Healthy Life Ad
News

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို ့နယ်ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများ ထားဖို့စီစဉ်နေ

———၊ ဟန်တိုးစံ ၊———

ရောဂါလက္ခဏာ မပြင်းထန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ဆေးရုံတွေမှာ ထားရှိသွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ် ကုသပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့က မြန်မာ့ရုပ်မြင်သံကြား (MRTV) က ထုတ်လွှင့်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားချက် အစီအစဉ်မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အရင်က မြို ့နယ်ဆေးရုံတွေကို မသုံးခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်ကစပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို ့နယ်ဆေးရုံတွေမှာ အခုချိန်ကစပြီး ပြင်ဆင်နေပါတယ်။ အဲ့ဒီဆေးရုံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မွမ်းမံသင်တန်းတွေ ပေးပြီးတော့ ရောဂါလက္ခဏာ မပြင်းထန်တဲ့သူတွေကို အဲ့ဒီမှာမှာထားဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ရောဂါလက္ခဏာ မပြင်းထန်တဲ့သူတွေကတော့ သာမန်အားဖြင့် အနံ့မရတဲ့သူတွေနဲ့ မိမိဘာသာ သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်တဲ့သူတွေကို ဆိုလိုတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တိုးလာတာနဲ့အမျှ ရောဂါပြင်းထန်သူတွေလည်း များလာတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ ရောဂါပြင်းထန်သူတွေကို ကုသမှုအပြည့်အဝ ပေးနိုင်ဖို့အတွက် ပုံမှန်ထက်ပိုပြီး ဂရုစိုက်စောင့်ကြည့်ရမယ့် ယူနစ် (HDU ) နဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင် ၁၀ဝ ဆံ့တဲ့ အဆောက်အဦကို စက်တင်ဘာလ ၂၀ ရက်နေ့ကစပြီး သုဝဏ္ဏအားကစားကွင်းထဲမှာ ဆက်လက်ဆောက်လုပ်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ် ကုသပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ တစ်ပတ်ကနေ ၁၀ ရက်အတွင်း အပြီးဆောက်လုပ်မယ်လို့လည်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top