Healthy Life Ad
News

အသက် (၂၃)နှစ်အရွယ် သူနာပြုအကူတစ်ဦး ကိုဗစ်-၁၉ရောဂါဖြင့် ကွယ်လွန်

———၊ ဟန်တိုးစံ ၊———

အသက် (၂၃)နှစ်အရွယ် သူနာပြုအကူတစ်ဦး စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တယ်လို့ လမ်းမတော်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (၂) ဦးကျော်ထွန်းက ပြောပါတယ်။

ကိုဗစ်-၁၉ရောဂါနဲ့ သေဆုံးသူ အသက် (၂၃) နှစ်အရွယ် သူနာပြုအကူအမျိုးသမီးမှာ ဆီးချိုရောဂါ အခံရှိပြီး စက်တင်ဘာလ ၁၈ ရက်နေ့က သေဆုံးသွားတာဖြစ်တယ်လို့ ဦးကျော်ထွန်းက ပြောပါတယ်။ လူမှုကွန်ရက်မှာ ရေးနေကြသလို ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို ့နယ်မှာရှိတဲ့ ဗဟိုစည်ဆေးရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေသူမဟုတ်ဘဲ ယခင်က တာဝန်ထမ်းဆောင်ဖူးတဲ့ သူနာပြုအကူတစ်ယောက် ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က ဗဟိုစည်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာ (၃) ဦးစတင်တွေ့ရှိစဉ်ကတည်းက ဆေးရုံအတွင်းရှိ လူနာတွေ၊ လူနာစောင့်တွေနဲ့ ဆေးခန်းရှိဝန်ထမ်းတွေ အကုန်လုံးကို အပြင်ပေးမထွက်တော့ဘဲ lock dock down ချခဲ့တာဖြစ်ပြီး lock down ချထားသူ ၄၇ ဦးထဲမှ ၃၂ ဦးက ဓာတ်ခွဲအတည်ပြုလူနာတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုသေဆုံးသူ သူနာပြုအကူက ဆေးရုံ lock down မဖြစ်ခင်ကတည်းက ဆေးရုံမှာမရှိတော့ကြောင်း ဦးကျော်ထွန်းက ပြောပါတယ်။ “သူနာပြုအကူပါ။ ဗဟိုစည်ဆေးရုံ lock down ချထားတဲ့အထဲက မဟုတ်ပါဘူး။ Lock down မချခင်ထဲက သူကမရှိတော့ဘူးလို့ ကျွန်တော်လည်းသိရတယ်။ ဆုံးတာကတော့ ရန်ကုန်ဆေးရုံကြီးမှာပါ”လို့ ဦးကျော်ထွန်းက ပြောပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ ညနေ ၄ နာရီ နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၄၂၉၉ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၉၄၄ ဦးနဲ့ သေဆုံးသူ ၆၈ ဦးရှိကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် သူနာပြုအကူ အမျိုးသမီးက ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့တဲ့ ဒုတိယမြောက် ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး ထုတ်ပြန်ချက်မှာ မပါသေးသူဖြစ်ကြောင်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top