်းတာကို တွေ့ရာပစ္စည်း မသုံးပါနဲ့။

Hair drier ဆံပင်ခြောက်ကိရိယာကို အနိမ့်ဆုံးမှာ ထားသုံးပါ။ နားနေရာနဲ့ ၁ ပေအကွာမှာ ထားပါ။

Most Popular

Healthy Life Ad
To Top