Healthy Life Ad
News

Covid – 19 positive လူနာနှစ်ဦးနှင့် ထိတွေ့ခဲ့သော ပရဟိတအဖွဲ့တစ်ခု ယာယီရပ်နားရ

———၊ ဟန်တိုးစံ ၊———

ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦးနဲ့ ထိတွေ့ခဲတဲ့ ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ကို စက်တင်ဘာလ ၁၉ ရက်နေ့ကစတင်ပြီး Home Quarantine ဝင်မယ်လို့ ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ဥက္ကဌ ကိုကြီးမြင့်ဇော်က ပြောပါတယ်။

သံသယလူနာက ခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ ထိတွေ့မှုမရှိဘူးလို့ ဖြေခဲ့တာကြောင့် သာမန်ကာကွယ်မှုတွေနဲ့သာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး အဆိုပါ ၂ ဦးနှစ်ဦးမှာ Covid-19 Positive ဖြစ်တာကြောင့် ပရဟိတအဖွဲ့ကို ယာယီရပ်နားခဲ့ရတာ ဖြစ်တယ်လို့လည်း ကိုကြီးကပြောပါတယ်။

“သူတို့အမှားလည်းမဟုတ်ပါဘူး။ သူတို့မှာရှိမယ်မှန်းလည်း ဘယ်သိမလဲ။ သူတို့က ခရီးသွားရာဇဝင်မရှိဘူး၊ အတည်ပြုလူနာနဲ့လည်း မထိတွေ့ဘူးဆိုတော့ ပုံမှန်လက်အိပ်တို့ နှာခေါင်းစည်းတို့လောက်တပ်ပြီး သွားခေါ်လိုက်တာ။ တစ်နေ့တစ်နေ့ လူတွေက မနည်းဘူးလေ ခေါ်ရတာ။ လှူတာကလည်း သိပ်မရှိတော့ PPE ကို အမြဲတမ်း ဝတ်မသွားနိုင်ဘူး။ ခရီးသွာယရာဇဝင်ရှိသူတို့၊ အတည်ပြုလူနာနဲ့ ထိတွေ့တဲ့သူတွေကို သွားခေါ်မှပဲ PPE ကဝတ်သွားတာ” လို့ ကိုကြီးကပြောပါတယ်။

ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့မှာ ကျောက်ကပ်ဆေးသူ ၅ ဦးကို အမြဲလိုက်ပို့နေရတာ ဖြစ်တဲ့အတွက် ၎င်းတို့အဖွဲ့ ယာယီရပ်နားခဲ့ရတာကြောင့် အဆိုပါ ကျောက်ကပ်ဆေးနေရသူတွေအတွက် စိတ်မကောင်းဖြစ်ကြောင်းလည်း ကိုကြီးကပြောပါတယ်။

“Home Quaratineကတော့ စနေပြီပေါ့ဗျာ။ စိတ်မကောင်းတာတစ်ခုက ကျွန်တော်တို့ဆီကနေ အမြဲလိုက်ပို့ပေးနေရတဲ့ ကျောက်ကပ်ဆေးတဲ့လူ ၅ ယောက်ရှိတယ်။ ကျွန်တော်တို့နားလိုက်ရတော့ သူတိူ့အခက်အခဲဖြစ်မှာဗျ ” လို့ ၎င်းင်ကပြောပါတယ်။

ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ဝင်တွေကို ဓာတ်ခွဲနမူနာယူပြီး၊ Home Quaratine ၁၄ ရက်ပြီးတဲ့အခါ ပရဟိတလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top