Healthy Life Ad
News

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုပါရဂူ ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်အေးမြင့်ဦး (ငြိမ်း) Covid-19 ရောဂါဖြင့် ကွယ်လွန်

———၊ ဟန်တိုးစံ ၊———

နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုပါရဂူ ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်အေးမြင့်ဦး(ငြိမ်း) ကိုရိုနာဗိုင်းရပ်စ် (Covid-19 ရောဂါ)နဲ့ ကွယ်လွန်ခဲ့ကြောင်း စက်တင်ဘာလ ၁၈ရက်နေ့က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုပါရဂူ ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်အေးမြင့်ဦး (ငြိမ်း)သည် စက်တင်ဘာလ ၃ ရက်တွင် အမှတ် (၇၀)၊ မြေနီကုန်းဈေးလမ်း၊ စမ်းချောင်းမြို ့နေအိမ်၌ နေမကောင်းဖြစ်ရာမှ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀ဝ၀)သို့ တက်ရောက်စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရသဖြင့် တပ်မတော်အသည်းရောဂါကု ဆေးရုံကြီး(မင်္ဂလာဒုံ)သို့ လွှဲပြောင်းကုသခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပါရဂူကြီးမှာ ဆီးချိုရောဂါအခံရှိပြီး စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းရောဂါ၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတွေနဲ့ ဆေးရုံမှာပင် ကွယ်လွန်ခဲ့ပြီး ဆေးရုံအတူတူ တက်ရောက်နေတဲ့ သမီးဖြစ်သူမှာ ကျန်းမာရေးကောင်းမွန်လျက် ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါရဂူကြီး ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်အေးမြင့်ဦး(ငြိမ်း)သည် အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ကုတင်-၁၀ဝ၀)တွင် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀ဝ၇ ခုနှစ်၌ ကျန်းမာရေးဝန်ကြီးဌာနကို ပြောင်းရွှေ ့တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခု အသက် ၆၅ နှစ်၊ အစိုးရဝန်ထမ်း အငြိမ်းစားဘဝဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

Most Popular

Healthy Life Ad
To Top